စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့မှုတွေ ပြင်းထန်နေတာကြောင့် သောင်းနဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကလေးမြို့တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပိုင်းနဲ့ မြောက်ပိုင်းရှိ အာရှလမ်းခေါ် ကလေး-တမူးလမ်းပိုင်းတွေမှာ အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် မြို့နယ်တစ်ခုလုံး အရပ်သား ၄သောင်းနီးပါးဟာ အရေးပေါ်တိမ်းရှောင်နေရကြပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေပါဝင်တာကြောင့် အရေးပေါ်ဆေးဝါးနဲ့ ကျန်းမာရေးကူညီစောင့်ရှောက်မှု၊ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ရက်နေ့ကစလို့ ကလေးမြို့တောင်ဘက် မကွေးတိုင်း၊ ယောဒေသနဲ့ ထိစပ်နေတဲ့ ကလေး-ဂန့်ဂေါလမ်းပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုတွေက အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုတွေရှိနေတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း စစ်ဘေးရှောင်နေရသူများ

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှူး တဖြစ်လဲ MNDAA စစ်သုံ့ပန်းဟောင်းဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ် မျိုးမင်းထွေးရဲ့ အမိန့်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ကလေးမြို့ကို စစ်အင်အားတွေ ရဟတ်ယာဥ်နဲ့ပို့ဆောင်ထားသလို ဂန့်ဂေါ ခလရ ၅၀ တပ်က ဗျူဟာမှူးအပါ အရာရှိတွေ၊ ပျူစောထီးတွေကိုလည်း ခေါ်ယူထားပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက တော်လှန်ရေးတပ်တွေဆုတ်ပေးထားရတဲ့ ကလေးမြို့နယ်၊ ကြံသာရွာက စစ်အုပ်စုနဲ့ ပျူစောထီးတွေအပါအဝင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဟံသာဝတီရွာက စစ်အုပ်စုတွေဟာ ကြံသာရွာကတဆင့် အောင်သာရွာကိုဝင်ရောက်ရင်း လက်ရှိမှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားရာ မှန်သာရွာမှာပါ ထိတွ့မှုတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

“မှန်သာရွာကတော့ကြားရတာ သူရလိုက်ကိုယ်ရလိုက်ပဲ။ ပြောမရသေးဘူး။ ကလေး-ဂန့်ဂေါ-ဟံသာဝတီလမ်းပိုင်းကို စိုးမိုးချင်လို့ပါ။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဖောက်ချင်တာနေမှာ” လို့ ဂန့်ဂေါနယ် စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

စစ်အုပ်စုရဲ့ အင်အားအလွန်အကျွံသုံး စစ်ကြောင်းထိုးမှုကြောင့် အောင်သာယာ၊ မှန်တော၊ ရှားဖိုနဲ့ တင်သား အရှေ့ရွာ၊ အနောက်ရွာတို့က အရပ်သား ၁သောင်းကျော်ဟာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။

အလားတူ ကလေးမြို့နယ်မြောက်ပိုင်း အာရှလမ်းမခေါ် ကလေး-တမူးလမ်းပိုင်းမှာလည်း အကြမ်းဖက်စစ်ကြောင်း ဝင်ရောက်နေမှုကြောင့် ကလေးနဲ့ တမူး ၂ မြို့နယ်ပေါင်း ရွာပေါင်း ၅၀ ကျော်က အရပ်သား ၃ သောင်းကျော် အရေးပေါ် စစ်ဘေးတိမ်းရှောင်နေရသလို လက်ရှိမှာလည်း စစ်အုပ်စုဟာ စော်ဘွားနဲ့ ရေရှင်ရွာတွေဘက်ရောက်ရှိနေပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

0 Shares:
You May Also Like
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

လောင်းလုံးမြို့နယ် ပကဖရဲ့ မွမ်းမံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်း

တနင်္သာရီတိုင်းအခြေစိုက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မွမ်းမံစစ်ပညာသင်တန်းဆင်း လောင်းလုံးမြို့နယ်(ပကဖ)ရဲဘော်တွေကို ဂုဏ်ပြုခြင်းနဲဲ့ ကျည်ကာဦးထုပ်တွေ တပ်ဆင်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ လောင်းလုံး ပကဖ က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ 
Read More

KK Park မှ ထွက်ပြေးလာသူများကြောင့် မြဝတီမှ ဟိုတယ်များ လူပြည့်

ကရင်ပြည်နယ်၊ မြဝတီကို ရွှေကုက္ကိုလ်ကနေ ကျားဖြန့်လုပ်ကိုင်သူတွေ ထွက်ပြေးလာတာကြောင့် မြဝတီမြို့အတွင်းရှိ ဟိုတယ်အခန်းတွေ အကုန်လူပြည့်နေပြီလို့ မြို့ခံတွေထံက သိရပါတယ်။
Read More

အသံထက် လေးဆမြန်တဲ့ လေကြောင်းပစ်ဒုံးကျည်ကို တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က စစ်ကောင်စီထံ ရောင်းချပေးနေ

စစ်ကောင်စီကို လက်နက်တွေထောက်ပံ့ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် ကုမ္ပဏီ AVIC က အသံထက် လေးဆ မြန်တဲ့ လေကြောင်းပစ်ဒုံးကျည် SD-10A ကို‌ ရောင်းချပေးနေတယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမြို့အရှေ့ခြမ်းတွင် စစ်ကြောင်းထိုး အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်အပါ လူ ၄ ဦးကို ပစ်သတ်ခဲ့

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှာ  စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်က ကျောင်းထိုင်ဆရာတော်တစ်ပါး အပါအဝင် လူ ၄ ယောက်ကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း Wetlet Informational Network က ထုတ်ပြန်ပါတယ်။