ထိုင်းဘုရင်ရဲ့ မယ်တော်ကြီး ဆီရီကစ် ကစ်တီယာကာယာဟာ အသက် ၉၃ နှစ် အရွယ်မှာ ဘန်ကောက်မြို့တော်က ဆေးရုံတစ်ခုမှာ အောက်တိုဘာ ၂၄ ရက် ညပိုင်းက ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားခဲ့တယ်လို့ တော်ဝင်အိမ်တော်ရေးရာဌာနက သတင်းထုတ်ပြန်ပါတယ်။

ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလိုင်ဒက်ဂျ်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ခဲ့သူ ဆီရီကစ်ဟာ ၂၀၁၉ ခုနှစ်ကစလို့ ပြင်းထန်ပြီး ရှုပ်ထွေးတဲ့ ရောဂါမျိုးစုံ ခံစားနေခဲ့ရတာကြောင့် ဆေးရုံမှာပဲ အနေများခဲ့သူဖြစ်ပြီး အခုလပိုင်းအတွင်း သွေးထဲကို ပိုးမွှားဝင်ရောက်တဲ့ ပြဿနာ တစ်ခု ကြုံခဲ့ရတယ်လို့ သိရပါတယ်။

နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ရဲ့ မယ်တော်ဟာ ထိုင်းနိုင်ငံရဲ့ နန်းစံသက် အရှည်ဆုံး ဘုရင်ဖြစ်တဲ့ ဘူမိဘောနဲ့ ၁၉၅၀ ပြည့်နှစ်မှာ ထိမ်းမြားလက်ထပ်ပြီး မိဖုရားခေါင်ကြီးဘွဲ့ကို ခံယူခဲ့ကာ ဘုရင် ဘူမိဘောကတော့ ၂၀၁၆ ခုနှစ် အသက် ၈၈ နှစ် အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

လက်ရှိ ထိုင်းဘုရင် မဟာဗဂျီရာလောင်ကွန်းက မိခင်ရဲ့ နာရေးကို နိုင်ငံတော် ဈာပနအဖြစ် ကျင်းပစေဖို့ ညွှန်ကြားထားပြီး ဆီရီကစ်ရဲ့ ကြွင်းကျန် ရုပ်ခန္ဓာကို ဘန်ကောက်မှာရှိတဲ့ နန်းတော်ထဲက ခန်းမဆောင် တစ်ခုမှာ လတ်တလော ထားရှိမယ်လို့ သိရပြီး ထိုင်းတော်ဝင်မိသားစုကတော့ မယ်တော်ကြီး ကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲမှု ကာလကို တစ်နှစ်ကြာ သတ်မှတ်ထားမယ်လို့လည်း သိရပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင် ချာဗီရာကူလ်ဟာ အခုသီတင်းပတ်ကုန်မှာ မလေးရှားနိုင်ငံကိုသွားပြီး အာဆီယံထိပ်သီး အစည်းအဝေးတက်ဖို့ စီစဉ်ထားပေမယ့် ထိုင်းဘုရင်ရဲ့ မယ်တော် နာရေးကိစ္စကြောင့် ခရီးစဉ် ဖျက်သိမ်းလိုက်တယ်လို့လည်း သိရပါတယ်။

ဘူမိဘောဟာ ထိုင်းနိုင်ငံ သမိုင်းမှာ အလေးစား ခံရဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သလို ဆီရီကစ်ကိုလည်း မိခင်ကြီးလိုမျိုး ထိုင်းပြည်သူတွေက ချစ်မြတ်နိုးခဲ့ကာ သူ့ရဲ့ မွေးနေ့ဖြစ်တဲ့ ဩဂုတ် ၁၂ ရက်ကို ထိုင်းနိုင်ငံရဲ့ မိခင်များနေ့အဖြစ် ၁၉၇၆ ခုနှစ် ကတည်းက စတင် သတ်မှတ်ခဲ့ပါတယ်။

ဆီရီကစ်ဟာ ၂၀၁၂ ခုနှစ်မှာ လေဖြတ်ဝေဒနာ ခံစားခဲ့ရပြီးနောက်ပိုင်း လူမြင်ကွင်းရှေ့ ထွက်ပေါ်လာမှု နည်းပါးသွားပြီး အခု ကွယ်လွန်ချိန်မှာတော့ သား ၁ ယောက်နဲ့ သမီး ၃ ယောက် ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – Khaosod, Getty Images, AP
0 Shares:
You May Also Like
Read More

စိတ်ကြွဆေး ၅.၅ တန်နဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို အိန္ဒိယကမ်းခြေစောင့်တပ်ဖမ်းဆီး

မြန်မာပြည်ကနေ မက်သာဖက်တမင်း ၅.၅ တန် တင်ဆောင်လာတဲ့ မှောင်ခိုသင်္ဘောတစ်စင်းကို ကပ္ပလီပင်လယ်ပြင်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ပြောပါတယ်။
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂ အရေးပေါ် အစည်းအဝေးကျင်းပ

မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးတဲ့ ဂျပန်နိုင်ငံ ပါတီစုံလွှတ်တော်အမတ်များသမဂ္ဂရဲ့ အရေးပေါ် အစည်းအဝေးကို ဧပြီ ၄ ရက် ဒီနေ့ မနက်ပိုင်းက ဂျပန်နိုင်ငံ၊ အောက်လွှတ်တော်အမတ်များရုံး အဆောက်အဦးရဲ့ အထူးအစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ NUG ဂျပန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ဖိတ်ခေါ်တဲ့ ခရီးစဉ်အပေါ်  ပြန်လည်သုံးသပ်ဖို့ တရုတ်ကို NUG တောင်းဆို

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံပြီးနောက် အပစ်ရပ်ရေး သဘောတူညီမှု ရရှိ

မလေးရှားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား တွေ့ဆုံဆွေးနွေးမှုကနေ ချက်ချင်းအပစ်ရပ်ရေး သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။