တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်မှာ အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၆နာရီခွဲလောက်က ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာနဲ့ မူးဒူးရွာအကြား ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လမ်းမပေါ်မှာ စစ်ကော်မရှင်ရဲ့ ယန္တရားတွေနဲ့ လမ်းလုပ်ငန်းအတွက် ကာကင်းယူထားတဲ့ စစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်မှု ၁နာရီနီးပါး ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၀ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့သလို ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော် ၂ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ပွဲကို ရေဖြူမြို့နယ်အခြေစိုက် မဟာမိတ် ပူးပေါင်းတပ်နဲ့ ဗထူးအာမီတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့တုန်းကလည်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်သိန်းငှက် ရှေ့တန်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်းရင်း မြင့်မြတ်စွာ ကျဆုံးသွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ဖြူးမှာ ကင်းပုန်းဝပ်နေသည့် PDF များနှင့် အကြမ်းဖက်စစ်ကြောင်း ထိတွေ့တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်သား ၅ယောက် သေ

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက် သေဆုံးခဲ့ကြောင်း တောင်ငူခရိုင်၊တပ်ရင်းအမှတ် (၃၅၀၂) စစ်တောင်းစစ်ကြောင်း သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ရဲ့ ကပစ ၂၄ ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထားဝယ်မြို့အဝင် စစ်တပ်ဂိတ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၇ ယောက်ထက်မနည်း သေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်က အကြမ်းဖက်စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၇ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

၂၀၂၄ တစ်နှစ်တာအတွင်း ပြည်သူ ၅ ထောင်ကျော်နဲ့ ရဲဘော် ၂ ထောင်နီးပါးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း လောင်းလုံး PDF ထုတ်ပြန်

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အောင်ဇေယျစစ်ကြောင်းကနေ လာရောက်ပူးပေါင်းသည့် စစ်ကောင်စီတပ်သားများအတွက် ကြိုဆိုပွဲနှင့် ထောက်ပံ့ငွေပေးအပ်ပွဲ

အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်းကနေ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းလာတဲ့ စစ်သားတွေကို ကြိုဆိုထောက်ခံပွဲနဲ့ ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။