စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ မော်လိုက်-ကလေးအကျဉ်းထောင်မှာ အကျဥ်းကျသူတွေရဲ့ အရေးပေါ် ဆေးကုသခွင့်အပေါ် ထောင်အာဏာပိုင်တွေက လာဘ်ငွေရယူပြီးမှသာ ခွင့်ပြုပေးတော့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

မော်လိုက်- ကလေးအကျဥ်းဦးစီးဌာနရဲ့ ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဥ်းသားတွေအပါအဝင် အကျဥ်းကျနေသူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဆေးဝါးတွေလုံလောက်အောင် လုပ်ဆောင် ပေးထားတာမျိုး မရှိတဲ့အပြင် ရာထူးအဆင့်ဆင့် လာဘ်ငွေရယူပြီးမှသာ ပြင်ပဆေးကုခွင့်ပေးတော့ကြောင်း သိရပါတယ်။

အကျဥ်းသားလူနာတွေဟာ အရေးပေါ်ဆေးကုသခွင့်ရရှိနိုင်ဖို့ တစ်ကြိမ်ကို မြန်မာငွေ ၅သိန်းကျပ်ကနေ သိန်း ၂၀ ကြား ထောင်ပိုင်နဲ့ အရာရှိတချို့ဆီ ပေး‌ဆောင်နေရသလို တခါတရံ အာဏာပိုင်တွေက ကိုယ်ပိုင် အပျော်အပါး KTV ဖိုးအဖြစ်ပါ တောင်းခံကြလေ့ရှိကြောင်း PPNM က ထုတ်ပြန်ပါတယ်။

အခုလို ဆေးဝါးကုသခွင့် ထိန်းချုပ်ခံထားရတဲ့ အခြေအနေတွေကြောင့် နိုင်ငံရေးအကျဉ်းသားတချို့ဟာ အာရုံကြောဆိုင်ရာနဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာကြပြီး ခြေထောက်တွေလှုပ်မရတော့ဘဲ မသန်စွမ်းဖြစ်‌‌သွားရတဲ့အထိ ရှိလာကြောင်း သိရပါတယ်။

PPNM ကတော့ အခုလို အကျဥ်းထောင်တွေထဲ ဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက် မဖြည့်ဆည်းပေးတာနဲ့ အရေးပေါ်ဆေးကုသခွင့် မပေးတာတွေဟာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်ရုံသာမကပဲ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ သတ်မှတ်ထားတဲ့ “အကျဉ်းသားများကို ပြုမှုရာတွင် လူ့ဂုဏ်သိက္ခာနှင့် ကိုက်ညီရမည်” ဆိုတဲ့အချက်ကိုပါ ပေါ်ပေါ်ထင်ထင် ချိုးဖောက်ကျူးလွန်‌နေတာလို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အခုလို အကျဥ်းသားအခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မော်လိုက် ကလေးအကျဉ်းထောင်က ထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်အပေါ် PPNMအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်းနဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အသက်အန္တရာယ်အတွက် အရေးပေါ် ဆေးကုသခွင့်ကို ဘယ်လိုမျိုး အကြောင်းအရင်းနဲ့မှ ပိတ်ပင်တားဆီးရှိမျိုး မရှိစေချင်ဘူးလို့လည်း PPNM က ပြောပါတယ်။

“နိုင်ကျဥ်းတွေအပြင် အခြားအကျဥ်းသားတွေပါ ပေးနေရတယ်ပေါ့။ ဘယ်လောက်ပေါက်စျေးဆိုတာထက် အာဏာပိုင်တွေက တောင်းဆိုတဲ့အပေါ် ကွဲပြားပါတယ်။ ဘယ်လောက်ဆိုတာမျိုးမရှိပေမယ့် အနည်းဆုံး ၅သောင်း ၁သိန်းကနေ စပြီး ထောင်အာဏာပိုင်တွေ တောင်းသလောက်ကို ပေးမှရမယ့် အခြေအနေတွေ ပိုများလာပါတယ်။” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကိုပြောပါတယ်။

PPNM ရဲ့ စာရင်းတွေအရ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလအထိ ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိမှု၊ အရေးပေါ်ဆေးကုသခွင့် မရရှိမှုတွေကြောင့် အကျဥ်းထောင်အသီးသီးက နိုင်ငံရေးအကျဥ်းသား ၂၈ယောက်အထိ ကျဆုံးထားခဲ့ပြီးဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အခုလို နိုင်ငံရေးအကျဉ်းသားတွေအပေါ် ဖိနှိပ်တဲ့ အဖြစ်အပျက်တွေ၊ သတင်းတွေ ထွက်ပေါ်လာတိုင်း ထောင်အာဏာပိုင်ဆိုသူတွေက ပြည်ထဲရေးဝန်ကြီးဌာန အကျဥ်းဦးစီးဌာနချုပ်ကို တင်ပြနိုင်ဖို့ သရုပ်ပြဓာတ်ပုံရိုက်တာ၊ ကျန်းမာရေးဟောပြောပွဲ သရုပ်ပြ လုပ်ဆောင် ဓာတ်ပုံရိုက်ပို့တာမျိုးတွေ လုပ်ဆောင်ပြီး ဟန်ဆောင်ဖြေရှင်းတတ်တယ်လို့လည်း သိရပါတယ်။

0 Shares:
You May Also Like
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖမ်းဆီးမှုကို ပြန်လည်ခုခံသည့် ပျူခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်အပိုင်၊ ခွေးရဲချင်ရုပ်ကုန်းကျေးရွာက ပျူစောထီးခေါင်းဆောင်ဟာ ဖမ်းဆီးခံရချိန် ပြန်လည်ခုခံခဲ့တဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

ငလျင်အတွက် NUG Public affairs hotline ကနေ ဝန်ဆောင်မှုပေးနေဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ က NUG public affairs hotline နဲ့ ငလျင်ဘေးသင့် ပြည်သူများအတွက် ဝန်ဆောင်မှုတွေ ပြုလုပ်ပေးနေတယ်လို့ မနေ့က ဧပြီ ၄ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၏ ၂၀၂၅ နှစ်သစ်ကူး အားကစားပြိုင်ပွဲများ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသရဲ့ ၂၀၂၅ ခုနှစ် နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲတွေကို ဇန်နဝါရီလ ၁ ရက်က ကျင်းပခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ကလေးမြို့နယ်ရှိ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းကို တော်လှန်ရေးတပ်များ အပြီးသတ် ချေမှုန်းသိမ်းပိုက်၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိ…

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကြံသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တယ်လို့ ကျောင်းသားတပ်မတော် (ABSDF) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နမ့်ဆန်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၈ တန်းကျောင်းသူ သေဆုံး၊ ညီမဖြစ်သူ ၅ တန်းကျောင်းသူ ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်၊ အုမ်းစွမ်းကျေးရွာကို စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အသက်မပြည့်သေးတဲ့ မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က သတင်းထုတ်ပြန်ထားပါတယ်။