ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်ပကဖ ဖွဲ့စည်းတည်ထောင်ခြင်း (၄)နှစ်ပြည့်မှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာတဲ့ အထိ စစ်အာဏာရှင်စနစ်ဆိုး၊ မိစ္ဆာဆိုးတွေကို အမြစ်ဖြတ်တိုက်ထုတ်ပြီး ပြည်သူလူထု ချစ်ခင်အားကိုးရတဲ့ “ရန်ကုန်တိုင်းပကဖ” အဖြစ် ဆက်လက်လျှောက်လှမ်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့တန်းရဲဘော်တွေအတွက် “ယူနီဖောင်း၊ကျည်ကာ သိန်းထောင့်ငါးရာ”ကမ်ပိန်းပြုလုပ်ထားပြီး ပါဝင်ထောက်ပို့ကြမယ့် ပြည်သူတွေအနေနဲ့ အောက်ပါလင့်ခ်ကတဆင့် အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ရန်ကုန်ပကဖ- https://www.facebook.com/profile.php?id=61575208696050&mibextid=ZbWKwL

Video – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရန်ကုန်ပကဖ

0 Shares:
You May Also Like
Read More

ကျောက်နီမော် ကျေးရွာအနီး တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် ၄၀ ထက်မနည်း သေ (ရုပ်/သံ)

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာအနီးမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အမှတ် (၄၀၅) ခြေမြန်တပ်ရင်း (ခမရ-၄၀၅) တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးခဲ့တယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက အသိပေးထုတ်ပြန်ပါတယ်။
Read More

ထားဝယ်အထူးစီပွားရေးဇုန်မှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်မှု စစ်သားအများအပြား ထိခိုက်ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်လည်ပတ်မှာ စခန်းထား တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဧပြီ ၂၇ ၇က်က တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့ထံက သိရပါတယ်။
Read More

Yawland Operation အဖြစ် ၉ ရက်ကြာ စစ်ကော်မရှင်တပ်ကို တိုက်ခိုက် ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

Yawland Operation အဖြစ် ဂန့်ဂေါခရိုင်ထဲက  အကြမ်းဖက်စစ်တပ်စခန်း၊ ပျူစခန်းနဲ့ စစ်ကြောင်း တွေကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် အကြမ်းဖက်စစ်တပ်၏ ဖလမ်းတပ်ကုန်း မြေအောက်လှိုဏ်ဂူ (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်စဉ် အကြမ်းဖက်စစ်သားတွေ ပုန်းအောင်းခဲ့တဲ့ ခလရ ၂၆၈ တပ်ကုန်းမြေအောက်လှိုဏ်ဂူမြင်ကွင်းကို CNDF TTC Camp က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ စစ်သားအလောင်းတွေကို လာရောက်တဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်း မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်း စစ်သားအလောင်းလာကောက်တဲ့ အကြမ်းဖက်စစ်တပ်စစ် ကြောင်း မိုင်းဆွဲခံရပြီး ၅ ယောက်သေကာ သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်းထံက သိရပါတယ်။
Read More

အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က အင်းလေးပြည်သူ့ကာကွယ်ရေးတပ် အမှတ် ၁၀၀၉ အပတ်စဉ် ၈ အခြေခံစစ်ပညာသင်တန်းကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး သင်တန်းဆင်းပွဲမှတ်တမ်းဗီဒီယိုဖိုင်ကို နိုဝင်ဘာ ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။