မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်နဲ့ မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် သားတွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး၊ ဗိုလ်ကြီးတွေအပါအဝင် စစ်သားအများအပြားသေဆုံးပြီး jammer စက်နဲ့ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ Natogyi People Defence Force က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့က နွားထိုးကြီးမြို့နယ် ရန်ကင်းဘုရားကနေ မြိုင်သာကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ယောက် အပါအဝင် တပ်သား ၇ ယောက်နဲ့အထက် သေဆုံးခဲ့ပြီး MA-5 သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁ ရက်နေ့ကလည်း နွားထိုးကြီးမြို့နယ် မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာအနီး ဦးတည်စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၅၀ ခန့်ရှိ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ နာရီကျော်ကြာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်စစ်ကြောင်း အထိနာပြီး ဖွဲ့စည်းပုံပျက်ကာ တပ်လန်သွားခဲ့တဲ့အတွက် စစ်သား ၄ ယောက်ကို ဖမ်းဆီးမိခဲ့ပြီး စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်စစ်ကြောင်းထံက ငါးကြင်းမြှီး ၁ လက်၊ MA-11 ၃ လက်၊ G-3 ၂လက်၊ MA-1 ၁လက်၊ M79 ၁ လက်၊ MA-5 ၂ လက်၊ Drone ၂ စီး၊ ကျည်မျိုးစုံ ၃၃၁၂ တောင့်၊ ၄၀မမ ၃ လုံး၊ ၆၀မမ ၇ လုံး၊ RPG ၁ ဖူး၊ drop bomb ၄ ဖာ၊ ပိုယမ်းတောင့် ၁၁ တောင့်၊ လက်ပစ်ဗုံး ၁၂ လုံး၊ အီနာဂါ ၁ လုံး၊ ကျည်ဘောက် ၂၁ ဘောက်၊ ကတ်သီး ၁၃ ခု ၊ Jammer ကား ၁ စီး နဲ့ ကား ၃ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ကလည်း မလှိုင်မြို့နယ် နှောကန်ရွာဘက်ကနေ အိမ်ကြီးတောရွာဘက် အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်နေ့ထိ ၄ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဗိုလ်မှူး ကျော်မင်း အပါအဝင် စစ်သား အယောက် ၂၀ ထက်မနည်းသေဆုံးပြီး စစ်သား ၅ ယောက်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း MA -1 ၆ လက် ၊ MA-2 ၅ လက် ၊ MA-3 ၆ လက် ၊ MA -4 ၁ လက် ၊ RPG ၁ လက် ၊ ငါးကြင်းမြှီး ၂ လက် ၊ ၆၀မမ ပြောင်းတို ၃ လက် ၊ ၆၀မမ ပြောင်းရှည် ၁ လက် ၊ ငါးကြင်းမြှီးပြောင်း ၁ ခု ၊ ကျည်မျိုးစုံ ၆၀၇၈ တောင့် ၊ ပိုကျည် ၂၅တောင့် ၊ ၄၀ မမ ၁၅ လုံး ၊ ၆၀မမ ၁၁ လုံး ၊ RPG ၁၂ ဖူး ၊ RPG ပိုယမ်း ၉ တောင့် ၊ လျက်ဆားပုလင်း ၁၁ လုံး ၊ လက်ပစ်ဗုံး ၄ လုံး ၊ M9 ၂လုံး ၊ Drone ၂ စီး ၊ Drone Shooter ၂ ခု ၊ ကျောပိုး Jammer ၁ ခု ၊ Jammer အကြီး ၁ ခု ၊ ကား ၃ စီး ၊ Drone ဗုံးသီး ၂ ဖာနဲ့ ကျည်ဘောက်အစုံ ၅၆ ဘောက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်နေ့မှာ မလှိုင်မြို့နယ် နှောကန်ရဲစခန်းကနေ စစ်ကူလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားအများအပြားထိခိုက်သေဆုံးပြီး MA – 1 ၄ လက် ၊ MA -2 ၂ လက် ၊ MA -3 ၄ လက် ၊ ၆၀မမ ပြောင်းတို ၁ လက်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

Video – Soe Aung Npdf

0 Shares:
You May Also Like
Read More

တောင်သာမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းများ တိုက်ခိုက်ခံရပြီး အထိနာကာ အရပ်သားနေအိမ် အလုံး ၇၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့ရာ အထိနာပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်က တောင်သာမြို့ပေါ်ရှိ အကြမ်းဖက်စစ်အုပ်စု မကျည်းပင်တဲရွာဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာစဉ် မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်း တပ်ခွဲ (၁) တပ်ခွဲမှူး ငတွန်ဦးဆောင်တဲ့ တပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

နန်းဟန်နွဲ့ရွာမှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခံရပြီး တပ်စိတ် ၁ စိတ် သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် နန်းဟန်နွဲ့ရွာရှိ စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့ရာ တပ်စိတ် ၁ စိတ်ခန့် သေဆုံးခဲ့တယ်လို့ အမှတ်-၁ စစ်ဒေသမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့ဒီမိုကရေစီအရေး ကူညီပေးရန် ကိုရီးယားရောက် မြန်မာများ သမ္မတထရမ့်ထံ တောင်းဆိုဆန္ဒပြ (ရုပ်/သံ)

အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ ကိုရီးယားနိုင်ငံ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကိုရီးယားရောက် မြန်မာတွေက အကြမ်းဖက်စစ်တပ် ဗုံးကြဲသတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကို သိရှိစေဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး ကူညီပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
Read More

တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို ‌တော်လှန်ရေးတပ်‌များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။