တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ဒီနေ့အောက်တိုဘာ ၃၁ ရက်မှာ ဒူရကစစ်ကြောင်းက ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာ ၂၆ ရက် မနက်ပိုင်းက မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်သား ၁၂ ယောက် သေဆုံးပြီး စခန်းတစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်ကော်မရှင်တပ်သားတွေထံကနေ Uzi သေနတ် ၆ လက်၊ G3 ၇ လက်၊ Shot Gun/Smoke gun ၂ လက်၊ ကွန်မန်ဒိုစိန်ပြောင်း ၂ လက်၊ ခြောက်လုံးပြူး ၄ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၂၁ လက်၊ Jammer စက် ၂ လုံးနဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစခန်းသိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်ရှိ နည်းဗျူဟာ (၃၃)၊ ဒေါနတပ်ရင်း တပ်ခွဲ-၄ (KBDF) ၊ ဒေါနတပ်ရင်းတပ်ခွဲ-၇ (LPF) နဲ့အတူ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ D.N.L.A ဒူရကစစ်ကြောင်း၊ ရာမညမွန်တပ်တော်၊ ဖက်ဒရယ်ဓူဝံကြယ် တပ်တွေ ပူးပေါင်းဖော်ဆောင်ခဲ့တာဖြစ်ပြီး ရဲဘော် ၁ ယောက် မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

Video – ဒူရက စစ်ကြောင်း

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ်အတွင်း ပစ်ချခံရသည့် စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးများ PLA ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း ပစ်ကူလာပေးရင်း ပစ်ချခံခဲ့ရတဲ့ စစ်ကောင်စီ ဂျက်ဖိုက်တာ အပျက်အစီးတွေကို ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်သံကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်  (PLA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရမုတ်ဖြင့် ထိန်းချုပ်နိုင်သည့် ကားကို ထုတ်ဖော်ပြသ (ရုပ်/သံ)

သပြေတော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရမုတ်နဲ့ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ ကားကို ထုတ်ဖော်ပြသလိုက်ပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်က ကြိုးပမ်းနေတဲ့ တရားမဝင် အတုယောင်‌ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ General Strike Coordination Body မှ ယနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

ရေစကြိုမြို့နယ်အတွင်း နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် ကျောက်လှေခါးဂိတ်စခန်းမှ ပန်းတိုင်ခြုံဓိတ်စခန်းသို့ ကားတွေနဲ့ နေရာအရွှေ့အပြောင်းလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား အများအပြားသေဆုံးခဲ့တယ်လို့ Southern YSO PDF မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်က ပြည်သူပိုင်ယာဉ်များကို ချောဆွဲပြီး ကျောက်လှေခါးဂိတ်စခန်းမှ ပန်း တိုင်ခြုံဂိတ်စခန်းသို့ ကား ၅ စီးနဲ့ နေရာရွှေ့ပြောင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ စီးနင်းလာတဲ့ နောက်ဆုံးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ တာဝေးပစ်ဗုံးသီးတွေ တီထွင်ထုတ်လုပ် (ရုပ်/သံ)

ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်နိုင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်အရ ကုန်ကျစရိတ်သက်သာတဲ့ တာဝေးပစ်ဗုံးသီးတွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။