တော်လှန်စစ် ဆင်နွှဲချင်တဲ့ မိတ်ဆွေရဲဘော်တွေကို တစ်ဦးတစ်ယောက်ချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေမှာ တော်လှန်ရေးအတွက် အထူးအရေးပါတဲ့ မဟာဗျူဟာမြောက် နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့ အရေးကြီးနေပြီး မြန်မာပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာရှိတဲ့ စစ်အုပ်စုရဲ့ အသည်းနှလုံး အချက်အချာကျတဲ့ နေရာတွေကို ဆက်လက်ခြိမ်းခြောက်ဖို့ လုပ်စရာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။

ဒီအတွက် MDY PDF အနေနဲ့ အခုထက် သာလွန်တဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ အင်အားသစ် ရဲဘော်သစ်တွေ အများကြီး လိုအပ်နေတာကြောင့် တပ်ဖွဲ့ဝင်အသစ်တွေအနေနဲ့ လာရောက်ပူးပေါင်းဖို့သာ လိုအပ်ပြီး အမှန်တကယ် တိုက်ခိုက်နိုင်ဖို့နဲ့ လိုအပ်တာတွေ တပ်ဆင်ပံ့ပိုးနိုင်ဖို့ အပြည့်အဝ တာဝန်ယူတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ စစ်ရေးအရ PDF တွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို အကြမ်းဖက်စစ်အုပ်စုက မြေပြင်ဝေဟင် သာလွန်အင်အား များစွာနဲ့ ထိုးစစ်ဆင်နေပြီး ဒါတွေကို အကောင်းဆုံး အနေအထားနဲ့ အတတ်နိုင်ဆုံး ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်လို့ ဆိုပါတယ်။

အခုချိန်ဟာ နွေဦးတော်လှန်ရေးရဲ့ အခက်ခဲဆုံးသော အခိုက်အတန့် ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ စည်းလုံးညီညွတ်မှု၊ သန်မာကြံ့ခိုင်မှု၊ ဇွဲနဘဲကြီးမားမှုတွေနဲ့အတူ ရင်ဆိုင်ကျော်လွှားနိုင်မယ်ဆိုတာ အပြည့်အဝ ယုံကြည်ထားတယ်လို့ MDY PDF က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကနီမှာ လူထုတွေ့ဆုံပွဲနှင့် လေကြောင်းအန္တရာယ် အသိပညာပေးပွဲများ ပြုလုပ် (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း တစ်နေရာမှာ ကနီမြို့နယ် ပြည်သူ့အခြေပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကနေဒီတောင်ကို ချင်းညီနောင်တပ်များ ပြန်လည်ထိန်းချုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်က ကနေဒီတောင်ကို ချင်းညီနောင် (CB) က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ ချင်းညီနောင်အဖွဲ့ဝင် PDF Zoland က သတင်းထုတ်ပြန်လာပါတယ်။ စစ်ကောင်မရှင်တပ်တွေဟာ ချင်းပြည်နယ်အတွင်းကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာတွေကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ ကနေဒီတောင်ကနေ CB တပ်ဖွဲ့တွေက ဆုတ်ခွာပေးခဲ့ရတာဖြစ်ပါတယ်။ အဲဒီနောက် CB ဘက်က စစ်ကော်မရှင်တပ်တွေကို ပြန်လည် စစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းကို PDF Zoland ကနေ လူမှုကွန်ရက်ကတဆင့် အသိပေးလာတာ ဖြစ်ပါတယ်။
Read More

ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ရင် တိုင်ကြားနိုင်တယ်လို့ အမှတ် (၁၂၂၂) တပ်ရင်း ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၂၂၂) တပ်ရင်းက ရဲဘော်တွေ ပြည်သူထုအပေါ် ကျင့်ဝတ်ဖောက်ဖျက်ရင် လာရောက်တိုင်ကြားနိုင်ကြောင်းကို ထုတ်ပြန်ကြေညာပါတယ်။
Read More

မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားကို မတ်လ ၂၈ ရက် မနေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်မှာ စစ်မှုထမ်းသင်တန်းဆင်းထားသည့် တပ်ကြပ်ကြီးစာရေး (အကူ) (၁) ဦးနှင့် ဒု-တပ်ကြပ် (၁) ဦး လက်နက်များနှင့် အလင်းဝင်လာ…

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ဘုတ်ခြံအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်က အတင်းအဓမ္မစစ်သား စုဆောင်းခံထားရတဲ့ စစ်သား (၂) ယောက် လက်နက်တွေနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေ ၄ သန်းကျော်အထိ ရှိလာပြီး အရေအတွက်က နေ့စဉ်မြင့်တက်နေ

စစ်အာဏာသိမ်းထားတဲ့  ၄နှစ်တာ နီးပါးကာလအတွင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးရှောင် လူဦးရေက  ၄သန်းကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်ပြည်သူ အရေအတွက်က နေ့စဉ်မြင့်တက်လျက်ရှိတယ်လို့ Blood Money က ထုတ်ပြန်ပါတယ်။