စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ မစ်ရှင်လုပ်ဆောင်ဖို့သွားတဲ့ တော်လှန်ရေးတပ်နဲ့ စစ်အုပ်စု ကင်းပတ်ကားတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်အုပ်စုဘက်က ၂ ယောက် သေဆုံးပြီး တော်လှန်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ် (၄) တပ်ရင်းထံက သိရပါတယ်။

အောက်တိုဘာလ ၂၇ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ရေးဖော်ဆောင်မှု ၁ခုလုပ်ဆောင်ဖို့ ထွက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်အုပ်စု လှည့်ကင်းကားတွေ မြို့တွင်းတစ်နေရာမှာ ထိပ်တိုက်တွေ့ပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

“မစ်ရှင်သွားလုပ်တာ ထိပ်တိုက်တွေ့တာပါ။ သူတို့က ကား၃စီးကို ကျနော်တို့က ဆိုင်ကယ်တွေနဲ့ပါ။ ကျနော်တို့ နောက်လိုက်လာလို့ ကားမှန်တွေပဲ ရွေးပစ်ခဲ့တယ်။ ပစ်ခတ်မှုက သိပ်မကြာလိုက်ဘူး။ ၃မိနစ်လောက်ပါပဲ” လို့ မုံရွာခရိုင် အမှတ်(၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ မှော်ဆရာက မောင်းကို ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄)၊ Monywa The Boys နဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၄) တပ်ခွဲ (၂) 5/ Commando Force ၊ မုံရွာခရိုင်တပ်ရင်း (၂၈) တပ်ခွဲ (၃) Spring Dove တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာတဲ့ အကြမ်းဖက်စစ်သား ၂ယောက် နေရာတင် သေဆုံးခဲ့ကြောင်းနဲ့ နဂို မစ်ရှင်လုပ်မယ့် အစီအစဥ် မလုပ်ဖြစ်တော့ဘဲ အထိအခိုက်မရှိ ဆုတ်ခွာခဲ့တယ်လို့လည်း မုံရွာခရိုင်အမှတ်(၄)တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာ၀န်ခံ မှော်ဆရာ က မောင်းကိုပြောပါတယ်။

မုံရွာခရိုင် အမှတ်(၄) တပ်ရင်းအနေနဲ့ လက်ရှိမှာ အောင်ပွဲဆင်ဖို့ကျည်ကူစို့ CF4″ ကျည် ၁၀၀၀၀ ကမ်ပိန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်က စတင်ပြုလုပ်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေးထားပါသေးတယ်။

0 Shares:
You May Also Like
Read More

ရွှေပြည်သာ အမှတ်(၇) ရပ်ကွက်ရုံးကို မြို့ပြအဖွဲ့ ၂ခု လက်ပစ်ဗုံးပစ်တိုက်ခိုက်၊ အတုအယောင်ရွေးကောက်ပွဲ မဲဆွယ်သည့်နေရာများကို ရှောင်ရှားသွားလာကြရန် သတိပေး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က အကြမ်းဖက်စစ်တပ်လက်အောက်ခံ အမှတ်(၇) ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိခဲ့တယ်လို့ Yangon Army (YA) အဖွဲ့တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ရေးပြောက်ကျားတပ် (YGF) ရဲဘော် ၂ ဦး တိုက်ပွဲအတွင်း ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း(၂) ၊ ရေးပြောက်ကျားတပ် (YGF) က ရဲဘော် ၂ ယောက် တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဇီးကုန်းနဲ့ကြို့ပင်ကောက်အစပ်က တံတားမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တဲ့စစ်အုပ်စုတွေကို ပစ်ခတ်တိုက်ခိုက်…

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်မှာ လမ်းသွားလမ်းလာ အရပ်သားတွေကို ရိုက်နှက်နှိပ်စက်နေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးကိုတေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် လူစုလူဝေးမလုပ်ရန် အရေးကြီးကာလအဖြစ် ကရင်နီပြည်တပ်မတော် ကြေညာ

အကြမ်းဖက်စစ်တပ် အန္တရာယ်ပြုလာနိုင်တဲ့အတွက် ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ကရင်နီပြည်အတွင်း လူစုလူဝေးမလုပ်ဖို့ ဒီနေ့ ဒီဇင်ဘာ ၁၉ရက် ကစပြီး အရေးကြီးကာလအဖြစ် သတ်မှတ်တယ်လို့ ကရင်နီပြည်တပ်မတော် (KA) က ထုတ်ပြန်ပါတယ်။
Read More

ထားဝယ်က စစ်တပ်ရဲ့ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီ တပ်သား ၅ ယောက် သေပြီး တော်လှန်ရေးရဲဘော် ၃ ယောက် ကျဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မဲချောင်း ၈ မိုင်စခန်းကုန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံနှင့် နွားထိုးကြီးတွင် အကြမ်းဖက်စစ်ကြောင်းက ရွာများကို မီးရှို့ကာ အရပ်သား ၂၆ ဦးထက်မနည်း သတ်ခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း မြင်းခြံနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုက အရပ်သား ၂၆ယောက်ထက်မနည်း သတ်ဖြတ်ထားပြီး ကျေးရွာတွေကို ဆက်တိုက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။