ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အရေးပေါ်လူနာ သွားရောက်သယ်ယူရင်း အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ရဲ့  အသင်းသားတစ်ယောက် သေဆုံးသွားကြောင်း အဆိုပါအဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၂၆ရက် ညနေပိုင်းမှာ ကွန်းတောင်ရပ်ရွာရှိ လူနာတစ်ယောက်ကို သွားရောက်ခေါ်ဆောင်ချိန် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၄ နှစ်အရွယ် လူမှုကူညီရေးအသင်းသား မောင်ဌေးအောင်ဟိန်း (ခ) ကိုလတ် ထိမှန်သေဆုံးသွားခဲ့တယ်လို့ ပြောပါတယ်။

“မောင်ဌေးအောင်ဟိန်းက ပုဏ္ဏားကျွန်းမြို့နယ်ကပါ။ အခုဆိုရင် အသက် ၁၄ နှစ်ပဲ ရှိသေးတယ်။ အခုလို ပြည်သူတွေအတွက် အားတက်သရော ကူညီတတ်တဲ့ ပရဟိတ လူငယ်တစ်ယောက် ဆုံးရှုံးရတာ ကျနော်တို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းနဲ့ အသင်းတစ်ခုလုံး ရင်ထဲ မချိမဆံ့ ခံစားရပါတယ်” လို့ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်

သေဆုံးသူ မောင်ဌေးအောင်ဟိန်းဟာ ဖြူစင်ရင်ခွင်ဖောင်ဒေးရှင်းကို ၂၀၂၂ ခုနှစ်မှာ စတင်ဝင်ရောက်လာခဲ့သူ ဖြစ်ပြီး ဖောင်ဒေးရှင်းထဲမှာ အသက်အငယ်ဆုံးလည်း ဖြစ်ပါတယ်။ မောင်ဌေးအောင်ဟိန်းဟာ ကျောင်းတက်ရင်း တစ်ဖက်မှာလည်း လစာမရတဲ့ စေတနာ့ဝန်ထမ်းအလုပ်ကို အားတက်သရော လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

“ဒီကလေးဟာ ကျနော်တို့ ဖြူစင်ရင်ခွင်ထဲမှာ တော်တော်လေးကို အားကိုးရတဲ့ကလေးပါ။ ကျောင်းတက်ချိန်မှာဆိုလည်း ကျောင်းကလွှတ်တာနဲ့ ရုံးကိုလာပြီးတော့ ဘယ်ကိုသွားရမှာလဲ၊ ဘာလုပ်ရမှာလဲ ဆိုပြီး တက်တက်ကြွကြွနဲ့ ပြည်သူတွေအပေါ် ကူညီချင်တဲ့ စိတ်ရင်းရှိတဲ့သူ။ ကျနော်တို့ရဲ့ စေတနာ့ဝန်ထမ်းတွေကို လစာလည်း ပေးထားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် မိမိလူမျိုးတွေရဲ့ အခက်အခဲတွေကို တတ်နိုင်တဲ့ဘက်က ဝါသနာ၊ စေတနာ၊ အနစ်နာခံပြီး လုပ်ကိုင်နေကြတာ” လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

မောင်ဌေးအောင်ဟိန်းတို့အဖွဲ့ အရေးပေါ်လူနာ သွားရောက်ခေါ်ဆောင်တဲ့နေ့မှာ စစ်တွေနယ်ဘက်ကို စစ်ကော်မရှင်တပ်တွေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်နေပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာနဲ့ ဒရုန်းလာရောက် ဗုံးကြဲတဲ့နေရာဟာ အကွာအဝေးအားဖြင့် ဝေးလွန်းတယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်
အကြမ်းဖက်စစ်တပ်၏ ဒရုန်းဗုံးကြဲမှုကြောင့် သေဆုံးခဲ့သည့် မောင်ဌေးအောင်ဟိန်း (ခေါ်) ကိုလတ်၏ ရုပ်အလောင်း
0 Shares:
You May Also Like
Read More

မြိုင်မှာ အထိနာထားတဲ့စစ်အုပ်စု ရွာထဲ စစ်ကြောင်းဝင်မီးရှို့နေလို့ အရပ်သား ၂ ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ဝက်ပုတ် ပျူစောထီးရွာကို အကြမ်းဖက်စစ်အုပ်စုတွေ စစ်ကြောင်းဝင် မီးရှို့နေတဲ့အတွက် အနီးအနားကျေးရွာတွေက ဒေသခံတွေပါ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ ၁ယောက်က မောင်းကို ပြောပါတယ်။
Read More

နယ်မြေအငြင်းပွားမှုကြောင့် ဘုရားသုံးဆူမှာ DKBA နဲ့ NMSP တို့ အခြေအနေ တင်းမာနေ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်၊ ဂျပန်ရေတွင်းကျေးရွာထိပ်အနီးမှာ နယ်မြေအငြင်းပွားမှုကြောင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ မွန်ပြည်သစ်ပါတီ (NMSP) တို့ကြား နှစ်ဖက်အခြေအနေ တင်းမာလျက်ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေ ၄ လ ကျော်ကြာတဲ့အထိ ထောင်ဝင်စာဧည့်တွေ့ခွင့်မရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။
Read More

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ပြည်သူတွေက လှူဒါန်းတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ ရောက်ရှိလာပြီလို့ ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တွေ၊ စစ်တပ်နဲ့ ပတ်သက်တဲ့ လူပုဂ္ဂိုလ် ၁၀၆ ဦးနှင့် အဖွဲ့အစည်း ၂၂ ခုကို EU ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု ထပ်မံသက်တမ်းတိုး

အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်သူ ၁၀၆ ယောက်နဲ့ အဖွဲ့အစည်း ၂၂ ခုကို ဒဏ်ခတ်ပိတ်ဆို့ထားတာတွေ သက်တမ်းတိုးကြောင်း ဥရောပသမဂ္ဂ EU က ထုတ်ပြန်ပါတယ်။
Read More

ရေးမြို့မှာ သန်းခေါင်စာရင်းကောက်ယူမှုအတွင်း ပါဝင်သူတွေကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ သန်းခေါင်စာရင်းကောက်ယူမှုမှာ ပါဝင်သူတွေအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်လိုက်တယ်လို့ ရေးမြို့နယ် အခြေစိုက် ဒေါနစစ်ကြောင်း၂၊ ရေးပြောက်ကျားတပ် (YGF) က အသိပေးထုတ်ပြန်ပါတယ်။