ပဲခူးတိုင်း၊ ပေါက်ခေါက်မြို့နယ်၊ စမ်းမကြီးကျေးရွာကို စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်မှုကြောင့် ကျေးရွာထဲမှာရှိနေတဲ့ ၄၅ နှစ်အရွယ် အမျိုးသမီး ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မနေ့က အောက်တိုဘာလ ၂၂ ရက် မနက်ပိုင်းမှာ အောင်လံမြို့နယ်၊ ရွှေပန်းတောရဲစခန်း အထိုင်ချထားရာနေရာကနေ အနောက်တောင်ဘက် မကွေးတိုင်းနဲ့ ပဲခူးတိုင်းအစပ်နေရာတွေကို လက်နက်ကြီး အချက် ၂၀ ခန့် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ်ခတ်မှုကြောင့် ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းမကြီးကျေးရွာက မနွဲ့ကြည် အသက် (၄၅) နှစ်ဟာ ပေါင်ကို လက်နက်ကြီးကျည်အစ  ၂ ချက် ထိမှန်ခဲ့ပြီးနောက် သွေးထွက်လွန်ကာ သေဆုံးသွားတယ်လို့ သိရပါတယ်။

“လက်နက်ကြီးကျည်တွေက စမ်းမကြီးရွာထဲကိုလည်း ကျတယ်။ ရွာအနီးနားကိုလည်း ကျတယ်။ တချို့ကပြေးကြတယ်… တချို့ကျ ဗုံးခိုကျင်းထဲ ဝင်နေကြတယ်။ သူကတော့ တောထဲကပြန်လာပြီး ခြေထောက်ဆေးနေချိန် ဖြစ်သွားတာ” လို့ ဖြစ်စဉ်ကို သိရှိသူက မောင်းကို ပြောပါတယ်။

သေဆုံးသူအမျိုးသမီးမှာ အသက်မပြည့်သေးတဲ့ ကလေး ၂ ယောက် ကျန်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပေါက်ကွဲမှုတွေကြောင့် ကျေးရွာထဲက နေအိမ်တချို့လည်း သွပ်အမိုးအကာတွေ လန်ပြီး အိမ်နံရံတွေ၊ အိမ်တိုင်တွေလည်း ပျက်စီးကုန်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ရင်း အရပ်သား ၁၂၀ ကျော်ကို အကြောင်းမဲ့ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သား ၁၂၂ယောက်ကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။
Read More

မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ စစ်အုပ်စု အလောင်း ၄ လောင်းနှင့် လက်နက်ခဲယမ်းများ PDF သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားတဲ့ မဲဇလီ-ဆည်တော်ကြိုးတံတား စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရင်း လက်နက်ခဲယမ်းတွေနဲ့ စစ်အုပ်စုအလောင်း ၄ လောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေး ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကဆိုပြန်

တိုင်းရင်းသားတွေရဲ့ နယ်မြေတွေကို ပစ်မှတ်ထားပြီး နည်းမျိုးစုံနဲ့တိုက်ခိုက်နေတဲ့စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးအရ ဆွေးနွေးလိုတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။
Read More

ဥသျှစ်ပင်မှာ စစ်ကောင်စီ အရပ်ဝတ်ဖြင့် ပေါ်တာဆွဲ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့နယ်နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက လူငယ်တွေကို စစ်ကောင်စီတပ်တွေက အရပ်ဝတ်တွေနဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ဆောင်နန်းခဲတိုက်ပွဲတွင် စစ်ကောင်စီ လက်အောက်ခံ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံး

ရှမ်းပြည်နယ်‌တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်အစပ်ရှိ ဆောင်နန်းခဲကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNA တပ်တွေ သိမ်းပိုက်​ပြီးနောက် တော်လှန်ရေးတပ်တွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ PNA တပ်မှ တပ်ခွဲမှူးအဆင့်ရှိ နောင့်စိုင်းသေဆုံးသွားတယ်လို့ အင်းလေးလူထုလှုပ်ရှားမှုက သတင်းဖော်ပြထားပါတယ်။
Read More

ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးရဲ့ အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပုံရိပ်များ (ဓာတ်ပုံသတင်း)

အညာဒေသ အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး ( BLDF ) က အပတ်စဥ်(၃) အခြေခံစစ်ပညာသင်တန်း ပြုလုပ်နေတဲ့ ပုံရိပ်တွေကို ထုတ်ပြန်ဖော်ပြလာပါတယ်။