မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့အတုယောင်ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ့် စစ်တပ်ဆက်နွယ်သူတွေရဲ့စာရင်းကို ရရှိထားရာ စစ်အုပ်စုဘက်ကို ရပ်တည်မှုနဲ့ ထိထိရောက်ရောက် အရေးယူခံရမှာဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယောဒေသ(ခေါ်) ဂန့်ဂေါခရိုင်အတွင်းက တစ်မြို့နယ်တည်းမှာ အတုအယောင်ရွေးကောက်ပွဲ လုပ်ဆောင်သွားဖို့ရှိနေရာ ဂန့်ဂေါမြို့နယ်မှာ လွှတ်တော် ၃ ရပ်အတွက် အမတ် ၅ ယောက်ဝင်အရွေးခံဖို့ ရှိနေပြီး လက်ရှိအချိန်အထိ ၃ ယောက်ရဲ့အကြောင်းကိုသာ သိရှိရသေးကြောင်း သိရပါတယ်။

လက်ရှိမှာလည်း တိုင်းဒလွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက​နေ ဝင်ရောက်အရွေးချယ်ခံမယ့် ဦးဇော်ထွန်းဦးဟာလည်း ပြိုင်မယ့်သူမရှိတာကြောင့်ကြိုတင်အရွေးခံထားရပြီးဖြစ်တယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ကိုလည်း ကြံခိုင်ရေးပါတီကိုယ်စားပြု အစိုးရ ရှေ့နေဒေါ်အိဖြူလွင်နဲ့ တစ်သီးပုဂ္ဂလ စစ်တပ်ဗိုလ်ပြုတ်ဟောင်း ဦးသန်းဝင်းတို့က ယှဥ်ပြိုင်မှာဖြစ်ပြီး ဝင်ရောက်ယှဥ်ပြိုင်သူတွေဟာ စစ်အုပ်စုနဲ့ ထဲထဲဝင်ဝင် ပက်သက်ဆက်နွယ်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

” ဇော်ထွန်းဦးက ပြိုင်မယ့်သူမရှိလို့ အမတ်နေရာရပါပြီ။ တိုင်းလွှတ်တော်နေရာက သူတစ်ယောက်တည်း ပြိုင်မှာဆိုတော့ အမတ်က ဖြစ်နေပြီပေါ့။ ကျန်တဲ့ နေရာတွေ ပြိုင်မယ့် ၂ ယောက်ကလည်း စစ်တပ်နဲ့သာ ပက်သက်တာ၊ နိုင်ငံရေးအကြောင်းနားလည်ကြတာမဟုတ်ဘူး။ အခု ကြံ့ဖွတ်ပိုနိုင်မယ်ဆိုတာကလည်း သူတို့ပဲရှိတာကိုး၊ ကျန်တဲ့ပါတီက မရှိဘူး။ ၂၀၂၀ တုန်းကလည်း မဲဆွယ်ကာလနီးမှ ကပ်ရောက်လာကြတာ။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က မောင်းသတင်းဌာနကို ပြောပါတယ်။

ပုံစာ – ကြံ့ခိုင်ရေးပါတီဝင်များ၏ စည်းရုံးရေးပွဲတစ်ခုမြင်ကွင်း(ပုံဟောင်း)

လက်ရှိမှာလည်း စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက ကချင်၊ စစ်ကိုင်းနဲ့ ရှမ်းပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၂၈ နေရာမှာ ကြိုတင် အနိုင်ရရှိထားပြီးဖြစ်တယ်လို့ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) က အောက်တိုဘာလ ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဂန့်ဂေါခရိုင်အတွင်းက ဆော၊ ထီးလင်းစတဲ့ နေရာတွေမှာ တော်လှန်ရေးတပ်တွေရဲ့ အားကောင်းမှုကြောင့် အတုယောင်ရွေးကောက်ပွဲမလုပ်နိုင်သလို လုပ်ဆောင်မယ့် ဂန့်ဂေါမြို့နယ်မှာလည်း စစ်အုပ်စုက ဂန့်ဂေါမြို့ပေါ်အပါအဝင် အောင်မြင် (ခေါ်) ရှောက်ပင်ရွာနဲ့ ပျားရွာတို့ကိုသာ စိုးမိုးထားနိုင်တာဖြစ်ပြီး မြို့နယ်ရဲ့နေရာတော်တော်များမှာ တော်လှန်ရေးတပ်တွေက စိုးမိုးထားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အမှတ် (၅၀) ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်က ဂန့်ဂေါမြို့ပေါ် ဂိတ်နဲ့ကင်းတွေကို အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အားတွေ တိုးမြှင့် ပြောင်းလဲထားပြီး မြို့အနီးတစ်ဝိုက်ကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

” ဒီလူတွေက ယောသူယောသားတွေရဲ့ မျက်နှာမကြည့်ပဲ စစ်တပ်ကိုပဲ ကြည့်တော့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ပြတ်ပြတ်သားသား အရေးယူစေချင်ပါတယ်။ ” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုမင်းဒဿ က ပြောပါတယ်။

ဂန်ဂေါမြို့နယ်ကနေ လက်ရှိ လူမူ့ကွန်ရက်မီဒီယာပေါ် သတင်းအမှားနဲ့ အမုန်းစကားတွေ ဖြန့်ဝေနေတဲ့ စစ်သားဟောင်း ဘူးလတ်လှဆွေက ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ဖူးပါတယ်။

0 Shares:
You May Also Like
Read More

ဟားလီးကွေ့ စစ်ကောင်စီတပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းမိ၊လက်နက်ခဲယမ်းများပါ ရရှိ

KNU တပ်မဟာ ၄ နယ်မြေက စစ်ကောင်စီတပ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ရေးမြို့နယ် ချောင်းတောင်ဂိတ်က စစ်သားတွေ ခရီးသွားတွေကို ထောင်ချောက်ဆင် ဖမ်းဆီးငွေညှစ်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ချောင်း​တောင်ဂိတ်မှာ တာဝန်ကျနေတဲ့ အကြမ်းဖက်စစ်သားတွေက ခရီးသွားတွေကို မသင်္ကာလို့ဆိုပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်လေ့ရှိပါတယ်။ အဲ့လိုစစ်ဆေးရာမှာ ဆေးပြားတွေ အသင့်ဆောင်ထားကာ ခရီးသွားပြည်သူတွေဆီမှာ ရှာတွေ့တယ်ဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
Read More

လေလံတင်တိုင်း ဝယ်သူမရှိသည့် သမိုင်းဝင် ခြံအမှတ် ၅၄ ကို စျေးထပ်လျှော့ပြီး ရောင်းဦးမည်

၃ကြိမ်တိုင် လေလံတင် ရောင်းချခဲ့ရာ ဝယ်ယူသူမရှိခဲ့တဲ့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) နေအိမ်ကို ကျပ်ငွေ (၂၇၀) ဘီလျံနဲ့ ထပ်မံဈေးလျှော့ ရောင်းချဖို့ ဦးအောင်ဆန်းဦးဘက်က တင်ပြလိုက်ပါတယ်။
Read More

KNU ဗဟိုမှာ ၂၇၆၄ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၇၆၄ ခုနှစ်၊ သလေလဆန်း (၁)ရက် မနေ့က ကျရောက်တဲ့ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ဂုဏ်ပြုခြင်း အခမ်းအနားတစ်ရပ်ကို ကရင်အမျိုးသားအစည်းအရုံး၊ ဗဟိုမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာတွင် အကြမ်းဖက်စစ်တပ် လေကြောင်းနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ဦး ထိမှန်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နမ့်ဆော့ကျေးရွာမှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးလက်နက်ငယ်နှင့် မိုင်းအန္တရာယ်များ အသိပညာပေး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စလင်းမြို့နယ် ပကဖ တာဝန်ခံများနှင့်ရဲဘော်များမှ ကျေးရွာတွေကို သွားရောက်ကာ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးလက်နက်ငယ်အန္တရာယ်၊ မိုင်းအန္တရာယ်တွေနဲ့ပတ်သက်လို့ သတိထားရမယ့်အချက်တွေနဲ့ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို လမ်းကမ်းစာစောင်တွေ မျှဝေပေးခဲ့တယ်လို့ သိရပါတယ်။