အုပ်ချုပ်ရေးဖော်ဆောင်မှုအပိုင်းမှာ မြေပြင်အခြေအနေတွေကို အမြဲမပြတ်လေ့လာရင်း မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေနဲ့ အလုပ်ဖြစ်တဲ့ စီမံမှုတွေ ဖြစ်အောင် ကြိုးပမ်းပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။

အောက်တိုဘာ ၂၃ ရက် မနေ့က ပြုလုပ်ခဲ့တဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်၊ (၃၈/၂၀၂၅) မှာ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အခုလို ပြောကြားလိုက်တာပါ။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က “ကော်မတီဟာ အုပ်ချုပ်ရေးဖော်ဆောင်မှုကော်မတီ ဖြစ်နေတာကြောင့် ဝန်ကြီးဌာန အများစုရဲ့ နိစ္စဓူဝကိစ္စတွေဟာ ဒီအုပ်ချုပ်ရေလုပ်ငန်းစဥ်တွေနဲ့ပဲ အချိန်ပြည့် လုပ်ဆောင်နေရသလိုတောင် ဖြစ်နေပါတယ်၊ အင်မတန် အလုပ်များပြီး မြို့နယ် အဆင့်ထိ တိုက်ရိုက်ညှိနှိုင်းလုပ်ဆောင်နေရတာတွေ ဖြစ်တာကြောင့် အတော်လေး ခေါင်းရှုပ်ရတဲ့ ကော်မတီလည်းဖြစ်တာ အမှန်ပင်ဖြစ်ပါတယ်၊ ဒီလိုအဆင့်ဆင့် ဆုံးဖြတ်ခဲ့ပြီးတာတောင် တခါတရံ မြေပြင်အခြေအနေအရ လုပ်ဆောင်ရ ကြပ်တာမျိုးတွေ အခက်အခဲတွေ ထပ်ပေါ်လာပြီး လုပ်ကိုင်ဆောင်ရွက်မရတဲ့၊ နှောင့်နှေးတဲ့ ဖြစ်စဥ်တွေလည်း ဖြစ်တတ်ပါတယ်၊ ဒီလိုအခြေအနေရဲ့ ပေးထားချက်တွေကို အများအားနဲ့ ဝိုင်းဝန်းစဥ်းစား အဖြေရှာကြပြီးပဲ ဆက်လက် ကျော်ဖြတ်သွားကြရမှာ ဖြစ်ပါတယ်၊ ဖြစ်နိုင်သမျှတော့ အားစိုက် ကြိုးပမ်းကြပြီး မြေပြင် အခြေအနေတွေလည်း အမြဲမပြတ်လေ့လာကြရင်း မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေ၊ အလုပ်ဖြစ်တဲ့ စီမံမှုတွေဖြစ်အောင် ဆက်လက်ကြိုးပမ်းပေးကြဖို့ မှာကြားလိုပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တက်ရောက်လာတဲ့ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်တွေက အမှတ်စဉ် (၃၇/၂၀၂၅) မှာ ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်း စဉ်တွေနဲ့ပတ်သက်တဲ့ လုပ်ငန်း ပြီးစီးမှုအခြေအနေတွေ၊ ဆက်လက်ဆောင်ရွက်ဖို့ ကျန်ရှိနေတဲ့ လုပ်ငန်း စဉ်တွေကို ချပြရှင်းလင်းပြီး တက်ရောက်လာတဲ့ တာဝန်ရှိသူတွေက အကျယ်တဝင့် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်တွေ၊ တွဲဖက်အတွင်းဝန်တွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကြို့ပင်ကောက် စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုရဲအုပ်အပါ ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

စစ်ကိုင်း PDF ထံ စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ကိုယ်စီနှင့် အလင်းဝင်

"လုံခြုံရေးအရ သူတို့အလင်းဝင်ရောက်လာတဲ့ တပ်ရင်းကိုတော့ ဖြေဆိုနိုင်ခြင်းမရှိပါခင်ဗျာ။‌ ကျနော်တို့ကိုဆက်သွယ်ပြီး တစ်ပတ်အတွင်းမှာ ရအောင်ကယ်ထုတ်ပေးနိုင်ခဲ့ပါတယ်" လို့ စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING-PDF) တာဝန်ခံ ရဲဘော်စစ်ငြိမ်းနိုင်က မောင်း ကိုပြောပါတယ်။
Read More

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တိုက်ပွဲများအတွင်း စစ်မှုထမ်းတပ်သားသစ်များ ထိခိုက်သေဆုံးမှု များပြားနေ၊ အကြမ်းဖက်စစ်တပ်မှ အတင်းအဓမ္မစုဆောင်း၍ သင်တန်းအမြန်ပေးကာ ရှေ့တန်းသို့ စေလွှတ်နေ

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်းတိုက်ပွဲတွေမှာ စစ်မှုထမ်းတပ်သားသစ်တွေ ထိခိုက်သေဆုံးမှုတွေ များပြားနေတာကြောင့် စစ်မှုထမ်းတပ်သားသစ်တွေကို အတင်းအဓမ္မ ဆက်လက်စုဆောင်းပြီး သင်တန်းအမြန်ပေးကာ ရှေ့တန်းကို စေလွှတ်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေက မောင်းကို ပြောပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်း၊ ထုံးဘိုကြီးရွာအထွက်တွင် ရွာမီးရှို့လာသည့် စစ်တပ်နှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ် တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာပြီး အရပ်သားများကို ဖမ်းဆီးရင်း စျေးဆိုင်နှင့် နေအိမ်များကို ဖျက်ဆီးသွား

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အရပ်သားနေအိမ်တွေနဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်တွေ အထိနာပြီး ဆုတ်ခွာသွားတယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှု ကင်းဖို့လိုကြောင်း တရုတ်အကူအညီဖြင့် လားရှိုးမှာ ပြန်လည်တပ်စွဲထားသည့် မင်းအောင်လှိုင် ပြော၊ ယခု နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမည်ဟု ဆို

မြန်မာပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ပြည်ပစွက်ဖက်မှုမရှိဖို့နဲ့ ပြည်တွင်းအဖျက်အမှောင့် ပယောဂတွေ ကင်းစွာ လုပ်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ တရုတ်အကူအညီနဲ့ လားရှိုးမှာ ပြန်လည်တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
Read More

ကျောက်တံခါးမြို့နယ်တွင် အင်အား ၄၀ နီးပါး တပ်စွဲထားသည့် စစ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်ချေမှုန်း၊ စစ်ကောင်စီဘက်မှ ၄ ဦး သေ၊ ၂ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းများ ရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်က ဘုရားကြီးကုန်းရွာ အကြမ်းဖက်စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ဦးသေ၊ ၂ဦးအရှင်ဖမ်းခံရပြီး လက်နက်ခဲယမ်းတွေရရှိခဲ့ကြောင်း ပဲခူးခရိုင်၊ အမှတ် - ၂ တပ်ရင်း၊ P2-3702 တာဝန်ရှိသူက မောင်းကို ပြောပါတယ်။