အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ဖို့ စစ်ကိုင်းဆီသို့ ရံပုံငွေရှာဖွေရေး ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက PDF တပ်ရင်း၊တပ်ဖွဲ့တွေကို ကျည်ကာဦးထုပ်၊ ကျည်ကာပြား၊ ကျည်ကာဝတ်စုံတို့ကို တပ်ဆင်ပေးဖို့ ရည်ရွယ်ပြုလုပ်တဲ့ ကမ်ပိန်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေး တပ်မတော်သားများ အထိအခိုက် အကျအဆုံး နည်းစေဖို့ အတွက် ပြုလုပ်တဲ့ ရံပုံငွေ ရှာဖွေရေးမှာ ပါဝင်ကူညီပေးဖို့ ဖိတ်ခေါ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းဆီသို့ ကမ်ပိန်းရဲ့သတ်မှတ် ပမာဏကတော့ အမေရိကန် ဒေါ်လာ တစ်သိန်းခွဲ ဖြစ်ပြီး အောက်တိုဘာ ၂၄ ရက်ကစတင်ကာ နိုဝင်ဘာ ၂၈ ရက်မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီး ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ငှက်ပျောတောရပ်ကွက်မှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံ၂ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာတွေရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

စက်တင်ဘာ ၃၀ရက်မှ နိုဝင်ဘာ ၁၆ရက်အတွင်း စစ်ရေးလှုပ်ရှားမှုများကို Earthquake People’s Defense Force ထုတ်ပြန် 

Earthquake People’s Defense Force က ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ နိုဝင်ဘာ ၁၆ ရက်အတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲအခြေအနေတွေကို သတင်းထုတ်ပြန်လာပါတယ်။ 
Read More

နယ်မြေရှင်းလင်းရေးစစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ ထားဝယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ထံ စစ်ကော်မရှင်တပ်သား ၁ ယောက် လက်နက်နဲ့ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
Read More

မုဒုံမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက် သေဆုံး

မွန်ပြည်နယ်၊ မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ - ၃၁၈ ကို ရှော့တိုက်ဒုံး၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ရာ လက်နက်တိုက်ပျက်စီးပြီး စစ်ကောင်စီတပ်က ၃ ယောက်သေဆုံးကာ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မြို့နယ်ရှိ ဘလယ်ဒို စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်သား ၆၀ ကျော် အရှင်ဖမ်းမိ…၊ စစ်တပ်က သေဆုံးသူနှင့် ထွက်ပြေးသူ ၄၀ ထက်မနည်းရှိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီ ဘလယ်ဒိုတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၆၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။