စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုပျူစခန်းကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက် သေဆုံးခဲ့တယ်လို့ Monywa Dynamite – Special Task Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်က မုံရွာမြို့နယ် တောပုပျူစခန်းကနေ အင်အား ၂၀ ခန့်နဲ့ ခရီးသွားပြည်သူတွေထံကနေ ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းကို မုံရွာ-မန္တလေးကားလမ်းကြီးတစ်နေရာမှာ ပဒေသာမိုင်း ၃ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။

တိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်သား ၃ ယောက် သေဆုံးပြီး ၆ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို BRAVE HEART ARMY-BHA ၊ MONWYA DYNAMIDE.STF နဲ့ CHINDWIN FIGHTER GROUP.CFG အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

Video – Monywa Dynamite – Special Task Force

0 Shares:
You May Also Like
Read More

ဗန်းမော်တိုက်ပွဲမှာ KIA ထံ အလင်းဝင်လာတဲ့ အောင်မိုးသက်တို့ရဲ့ ထွက်ဆိုချက် (ရုပ်/သံ)

'၁၀ တန်းဖြေနေတုန်းကို ကျူရှင်က ပြန်လာတာ ည ၁၀ နာရီခွဲ၊ ၁၁ နာရီလောက်ရှိပြီ။ ပတ်ကင်း ကားနဲ့ တွေ့တာ။ သူတို့က မူးမူးနဲ့ ဖမ်းတာ။ အုပ်ကြီးကလည်း လူလိုနေတော့ ကျွန်‌တော်ကို မျက်စိ ကျသွားတာထင်တယ်။ ကျွန်တော်စာမေးပွဲဖြေနေတယ်လို့ ‌ပြောလဲမရဘူး။ ရတယ်၊ ဘာမှာမဖြစ်ဘူး ၂ နှစ်ဆိုတာ ခဏပဲ ထည့်လိုက်တာ''
Read More

ရှမ်းတောင်-ကရင်နီ ရှေ့တန်းတွင် စစ်ရေးလှုပ်ရှားနေသည့် ရဲဘော်များ (ရုပ်/သံ)

ရှမ်းတောင်-ကရင်နီ ရှေ့တန်းမှာ စစ်ရေးလှုပ်ရှားနေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းရုပ်သံကို ရှမ်းတောင်၊ကရင်နီစစ်တိုင်း၊ ဗျူဟာ - ၁၁၊ ကရင်နီစစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပေါက်ခေါင်းမြို့နယ် ဘော်ဒါကျေးရွာ စစ်တပ်ဂိတ်စခန်းကို ဝင်‌ရောက်တိုက်ခိုက်၊ စစ်ကော်မရှင်တပ်သား ၅ ဦး သေပြီး လက်နက်များ ရရှိ (ရုပ်/သံ)

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်ရှိ ဘော်ဒါကျေးရွာဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်တပ်သား ၅ ယောက်သေပြီး လက်နက်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

Federal Wings Hercules ဒရုန်းများ၏ နောက်ဆုံးမျိုးဆက် Hercules 3 တိုက်ပွဲမှတ်တမ်း (ရုပ်/သံ)

Federal Wings အဖွဲ့က ထုတ်လုပ်ထားတဲ့ Hercules ဒရုန်းတွေရဲ့ နောက်ဆုံးမျိုးဆက် Federal Wings Hercules 3 ရဲ့ တိုက်ပွဲမှတ်တမ်းရုပ်သံကို ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

မြင်းခြံမြို့အတွင်း စစ်ကောင်စီတပ် အထိုင်ချနေရာများကို တိုက်ခိုက်မှု စစ်သားနှင့်ပျူ ၈ ဦးသေ (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့ရှိ စစ်ကောင်စီတပ်သားတွေရဲ့ အထိုင်ချနေရာတွေကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၈ ယောက် သေဆုံးခဲ့တယ်လို့ Myingyan Black Tiger တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။