ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့၊ မယ့်ရင်မှာ ထိုင်းရဲတပ်ဖွဲ့က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်ဂိုဏ်း) တစ်ခုကို ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ တရုတ်နိုင်ငံသား အယောက် ၂၀ ကို သက်သေခံပစ္စည်းတွေနဲ့တကွ ဖမ်းမိကြောင်း ထိုင်းသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၀ ရက် မနက်ပိုင်းက မယ့်ရင်မှာရှိတဲ့ တန်ဖိုးကြီး နေအိမ်တစ်လုံးကို ထိုင်းရဲတွေက ပိတ်ဆို့ စီးနင်းခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား အယောက် ၂၀ နဲ့အတူ ငွေလိမ်လုပ်ငန်းအတွက် အသုံးပြုတဲ့ မိုဘိုင်းဖုန်း ၁၀၀ ကျော်နဲ့ ဆင်းမ်ကတ်တွေ၊ ဖုန်းမှတ်တမ်းတွေ၊ အခြားအိုင်တီပစ္စည်းတွေကိုပါ သိမ်းဆည်းရရှိခဲ့ပါတယ်။

ဖမ်းမိတဲ့ အယောက် ၂၀ ထဲမှာ အမျိုးသား ၁၄ ယောက်နဲ့ အမျိုးသမီး ၆ ယောက် ပါဝင်ပြီး ကျောင်းသားဗီဇာ၊ အလည်အပတ်ဗီဇာတွေ ကိုင်ဆောင်ထားတာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ငွေလိမ်လုပ်ငန်းမှာ ပါဝင်တဲ့ တခြား ၁၀ ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုပေမယ့် နိုင်ငံကူးလက်မှတ်တွေ၊ ဖုန်းတွေ ကျန်ခဲ့တာကြောင့် ဝေးဝေးပြေးနိုင်မှာ မဟုတ်ဘဲ တွေ့ရှိရင် အကြောင်းကြားဖို့ ထိုင်းရဲက ပြောပါတယ်။

ထိုင်းရဲတပ်ဖွဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာ အဆိုပါနေအိမ်ဟာ တစ်လကို ဘတ် ၁၂၀,၀၀၀ နဲ့ ငှားရမ်းထားတာဖြစ်ပြီး ငှားရမ်းနေထိုင် လုပ်ကိုင်တာ ၂ လကျော်သာ ရှိသေးတယ်လို့ သိရပါတယ်။

(ဓာတ်ပုံ CM 108)

0 Shares:
You May Also Like
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

ဘန်ကောက်မြို့ အဆောက်အဦး ပြိုကျမှုတွင် မြန်မာလုပ်သားများ အပါအဝင် ၄၃ ဦး ပျောက်ဆုံးနေ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က Bang Sue ဒေသမှာ ဒီနေ့ (မတ် ၂၈) နေ့လယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ဆောက်လက်စ အဆောက်အဦး ပြိုကျသွားခဲ့ပါတယ်။
Read More

အနောက်အုပ်စုအကူအညီများ လျှော့ချခြင်းက အရှေ့တောင်အာရှအတွင်း တရုတ်လွှမ်းမိုးမှုကို တိုးလာစေ

ထရမ့်အစိုးရနဲ့ အခြားအနောက်နိုင်ငံက အလှူရှင်တွေရဲ့ အကူအညီတွေ လျှော့ချလိုက်ခြင်းဟာ အရှေ့တောင်အာရှ ဖွံ့ဖြိုးတိုးတက်မှုအပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို မြင့်တက်လာစေကြောင်း ဩဇတေးလျ ဉာဏအဖွဲ့အစည်းတစ်ခုက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
Read More

မဲဆောက်တွင် မြန်မာအမျိုးသမီး၏ လည်ပင်းကို ဓားဖြင့်လှီးသူအား ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ်ဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ လည်ပင်းကို ဓားနဲ့လှီးပြီး ထွက်ပြေးသွားတဲ့ အမျိုးသားကို ဖမ်းဆီးရမိခဲ့ပြီလို့ သိရပါတယ်။
Read More

လိမ်လည်မှုတွေကြောင့် မြဝတီအပါအဝင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကို ဟောင်ကောင်က ခရီးသွားအန္တရာယ်ရှိ အနီရောင်အဆင့်သတ်မှတ်

ဟောင်ကောင်ဒေသခံတွေ မြန်မာပြည်ကို ဖြားယောင်းခံရပြီး လိမ်လည်လုပ်ငန်းတွေမှာ အလုပ်ခိုင်းစေခံရမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက မြန်မာပြည်အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ်က နေရာတချို့ကို ခရီးသွားသတိပေးချက် အနီရောင်အဖြစ် ဇန်နဝါရီလ ၁၇ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကုလသမဂ္ဂနဲ့ အီးယူက ကူညီမည်ဟုဆို

ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနဲ့ မြန်မာပြည်က ရေဘေးသင့်ပြည်သူ ၅သိန်းခန့်ကို တစ်လတာ အရေးပေါ်စားနပ်ရိက္ခာတွေ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။