စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမှု ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးသွားတဲ့အဖွဲ့က သိန်းတစ်သောင်းနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၃၀ ရက် ညနေ ၄ နာရီလောက်က မုံရွာမြို့ ကန်သာယာအနီး ကားပေါ်မှာထိုင်နေတဲ့ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ယောက်ကို အမျိုးသား ၄ ယောက်ပါတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခု လာရောက်ဖမ်းခေါ်သွားတယ်လို့ ဆိုပါတယ်။

“ကားရော၊ လူရော ပြန်ပေးဆွဲသွားပါတယ်။ အတူပါသွားတဲ့ကောင်လေးကို မှောက်ခိုင်းထားပြီး ထားခဲ့တယ်။ ပြန်ပေးဆွဲသွားတဲ့သူတွေက အရပ်ဝတ်နဲ့ mask တွေ တပ်ထားတယ်။ ဖမ်းသွားတဲ့အဖွဲ့က အကြောင်းပြန်လာတယ်။ သိန်းတစ်သောင်းတဲ့.. ဒီနေ့ နောက်ဆုံးတဲ့” လို့ ဖြစ်စဥ်ကို သိရှိတဲ့ မုံရွာဒေသခံတစ်ယောက်က မောင်းကို ပြောပါတယ်။

ပြန်ပေးဆွဲတဲ့လူတွေက အမျိုးသားတွေဆိုတာသာ သိရပြီး ဘယ်အဖွဲ့အစည်းလဲဆိုတာ မသိရသေးသလို ပြန်ပေးဆွဲတဲ့နေ့က ကန်သာယာနားကို ကားအဖြူနဲ့ ရောက်လာပြီး သေနတ်အတို ၂ လက်နဲ့ သေနတ်အရှည် ၁ လက် ကိုင်ဆောင်ထားတယ်လို့ သိရပါတယ်။

“ကန်သာယာမှာက လူပြတ်တဲ့အချိန်တွေရှိတယ်။ လုပ်သွားတဲ့လူတွေက အဖွဲ့အစည်းတစ်ခုခုကလို့ ခန့်မှန်းရတယ်။ စကစဆို ကောင်လေးပါ ခေါ်မှာလေ၊ ကောင်မလေးက ပိုက်ဆံရှိတယ်။ ကောင်မလေးက မလိုက်ရဲဘူးပြောလို့ ပါးတွေ နားတွေ ရိုက်ပြီး ခေါ်သွားတာ” လို့ အထက်ပါ နယ်ခံက ဆက်ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့နဲ့ အနီးနားကျေးရွာတွေဘက်မှာ အခုလို ပြန်ပေးဆွဲမှု၊ ဓားပြမှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး အောက်တိုဘာ ၂၇ ရက်နေ့တုန်းကလည်း မုံရွာမြို့ ဘုန်းစိုးရပ်ကွက်က အမျိုးသားတစ်ယောက် ပြန်ပေးဆွဲခံခဲ့ရပါသေးတယ်။

0 Shares:
You May Also Like
Read More

နမ္မတူမြို့ထဲ စစ်တပ်ဗုံးကြဲ၊ ပြည်သူ ၃ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့ကို စစ်ကော်မရှင်တပ်က ပေါင် ၅၀၀ ဗုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၃ ယောက် သေဆုံးပြီး ၈ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

မူးမြို့နယ်မှာ စစ်ကြောင်းထိုးမယ့် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် (၁၃) နှစ်အရွယ်အပါ (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေအတွင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သား (၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

ထိုင်းမှာ အလုပ်လုပ်ရင်း ပြန်ပို့ခံရပြီး စစ်မှုထမ်းစုဆောင်းခံရသူ ၂ ယောက် လက်နက်ကိုယ်စီနဲ့ အလင်းဝင်၊ စစ်ကောင်စီတပ်ကို ပြန်တိုက်မယ် ဟု ဆို

ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ရင်း မြန်မာပြည်ကို ဖမ်းဆီးပြန်ပို့ခံရကာ စစ်မှုထမ်းဥပဒေနဲ့ စုဆောင်းခံခဲ့ရသူ ၂ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ဒေါနတပ်ရင်းထံ အလင်းဝင်ရောက်လာကြောင်း တပ်ရင်းမှူး ကိုရန်နိုင်က မောင်းကို ပြောပါတယ်။
Read More

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးကြောင့် တစ်နှစ်အတွင်း အရပ်သား ၆၉ ဦး သေဆုံး

အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှု တွေကြောင့်ဧရာဝတီတိုင်းထဲကမြို့နယ်သုံးခုမှာ ၂၀၂၅ ခုနှစ်အတွင်း အရပ်သား ၆၉ ယောက် သေဆုံးပြီး နေအိမ်ပေါင်း ၁၆၀ ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ကထုတ်ပြန်ပါတယ်။
Read More

ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံ စစ်ကော်မရှင်တပ်သားတစ်ဦး လက်နက်မဲ့ အလင်းဝင်လာ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအာင်းတပ်မတော် TNLA နဲ့အတူ တိုက်ပွဲဝင်နေတဲ့ ကျောက်မဲခရိုင် အထူးတိုက်ခိုက်ရေးအဖွဲ့ထံကို စစ်ကော်မရှင်တပ်သား ၁ ယောက် အလင်းဝင်လာတယ်လို့ အဆိုပါအဖွဲ့က အောက်တိုဘာလ ၂၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းပျူစောထီးကျေးရွာကိုု တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်၊ ပျူစောထီး ၁၈ ဦးအရှင်ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိ…

" ဖမ်းဆီးရမိတဲ့ ပျူစောထီးတွေကို ထိပ်တုံးခတ် ချုပ်နှောင် ထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်၊ သူတို့ကို ဥပဒေအရ ဆက်လက် အရေးယူသွားမှာပါ " လို့ ‌ရွှေဘိုခရိုင်အမှတ် (၁၈) တပ်ရင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ နေမျိုး(ပဲခူး)က မောင်းသတင်းဌာနကို ပြောပါတယ် ။