စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့ရှိ ဌာနဆိုင်ရုံးနဲ့ အဆောက်အအုံတွေကို အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံ SNA ပြည်သူ့စစ်တွေက ပူးပေါင်းမီးရှို့ဖျက်ဆီးလျက်ရှိတယ်လို့ ကသာခရိုင်၊ အမှတ် – ၄ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။

ဗန်းမောက်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းယူပြီး တစ်လကျော်ကြာလာပြီးနောက် အကြမ်းဖက်စစ်တပ်နဲ့ SNA ပူးပေါင်းတပ်က ပြန်လည်သိမ်းယူနိုင်ရေး ထိုးစစ်ဆင်လာပြီး စက်တင်ဘာလ ၂၆ ရက်နေ့ ဗန်းမောက်မြို့မရဲစခန်းအတွင်းကို  ၁၂၀ မီလီမီတာ မော်တာကျည်နဲ့ ပစ်ခတ်တဲ့အတွက် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ထောက်ခံဝါဒဖြန့်နေတဲ့ တယ်လီဂရမ်ချန်နယ်နဲ့ Facebook ပေ့ချ်တွေမှာတော့ PDF က မီးရှို့ခဲ့တယ်လို့ ဝါဒဖြန့် ပြောဆိုပေပါတယ်။

Video – ဗန်းမောက်မြို့/ကသာခရိုင် ၊ အမှတ် – ၄ တပ်ရင်း

0 Shares:
You May Also Like
Read More

အရှေ့ချောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ကျေးရွာစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Young Force - UG အဖွဲ့ထံက သိရပါတယ်။
Read More

ကျောက်မဲမြို့ မြောက်ကုန်းရပ်ရှိ မြို့နယ်ဆောက်လုပ်ရေးဝန်းနှင့် ခရိုင်ဆောက်လုပ်ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲဖျက်ဆီး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် မြောက်ကုန်းရပ်ရှိ ဆောက်လုပ်ရေးဝန်းနဲ့ ခရိုင်ဆောက် လုပ်‌ရေးဧည့်ရိပ်သာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

သရက်ကန်ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခံရပြီး ၃ ယောက်သေကာ လက်နက်ခဲယမ်းတချို့ တော်လှန်ရေးတပ်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ် သရက်ကန်ပျူစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက် တိုက်ခိုက်မှုအတွင်း စစ်သားနဲ့ ပျူစောထီး ၃ ယောက်သေပြီး ပြည်သူ ၄၆ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ အညာမြေ တပ်ပေါင်းစုထံက သိရပါတယ်။
Read More

မြစ်ကြီးနားတွင် ဆိုလာပလပ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုလာပလပ်ခုံအပူလွန်ကဲရာကနေ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့  သိရပါတယ်။
Read More

တောင်ကြီး-ဟိုပုံးလမ်းပိုင်းမှာ ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်တိမ်းမှောက်ရာမှာ မီးလောင်မှုဖြစ်ပြီး လူ ၂ ယောက်သေဆုံးကာ ယာဉ် ၅ စီးမီး‌လောင် (ရုပ်/သံ)

ရှမ်းပြည်နယ် တောင်ကြီး-ဟိုပုံး ပြည်‌ထောင်စုလမ်းပိုင်းမှာ မေလ ၂၃ ရက် မနေ့ ညနေပိုင်းက ဆီဘောက်ဆာယာဉ်ဘရိတ်ပေါက်ပြီး တိမ်းမှောက်ရာမှာ ယာဉ် ၅ စီးဆင့်တိုက်ပြီး မီးလောင်ခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။ ဆိုင်ကယ်နှစ်စီးအပါအဝင် ကား၃ စီး မီးလောင်ခဲ့ပြီး မီးလောင်သေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရရှိသူ ၃ ယောက်ရှိတယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့ပေါ်မှ စစ်ကော်မရှင်တပ်သား ချစ်မိုး ‌အလင်းဝင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သား ချစ်မိုး အလင်းဝင်ရောက်လာတယ်လို့ ဘုတလင်မြို့နယ်‌ရွေ့လျားစစ်‌ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။