တအာင်းတပ်မတော် TNLA က တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်တပ်နဲ့ အပစ်ရပ်ကာ သူတို့ထိန်းချုပ်ရာ မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကနေ ပြန်လည်ဆုတ်ခွာပေးတော့မှာဖြစ်ကြောင်း အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နဲ့ ၂၈ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ  ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ရဲ့ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့ NSPNC ကိုယ်စားလှယ်အဖွဲ့တို့ဟာ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်မှုကြောင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒါဟာ ၉ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး ဆွေးနွေးပွဲအပြီးမှာ အပစ်အခတ်ရပ်စွဲရေး လက်မှတ်ရေးထိုးကာ သဘောတူ သတ်မှတ်ထားတဲ့ ကာလအတွင်း မိုးကုတ်နဲ့ မိုးမိတ်မြို့ကနေ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာမှာဖြစ်တယ်လို့ ဆိုထားပါတယ် 

စစ်တပ်ဘက်က တအာင်းဒေသကို လေယာဥ်ဗုံးကြဲတာ၊ ထိုးစစ်ဆင်တာတွေ မပြုလုပ်ဘဲ အောက်တိုဘာ ၂၉ ရက်နေ့ကစလို့ နှစ်ဖက်ရောက်ရှိတဲ့နေရာမှာ တပ်တွေ ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲဖို့ သဘောတူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်နေပြီး တအာင်းဒေသမှာ အောက်တိုဘာ ၁ရက်ကနေ ၂၆ ရက်အတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာ ၂ပါး၊ ကလေး ၁၀ ယောက်၊ အမျိုးသား ၁၆ ယောက်နဲ့ အမျိုးသမီး ၂၁ ယောက် သေဆုံးခဲ့ကာ သံဃာ ၆ပါး၊ ကလေး ၂၆ ယောက်၊ အမျိုးသား အယောက် ၂၀နဲ့ အမျိုးသမီး ၁၉ ယောက် ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ ၁၀ ရက်ကြာတိုက်ပွဲ ဖြစ်ပွား၊ စစ်တပ်ထံမှ စစ်သုံ့ပန်း ၁ ဦး အရှင်မိပြီး အလောင်း သုံးလောင်းနှင့် လက်နက် ၁၀ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုကျေးရွာကို ထိုးစစ်ဆင်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၁၀ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ၁ ယောက်ကို အရှင်ဖမ်းမိပြီး စစ်သားအလောင်း ၃ လောင်းနဲ့ သေနတ် ၁၀ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ရေဦးမြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးချခံရလို့ ၄ ယောက် သေပြီး ၆ ယောက် အပြင်းအထန် ထိခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ မြို့မရဲစခန်းကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချ သွားရောက်တိုက်ခိုက်ရာ ဝန်ထမ်းလိုင်းခန်းမီးလောင်ပြီး စစ်​အုပ်စုအဖွဲ့ဝင် ၄ ယောက်သေကြောင်း ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့တဲ့ ဒေါ်သက်သက်ခိုင်နဲ့ ပြည်ထောင်စုဝန်ကြီးအချို့ကို စစ်ကောင်စီက ရာထူးမှရပ်ဆိုင်း

မင်းအောင်လှိုင်ကို အာဏာသိမ်းဖို့ အားပေးခဲ့တဲ့ ဒေါ်သက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ဦးကို စစ်ကောင်စီက တာဝန်ကရပ်ဆိုင်းလိုက်တယ်လို့ မနေ့က ဇန်နဝါရီ ၃၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ချောက်နယ်တွင် လောင်းကစားဝိုင်းများ ပိုမိုများပြားလာဟု ဒေသခံများ ဆို

မကွေးတိုင်း ၊ ချောက်မြို့နယ်အတွင်း လောင်းကစားဝိုင်းတွေ ပိုပြီးများပြား လာတာကြောင့် လူငယ်တွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးလာမှာကို  ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကျောက်မဲနှင့် မိုးကုတ်မြို့ကို စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၄) ဦး သေဆုံးပြီး (၁၂) ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၄) ယောက် သေဆုံးခဲ့ပြီး (၁၂) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။