ကရင်နီပြည်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ရဲ့ ဆေးသင်တန်းက ဆေးတပ်သား ရဲဘော် ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာဟာ ကြိုတင် ပြင်ဆင်မှု အလုံးစုံမရှိခြင်း၊ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်းနဲ့ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုတွေကြောင့်ဖြစ်တယ်လို့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာကို KNDF က ဒီနေ့ ထုတ်ပြန်ထားပါတယ်။

KNDF ဆေးဌာနက ကြီးမှူးဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေဟာ သင်ခန်းစာလေ့ကျင့်ခြင်းပြုလုပ်နေချိန် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက ရေချောင်းတစ်ခုကို ဖြတ်ကျော်ဖို့ လုပ်ဆောင်ချိန် မတော်တဆမှု ဖြစ်ပွားခဲ့ကာ ဆေးသင်တန်းသား ၁၈ ယောက် ရေထဲ မျောပါ သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KNDF ဆေးတပ်သား ရဲဘော် ၁၈ ယောက် သေဆုံးမှုဟာ အမိန့်ပေးသူ သင်တန်းကျောင်းအုပ်နဲ့ သင်တန်းဆရာ ၃ ဦးဟာ ရဲဘော်ရဲမေတွေကို လေ့ကျင့်ရေး ခိုင်းစေရာမှာ သေစေလိုတဲ့ ဆန္ဒ မပါဝင်ပေမယ့် Happy Mission မပြုလုပ်မီ ကြိုတင်ပြင်ဆင်မှု အလုံးစုံမရှိဘဲ ကြိုတင်ပြင်ဆင်ဖို့ နည်းနာတွေ ပျက်ကွက်မှု၊ ဖြစ်လာနိုင်ခြေရှိတဲ့ ဘေးအန္တရာယ်တွေ တွက်ချက်မှု ပေါ့ဆခြင်း၊ စီမံခန့်ခွဲမှုတွေ ပေါ့လျော့မှုနဲ့ ဆုံးဖြတ်ချက် မှားယွင်းမှုတွေရဲ့ အကျိုးရလဒ်အဖြစ် သင်တန်းတက်ရောက်နေတဲ့ ရဲဘော်ရဲမေ ၁၈ ယောက် သေဆုံးမှုဖြစ်စေခဲ့တယ်လို့ KNDF ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲ့ဒီဖြစ်ရပ် မဖြစ်ပွားခင် သင်တန်းကျောင်းအုပ် အပါအဝင် သင်တန်းဆရာ ၂ ယောက်ဟာ စက်တင်ဘာ ၁၁ ရက် ညပိုင်း မစ်ရှင်ထွက်ဖို့ ဆုံးဖြတ်ချက်မချမီ အရက်၊ ဘီယာ သောက်သုံးထားတယ်လို့ ဝန်ခံထားသလို သင်တန်းကျောင်းအုပ်ဟာ Grand Royal (Signature) ကို Speed အချိုရည်ဘူး တစ်ဝက်ခန့်သောက်သုံးထားပြီး သင်တန်းဆရာ ၂ ယောက်ကတော့ ရိုးမဘီယာအနီရောင် သံဘူးအတို တစ်ဘူးစီ သောက်သုံးထားတယ်လို့ သိရပါတယ်။

လူသေဆုံးခဲ့ရတဲ့ Happy Mission ဖြစ်စဉ်ကို သင်တန်းဆရာတွေက တစ်သီးပုဂ္ဂလဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက်ခဲ့တညကို တွေ့ရှိရပြီး ပါဝင်သူသင်တန်းဆရာ ၂ ယောက်မှာ အဓိက တာဝန်ရှိနေတယ်လို့ သူတို့ကိုယ်တိုင် စုံစမ်းမေးမြန်းချိန်မှာ ထွက်ဆိုထားတယ်လို့ KNDF က ဆိုပါတယ်။

ဒါ့အပြင် ရေထဲ မဆင်းမီ သင်တန်းသား၊ သင်တန်းသူတွေဟာ မြေကြီး (သို့မဟုတ်) ကျောက်ခဲတွေကို အမျိုးသားက အလေးချိန် ၅ ပိဿာခန့်နဲ့ အမျိုးသမီးက ၃ ပိဿာခန့်ကို ကျောပိုးအိတ်၊ ဆာလာအိတ်တွေထဲ ထည့်ပြီး သယ်ယူဖို့ ညွှန်ကြားခံခဲ့ရတယ်လို့ KNDF က ဆိုပါတယ်။

ဆေးသင်တန်းသားတွေ ရေထဲဖြတ်ကူးချိန် သယ်ဆောင်လာတဲ့ အိတ်တွေအတွင်းရှိ မြေကြီးနဲ့ သဲတွေဟာ ရေစိုမှုကြောင့် ၅ ပိဿာအိတ်တွေဟာ ၁၁ ပိဿာခန့် ပြောင်းလဲသွားပြီး ၃ ပိဿာအိတ်တွေဟာ ၆ ပိဿာခန့်အထိ အလေးချိန် ပြောင်းလဲသွားတာကို ချိန်တွယ် တွေ့ရှိခဲ့တယ်လို့ KNDF အစီရင်ခံစာက ဆိုပါတယ်။

Frontline/Combat Medic သင်တန်းဟာ အချိန် ၄ လ ကြာမြင့်မှာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ တပ်ရင်းတပ်ဖွဲ့ အသီးသီးရဲ့ ရှေ့တန်းစစ်ဆင်ရေးတွေအတွက် အသက်ကယ်ဆေးတပ်သားတွေ မွေးထုတ်ဖို့ဖြစ်ပြီး သင်ကြားရေးပိုင်းကို ဆေးဘက်ဆိုင်ရာ ပညာရှင် ဆရာဝန်တွေက တာဝန်ယူကာ အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကဏ္ဍကို KNDF က တာဝန်ယူထားသလို အခုသင်တန်းဟာ ၄ လ ကြာမြင့်ဖို့ လျာထားကာ ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေးတဲ့ Frontline/Combat Medic သင်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်ကို KNDF စုံစမ်းစစ်ဆေးရေးအဖွဲ့က  စက်တင်ဘာလ ၁၇ ရက်ကနေ ၂၂ ရက်ထိ ၆ ရက်တာ စုံစမ်းစစ်ဆေးမှုအပြီး စက်တင်ဘာလ ၃၀ ရက်မှာ အစီရင်ခံစာကို ရေးသားပြုစုခဲ့တဲ့နောက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီနဲ့ KNDF ဗဟိုကော်မတီကို တင်ပြထားသလို နောက်ဆက်တွဲလုပ်ငန်းစဉ်တွေကို KNDF က ဆက်လက်အကောင်အထည်ဖော်ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေ၊ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူလူထုဆီ ထုတ်ပြန်အစီရင်ခံသွားမယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံကျဆုံးခဲ့တဲ့ KNDF ဆေးသင်တန်းက ရဲဘော်ရဲမေအချို့

0 Shares:
You May Also Like
Read More

တာဆွဲကြမ်းလာတဲ့ ရန်ကုန်မှာ နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို တစ်ရက်တာ ပယ်ဖျက်ပေး

စစ်တပ်က ပေါ်တာဆွဲကြမ်းနေတဲ့ ရန်ကုန်မှာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညအတွက် ညမထွက်ရအမိန့်ကို ပယ်ဖျက်ပေးလိုက်တယ်လို့ သိရပါတယ်။
Read More

စစ်တပ်ရိက္ခာကား မောင်းပေးသူတစ်ဦးကို အကြမ်းဖက် စစ်အုပ်စု သတ်ဖြတ်

မကွေးတိုင်း၊ ပခုက္ကူကနေထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာကားမောင်းနှင်းလာသူတစ်ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

မျှော်စင်ပေါ် ကင်းစောင့်နေသည့် ပျူစောထီး စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် ကန်နီရွာက ပျူစောထီးတစ်ယောက် မျှော်စင်မှာ ကင်းစောင့်နေချိန် စနိုက်ပါနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ ဗစ်တာ‌ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မတ္တရာတိုက်ပွဲအတွင်း MDY-PDF ရှင်းလင်းခဲ့တဲ့ စစ်ကောင်စီအလောင်းများနဲ့ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း လက်နက်ခဲယမ်းတွေနဲ့ စစ်ကောင်စီတပ်သား အလောင်းတွေကို သိမ်းဆည်းရရှိခဲ့ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က သတင်းထုတ်ပြန်လာပါတယ်။
Read More

ဖယ်ခုံမှာ စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အပါ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

ကရင်နီပြည်နဲ့ ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုသမီး ၁ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ - PK Police က ထုတ်ပြန်ထားပါတယ်။
Read More

သီတင်းကျွတ်လပြည့်ည ယင်းမာပင်ခရိုင် ပကဖ ဆီးမီးထွန်းပူဇော် (ဓာတ်ပုံသတင်း)

အောက်တိုဘာ ၆ ရက် မနေ့က ကျရောက်တဲ့ သီတင်းကျွတ်လပြည့်ညမှာ ယင်းမာပင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဆီးမီးထွန်း ပူဇော်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။