အကြမ်းဖက်စစ်တပ်အနေနဲ့ ရခိုင်ဒေသ တစ်ခုလုံးကို လက်လွှတ်ဆုံးရှုံးရဖို့ လက်တစ်ကမ်းအလို ရောက်ရှိနေပြီဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက စစ်ကော်မရှင်တပ်နဲ့ အပစ်အခတ် မရပ်စဲဘဲ ကျန်နေခဲ့တဲ့ တစ်ဖွဲ့တည်းသော အာရက္ခတပ်တော် (AA) ဟာ မျှော်မှန်းထားတဲ့ စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ဖို့အတွက် ရခိုင်လူထုနဲ့ လက်တွဲပြီး အစွမ်းကုန် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ရခိုင်ဒေသအပြင် ရခိုင်ရိုးမနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ AA စစ်ရေးလှုပ်ရှားတဲ့ နေရာတချို့မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတယ်လို့ ဆိုထားပါတယ်။

စစ်ရေးနိုင်ငံရေး အဘက်ဘက်က ရှုံးနိမ့်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်း ညီနောင်မဟာမိတ် ၃ဖွဲ့ထဲက ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA တို့နဲ့ ရှမ်းမြောက်ဒေသ အပစ်အခတ်ရပ်စဲရေးကို မရှေးမနှောင်း ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ဆင်ရေးနယ်မြေ ကျုံ့သွားတဲ့ စစ်တပ်က နိုင်ငံအနှံ့ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေ ဆက်တိုက် ကျူးလွန်နေသလို မနေ့ကစပြီး AA တပ်ဖွဲ့ဝင်တွေရှိရာနဲ့ ရခိုင်ပြည်သူတွေရှိရာကို လေကြောင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မနေ့က အောက်တိုဘာ ၃၀ ရက်နေ့ တစ်ရက်တည်းမှာပဲ စစ်တွေမြို့၊ ရသေ့တောင်မြို့၊ ပုဏ္ဏားကျွန်းမြို့၊ ပေါက်တောမြို့နဲ့ ကျောက်ဖြူမြို့၊ ဇင်ချောင်းတိုက်နယ်ရှိ ကုန်ဘွေကျေးရွာက အရပ်သားပြည်သူ နေထိုင်ရာ နေရာတွေကို လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးနဲ့ ဒရုန်းတိုက်ခိုက်မှုတွေ သူရဲဘောကြောင်စွာ လုပ်ဆောင်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၈ ယောက် သေကာ ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကော်မရှင်တပ်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပန်းနီလာရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၄ ယောက် သေဆုံးပြီး ၁၀ ယောက် ပြင်းထန်ဒဏ်ရာရကာ စိုးရိမ်ရတဲ့အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ရှုံး စစ်ကော်မရှင်တပ်အနေနဲ့ နိုင်ငံအနှံ့မှာ စစ်ရေးနဲ့မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေအပေါ် လေကြောင်းနဲ့ လက်နက်အားကိုးကာ သူရဲဘောကြောင်စွာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေသလို ရခိုင်ဒေသက ပြည်သူတွေအပေါ်မှာလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တာကြောင့် အရင်ရက်တွေထက် ပိုမိုသတိထားကြဖို့၊ စစ်ရေးသတိ နေ့ညမ‌ရွေး အပြည့်အဝ ရှိနေပေးဖို့ ရခိုင်ပြည်သူတွေကို AA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

အင်းတော်မြို့နယ်ထဲ တစ်လအတွင်း လေကြောင်း ၃ ကြိမ် တိုက်ခိုက်ခံရပြီး ၁၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးဒေသတစ်ဒေသကို အခုတစ်လအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ၃ ကြိမ်တိုက်ခိုက်ခဲ့လို့ ဒေသခံပြည်သူ ၁၄ ဦး သေဆုံးရတယ်လို့ Indaw Revolution က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့ အနောက်ဘက်ကျေးရွာကို စစ်တပ် လေကြောင်းတိုက်ခိုက်လို့ မိသားစုဝင် ၂ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့အနောက်ဘက် ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ၂ ယောက် သေဆုံးပြီး ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်မှာရှိတဲ့ ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်ကြီးမှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရ၊ နေအိမ် ၅ လုံး ထိခိုက်ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၄ ယောက် ဒဏ်ရာရပြီး နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

NUG ဝန်ကြီးချုပ်နဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက PDF သင်တန်းသူ၊ သင်တန်းသားတွေကို သွားရောက်တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းတွေဆီ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Read More

ပအိုဝ်းသံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က စစ်ကြောင်းထိုးလာတာကြောင့် မောက်မယ်မှာ တိုက်ပွဲပြင်းထန်နေ…

အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ရဟန်းသံဃာတော် ဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ကျူးကျော်စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် မောက်မယ်မြို့နယ်၊ ဟိုနမ့်ဒေသမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။