စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဆက်သွယ်ရေး ၆ တပ်ကနေ ရခိုင် စစ်မျက်နှာကို ပို့ဆောင်ခံရတဲ့ စစ်ကော်မရှင် တပ်ကြပ် ၁ ယောက် ထွက်ပြေးအလင်းဝင်ရောက်လာကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့က ထွက်ပြေးအလင်းဝင်ရောက်လာတဲ့ တပ်ကြပ်ဟာ ရခိုင်ပြည်နယ်ဘက် တာဝန်ကျဖို့ သွားရောက်ချိန် ကိုယ်လွတ်ရုန်း ထွက်ပြေးလာခဲ့တာဖြစ်ပြီး မုံရွာမြို့နယ်ပကဖ အမှတ် (၂) တိုက်နယ် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ -တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့ထံ ချိတ်ဆက်အလင်းဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူဟာ စစ်မှုထမ်း သက်တမ်း အနှစ် ၂၀ ကျော်ရှိ တပ်ကြပ် ၁ယောက်ဖြစ်တာကြောင့် စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့ခြင်းရှိမရှိအပေါ် စစ်ဆေးနေကြောင်းနဲ့ အပြစ်မရှိရင် ကာယကံရှင်ရဲ့ သဘောထားဆန္ဒအတိုင်း လုပ်ပေးသွားမှာဖြစ်ကြောင်း မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရခိုင်အစပ်ကနေ ထွက်ပြေးလာပြီး မုံရွာနယ်ထဲ အရောက်မှာ ကြားခံ‌မြေပြင်ချိတ်ဆက်ပေးမှုနဲ့ အလင်းဝင်လာတာပါ။ လက်ရှိအချိန်မှာတော့ အလင်းဝင်တာကို လက်ခံပေးပြီး စစ်ရာဇဝတ်မှု ကျူးလွန်မှုရှိမရှိ စစ်ဆေးနေပါတယ်။ တစုံတရာအပြစ်မရှိဘူးဆိုရင်တော့ လုံခြုံရေးဆိုင်ရာ အစီအမံတွေနဲ့ သူဖြစ်ချင်တဲ့အတိုင်း လုပ်ပေးသွားမှာပါ” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အလင်းဝင်ထွက်ပြေးလာသည့် စစ်ကော်မရှင် တပ်ကြပ်အား တွေ့ရစဥ်

၂၀၂၅ ခုနှစ်အတွင်း မုံရွာမြို့နယ်ပကဖထံ သန္ဓေတပ်သား၊ တပ်ကြပ်နဲ့ ပစအပါအဝင် စစ်ကော်မရှင်တပ်သား အယောက် ၂၀ ကျော် ထွက်ပြေးအလင်းဝင်ရောက်ခဲ့ရာမှာ တပ်ဖွဲ့အနေနဲ့ အလင်းဝင်လာသူတွေကို ရိုက်နှက်နှိပ်စက်တာ၊ အကြမ်းဖက်တာမျိုးတွေမရှိကြောင်း၊ အများစုဟာ အကြမ်းဖက်စစ်ကော်မရှင်ကို ပြန်ပြီးတိုက်ခိုက်နေကြောင်း သိရပါတယ်။

“သူပြောပုံအရဆို တပ်ထဲမှာ ပြေးတော့ ပြေးချင်နေကြတာဗျ။ ဒါပေမယ့် သန္ဓေတွေအနေနဲ့ကျ မိသားစုက အထဲမှာရှိတော့ ပြေးဖို့မလွယ်ကြဘူး။ ဒီနှစ်ထဲဆို အယောက် ၂၀ ကျော် ရှိပြီဗျ။ တချို့က ကျနော်တို့ ဆီမှာပဲ ပြန်တိုက်နေကြတယ်။ တချို့ကတော့ သာမန် အရပ်သားအနေနဲ့ နေကြတယ်။ တချို့ကတော့ သူတို့ဒေသက ကာကွယ်ရေးအဖွဲ့တွေနဲ့ ပြန်ပူးပေါင်းပြီး စခကို တိုက်ကြတယ်” လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့ကလည်း မုံရွာမြို့နယ်၊ ကျောက္ကာ-ရွှေဂူနီ ဘုရားဝန်းအတွင်း အထိုင်ချတပ်စွဲထားတဲ့ အကြမ်းဖက်အထိုင်စခန်းကနေ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ပစ (စစ်မှုထမ်း) တပ်သား ၂ယောက် Titans Force Monywa- အမှတ် (၂) တိုက်နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ကို ချိတ်ဆက်ပြီး သေနတ်တွေယူဆောင် အလင်းဝင်ရောက်လာခဲ့သေးတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

MLA မှ တပ်ပြေးရဲဘော် ၅ ဦးကို ထုတ်ပြန်ကြေညာ

မွန်ပြည်နယ်ခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တပ်ဖွဲ့ ကနေ တပ်ပြေးရဲဘော် ၅ယောက်ကို ဒီနေ့ ဇွန်လ ၃ ရက်နေ့မှာ ထုတ်ပြန်ကြေညာလာပါတယ်။ 
Read More

မုံရွာမှာ စစ်ကြောင်းထိုး လူဖမ်းတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေ ၂ရက်ဆက် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်​မှာ စစ်ကြောင်းထိုးဝင်ရောက်ရင်း အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို ၂ရက်ဆက်တိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 People’s Defense Force အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
Read More

တီးတိန်အခြေစိုက် ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၂၆၉ ကာကွယ်ရေးတပ်က ဒုတပ်ကြပ် ၁ ယောက်နဲ့ တပ်သား ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ PDF Zoland က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရေး-ထားဝယ်လမ်းပိုင်းတွင် ကုန်တင်ကားများ တိုက်ခိုက်ခံရ၊ ယာဥ်မောင်း ၂ ဦး သေဆုံးပြီး ကား ၁ စီး မီးရှို့ဖျက်ဆီးခံရ

တနင်္သာရီတိုင်း၊ ရေဖြုမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းတနေရာမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ တိုက်ခိုက်ခံရကာ ယာဉ်မောင်းနဲ့ နောက်လိုက် သေဆုံးမှုရှိခဲ့ပြီး ကား ၁ စီးလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြိုင်တွင် စစ်တပ်စစ်ကြောင်းက ဓားစာခံအဖြစ် ဖမ်းဆီးထားသူ ၃ ဦးကို ရက်ရက်စက်စက် သတ်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်တပ်က လူသားဒိုင်းလုပ် ဖမ်းဆီးထားတဲ့ အရပ်သား ၃ ယောက်ကို ရက်ရက်စက်စက် သတ်ကာ ၂ ယောက်ကို စွန့်ပစ်ထားခဲ့ကြောင်း မြိုင်သတင်းရင်းမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေသည့် ထုံခါ- မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းမကြီးပေါ်က ချောင်းနှစ်ပေါက်တံတားကို စစ်ကောင်စီ ဗုံးကြဲ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်မှာရှိတဲ့ ချောင်းနှစ်ပေါက် တံတားကို စစ်ကောင်စီက ဒီနေ့ (မတ်လ ၂၃) နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ တံတားပြိုကျပျက်စီးသွားကြောင်း သိရပါတယ်။