အရှေ့တီမောနိုင်ငံလို့ အများက သိတဲ့ တီမောလက်စ်တေနိုင်ငံ အာဆီအဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံမြောက် ဖြစ်လာတာကို ကြိုဆိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က ထုတ်ပြန်ပါတယ်။ 

“တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက် နွေးထွေးစွာကြိုဆိုပါတယ်။ ဒီအခန်းကဏ္ဍသစ်ကနေ ကျွန်ုပ်တို့ရဲ့ ဒေသတွင်း စည်းလုံးညီညွတ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေဖို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။” လို့ NUG က ထုတ်ပြန်ထားပါတယ်။ 

အရှေ့တီမောနိုင်ငံကို ၁၁ နိုင်ငံမြာက် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံကြောင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်လို့ ၅ နှစ်ဆက် မင်းအောင်လှိုင် မတက်ရတဲ့ ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုဖို့ ၂၀၂၅ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားဝန်ကြီးချုပ်အပါအဝင် အာဆီယံခေါင်းဆောင်တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေက လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် တွေ့ရသည့် တီမောဝန်ကြီးချုပ် ဆာနာနာ ဂူစ်မာအိုပုံ

ဒါဟာ အာဆီယံက ၂၆ နှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ် နောက်ထပ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို လက်ခံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တီမောနိုင်ငံဟာ ၂၀၀၂ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံဆီကနေ လွတ်လပ်ရေးရရှိခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်အဖြစ် ပထမဆုံး စတင်လျှောက်ထားခဲ့ကာ အခု ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံခဲ့တာ ဖြစ်ပါတယ်။

အရှေ့တီမောနိုင်ငံဟာ NUG အစိုးရနဲ့ ဆက်ဆံရေးကောင်း ရှိပြီး မြန်မာနိုင်ငံက နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

အရှေ့တီမော သမ္မတ ဂျိုဆေးရာမို့ဟောတာကို NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တွေ့ဆုံခဲ့စဉ်
အရှေ့တီမော သမ္မတ ဂျိုဆေးရာမို့ဟောတာကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဥဦးအောင်မျိုးမင်း တွေ့ဆုံခဲ့စဥ်
0 Shares:
You May Also Like
Read More

အုန်းဖျန်ဗုံးပေါက်ကွဲမှု ဝမ်းနည်းရှုတ်ချကြောင်း KNU ထုတ်ပြန်

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖျန်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပစ်တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီဇင်ဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီကို လက်နက်ရောင်းချနေသည့် အိန္ဒိယကုမ္ပဏီထံမှ ရင်းနှီးမြှုပ်နှံငွေများအား ဆွီဒင်ပင်စင် ရန်ပုံငွေအဖွဲ့ ပြန်လည်ထုတ်ယူမှုအပေါ် JFM ကြိုဆို

စစ်ကောင်စီထံ လက်နက်ရောင်းချနေတဲ့ အိန္ဒိယစစ်လက်နက်ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံထားမှုတွေကို  ဆွီဒင်ပင်စင်ရန်ပုံငွေအဖွဲ့က ပြန်လည်ထုတ်ယူလိုက်ခြင်းအပေါ်  Justice For Myanmar (JFM) က ကြိုဆိုကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Read More

ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ၁,၃၀၀ နီးပါး ဖမ်းဆီးခံရ

လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ၂,၀၀၀  ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ထိုင်းအလုပ်သမားဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။
Read More

NUG၊ CHRO တို့အား တွေ့ဆုံခဲ့မှုကြောင့် တီမောနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းရန် စစ်ကော်မရှင် ကြိုးပမ်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  ချင်းလူအခွင့်အရေးအဖွဲ့ Chin Human Rights Organization- CHRO တို့နဲ့ တွေ့ဆုံခဲ့တာကြောင့် တီမောလက်စ်တေနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်ကနေ ရပ်ဆိုင်းပေးဖို့ အကြမ်းဖက်စစ်ကော်မရှင်က အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဆီ စာရေးသားပေးပို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ 
Read More

ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးသည့် မြန်မာလူငယ်ကို ဗိုလ်ဒါဘော ကိုယ်တိုင် ထိုင်းအာဏာပိုင်များထံ အပ်နှံ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင် (ခ) နဂါးကြီးကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ဒီကနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေဆီ ကိုယ်တိုင် အပ်နှံခဲ့တယ်လို့ သိရပါတယ်။
Read More

ကျားဖြန့်တွေကို အင်တာနက်၊ လျှပ်စစ်မီးနဲ့ လောင်စာဖြတ်တောက်မှု ထိရောက်တယ်လို့ ထိုင်းဒုဝန်ကြီးချုပ်ပြော

မြန်မာနယ်စပ်တလျှောက် လည်ပတ်နေတဲ့ ကျားဖြန့်ဂိုဏ်းတွေအပေါ် ပစ်မှတ်ထားတဲ့ ထိုင်းအစိုးရရဲ့ မကြာသေးမီက အစီအမံတွေဟာ ထိရောက်မှုရှိတယ်လို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက ကြာသပတေးနေ့မှာ ပြောပါတယ်။