တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ ဗိုလ်ခရမ်းတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၂၈ ရက် နေ့လယ်ပိုင်းက တနင်္သာရီမြို့နယ် လေးမိုင်ရွာမှာ ခြေကုပ်ယူထားတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ဗိုလ်ခရင်းတပ်ဖွဲ့၊ မြိတ်ပကဖအဖွဲ့နှင့် တနင်္သာရီတပ်ပေါင်းစုတို့မှ ပူးပေါင်းလုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ဗိုလ်ခရင်းတပ်ဖွဲ့

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်မှာ တိုက်ခိုက်ခံရတဲ့ စစ်သားတွေ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတဲ့အတွက် ပြည်သူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သားတွေက အရပ်သား နေအိမ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အတွက် ပြည်သူ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Peacock Brother Urban Guerrilla အဖွဲ့ထံက သိရပါတယ်။
Read More

ဝက်လူးနယ်မြေရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ ထိုးစစ်ဆင်တိုက်ခိုက်မှု စစ်ကောင်စီတပ်သားအလောင်း ၁၀ လောင်းအထက်နှင့် လက်နက် ၁၈ လက် သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဝက်လူးနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုး စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်ကျော်သေပြီး လက်နက် ၁၈ လက်သိမ်း ဆည်းရရှိခဲ့တယ်လို့ နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချပြီး Missile အလုံး ၂၀ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ Robbinhood အဖွဲ့ မဟာမိတ်တပ်တွေဟာ အကြမ်းဖက်စစ်တပ်စခန်းကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံးကြဲချပြီး Missile အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ်အတွင်း ပျူစောထီး ၂ ယောက် ပြောက်ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရက်ကွက်အတွင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး”

”သင့်မဲဖြင့် တရားဝင် လူသတ်ခွင့် မပေးနဲ့”၊ ထွက်ပေါက်မဟုတ်ဘူးနော် ထောင်ချောက်ကြီး''
Read More

လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ‘ All Power to the People ‘ ဆိုတဲ့ စာတမ်းချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

စစ်အာဏာသိမ်းခြင်း ၄ နှစ်ပြည့်အနေနဲ့ လုံခြုံရေးတင်းကြပ်ထားတဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ ယနေ့ ဖေဖော်ဝါရီ ၁ ရက်က ' All Power to the People ' စာတမ်းဘန်နာချိတ်ဆွဲကို General Strike Committee ရဲဘော်တွေက ချိတ်ဆွဲပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။