မိုးကုတ်မြို့ကာကွယ်ရေးနဲ့ တော်လှန်ရေးတာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် တပ်ဖွဲ့နဲ့ ကင်းကွာနေခဲ့တဲ့ ရဲဘော်တွေအားလုံးကို ပြန်လည်ဖိတ်ခေါ်ကြောင်း မိုးကုတ်ဗျူဟာက ထုတ်ပြန်လာပါတယ်။

ဒီကြေညာချက်ကို မနေ့က အောက်တိုဘာလ ၃၀ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ထုတ်ပြန်တဲ့နေ့ကစလို့ တပတ် (၇ ရက်) အတွင်း ပြန်လည်တာဝန်ထမ်းမယ့်အကြောင်း သတင်းပို့ချိတ်ဆက်ဖို့ မိုးကုတ်ဗျူဟာက ဆိုထားပါတယ်။

မိုးကုတ်ဗျူဟာက “ရဲဘော်တို့၏ အတွေ့အကြုံ၊ ရဲဘော်တို့၏ စွမ်းရည်၊ ရဲဘော်တို့၏ တော်လှန်ရေးပေါ်ထားရှိသော စေတနာများကို မိုးကုတ်ဗျူဟာအနေဖြင့် အမြဲတန်ဖိုးရှိနေမည်ဖြစ်သည့်အတွက် တော်လှန်ရေး၏ ခွန်အားတရပ်အနေဖြင့် မိုးကုတ်ဗျူဟာနှင့်အတူ ပြန်လည် လက်တွဲတိုက်ပွဲဝင်ကြရန် နွေးထွေးစွာဖိတ်ခေါ်ပါသည်” လို့ ထုတ်ပြန်ထားပါတယ်။

မိုးကုတ်ဗျူဟာက MOD (ကာကွယ်ရေးဝန်ကြီးဌာန) ရဲ့ တရားဝင်တပ်ဖွဲ့တာကြောင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်ကြောင်းလည်း ထည့်သွင်းဆိုထားပါတယ်။

ခရီးလွန်နေတဲ့ ရဲဘော်တွေဟာ လူကိုယ်တိုင် လာရောက်ချိတ်ဆက်နိုင်မယ့် ရက်သတ်မှတ်ပြီး သတ်မှတ်ရက် (တစ်ပတ်) အတွင်း သတင်းပို့ ချိတ်ဆက်လာရင် စည်းမျဉ်းစည်းကမ်းတွေအတိုင်း စိစစ်ဆုံးဖြတ်ပြီး သက်ညှာထောက်ထားမှု မူဝါဒနဲ့အညီ ပြန်လည်ဝင်ရောက်လာမယ့် ရဲဘော်တွေရဲ့ နောင်တနဲ့ ဆန္ဒပြင်းပြမှုကို အလေးထား စဉ်းစားပေးမယ်လို့ သိရပါတယ်။

သတ်မှတ်ရက် ကျော်လွန်တဲ့အထိ ဆက်သွယ်ချိတ်ဆက်လာခြင်းမရှိတဲ့ ရဲဘော်တွေကိုတော့ တရားဝင် တပ်ပြေးအဖြစ် ကြေညာပြီး MOD ကနေ ထုတ်ပြန်ထားတဲ့ စစ်ဘက်ဆိုင်ရာ တပ်ပြေးမှု ဥပဒေအရ ပြစ်ဒဏ်ခံယူရမှာဖြစ်ကြောင်းကိုလည်း မိုးကုတ်ဗျူဟာကနေ အလေးအနက် အသိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲလို့ ပြောင်းဖူးချိုးနေတဲ့ မိခင်နဲ့ ၂နှစ်အရွယ် ကလေးငယ် သေဆုံး၊ ဖခင်ဖြစ်သူ ဒဏ်ရာရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် တောင်ယာခြံထဲ ပြောင်းဖူးချိုးနေတဲ့ သားအမိ ၂ ယောက် သေဆုံးပြီး ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ကလေးမြောက်ပိုင်းနှင့် တောင်ပိုင်းတွင် စစ်ကြောင်းများ အလွန်အကျွံထိုးမှုကြောင့် ရွာပေါင်း ၅၀ ကျော်က အရပ်သားသောင်းနှင့်ချီ အရေးပေါ် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
Read More

တရုတ်-မြန်မာ နယ်စပ်မှာ မူဝါဒအမျိုးမျိုးတွေကြား မြန်မာကုန်သည်တွေ ပိတ်မိနေ

မူဆယ်-ရွှေလီ တနိုင်တပိုင် နယ်စပ်ကုန်စည်ဖြတ်သန်းမှုကို တရုတ်က ကန့်သတ်ပိတ်ပင်လိုက်လို့  မြန်မာကုန်သည်အများစု အခက်အခဲတွေ ကြုံတွေ့နေတယ်လို့ သိရပါတယ်။
Read More

တိုက်ပွဲပြင်းထန်နေတဲ့ ပုလဲမှာ စစ်တပ်ရဲ့လေကြောင်းရန်ကြောင့် အရပ်သား တစ်သောင်းနီးပါး စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ၁သောင်းနီးပါး စစ်ဘေးတိမ်းရှောင်နေရကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်ထံက သိရပါတယ်။
Read More

ငလျင်ဒဏ်သင့် မန္တလေးတွင် အိမ်ဝိုင်းဖြိုပေးသည့် ပရဟိတလူငယ်များ ဖမ်းဆီးခံနေရ

မန္တလေးမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအားဖြင့် ငလျင်ကြောင့် ကယ်ဆယ်ရေး၊ ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးနေတဲ့ ပရဟိတလူငယ်တွေကို စစ်ကောင်စီက ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တော်လှန်ရေးကာလ ၅နှစ်နီးပါး ရောက်လာချိန် တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်မှုများ ရှိလာဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား.. ဖက်ဆစ်စစ်တပ်၏ အမူအကျင့်များ ကူးစက်မခံရဖို့နှင့် တော်လှန်ရေးကိုယ်ခံအားကောင်းဖို့လိုကြောင်း သတိပေး..

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။