ကရင်ပြည်နယ် မြဝတီမြို့ရှိ KK Park အတွင်းရှိ ကျားဖြန့်တွေကို ဖမ်းဆီးဖို့ စစ်ကော်မရှင်တပ်တွေ ရောက်ရှိလာတာကြောင့် ကျားဖြန့်အလုပ်ဆိုက်ထဲက နိုင်ငံခြားသားတွေအပါအဝင် လူအများအပြား ထွက်ပြေးတိမ်းရှောင်နေပြီဖြစ်တယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်က KK Park အတွင်းရှိ နေရာတချို့ကို စစ်ကော်မရှင်တပ်သားတွေက ဟန်ပြဝင်ရောက်စီးနင်းပြီး  ငွေလိမ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ စတားလင့်အင်တာနက်စက်တွေကို သိမ်းဆည်းကာ အလုပ်သမား၊ လုံခြုံရေးဝန်ထမ်း အပါအဝင် လူပေါင်း ၂၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့  သတင်းထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ KK Park ဝန်းအတွင်း ကျန်ရှိနေတဲ့ အဆောက်အအုံတွေကိုလည်း ဝင်ရောက်စီးနင်းမယ့် သတင်းတွေကြောင့် တရုတ်လူမျိုးအပါအဝင် နိုင်ငံခြားသားတွေနဲ့ လူအများအပြား အစုလိုက် အပြုံလိုက် ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

ထွက်ပြေးလာသူတွေထဲမှာ ထိုင်းနိုင်ငံသားတွေကို ထိုင်းဘက်ခြမ်းကနေ ပြန်လည်လက်ခံနေပြီး တရုတ်နိုင်ငံသားတွေကိုတော့ ကားတွေနဲ့သယ်ကာ နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြည်တွင်းက မြန်မာနိုင်ငံသားတွေကတော့ မြဝတီမြို့နဲ့ ရွှေက္ကိုလ်ဘက် သွားဖို့ကြိုးစားနေကြပြီး  BGF တပ်ဖွဲ့တွေကလည်း KK Park အတွင်းရှိ တံခါးနဲ့ ဂိတ်တွေကို ဖွင့်ပေးထားတယ်လို့ သိရပါတယ်။

Video – လူမှုကွန်ရက်

0 Shares:
You May Also Like
Read More

Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင် တိုက်တွန်း (ရုပ်/သံ)

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန်နိုင်ဖို့ Airbus to Airstrikes ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုမှာ ပြည်သူလူထုပူးပေါင်းပါဝင်ကြဖို့ ဦးမင်းကိုနိုင်မှာ အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။
Read More

ပခန်းမြို့မြောက်ဘက်မှာ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရ၊ ဒုဗိုလ်ကြီး ၁ ယောက်အပါ စစ်သား ၁၀ ယောက် သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပခန်းမြို့မှာ ရေစကြိုမြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ဒုဗိုလ်ကြီး ၁ ယောက်အပါအဝင် စစ်သား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် အများအပြား ဒဏ်ရာရရှိသွားပြီး သေနတ် ၅ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF ထံက သိရပါတယ်။
Read More

ဗန်းမော်စစ်ဆင်ရေးတွင် KIA နှင့်အတူ ဗမာ့တပ်တော်ရဲဘော်များ ပါဝင်တိုက်ခိုက် (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဗန်းမော်စစ်ဆင်ရေးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်မှုနဲ့အတူ ဗမာ့တပ်တော်ရဲဘော်တွေ ပါဝင်တိုက်ခိုက်နေတဲ့ ရုပ်သံမှတ်တမ်းကို ဗမာ့တပ်တော် BAMAR ARMY က အောက်တိုဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူ့စစ်သင်တန်းကျောင်းမှာ မူးယစ်ဆေးဝါးတွေကို အရာရှိများက ရောင်းချပေးကြောင်း စစ်သုံ့ပန်းပြောကြား (ရုပ်/သံ)

ရန်ကုန်မြို့မှာ ပန်းရံလုပ်ကိုင်တဲ့ ချစ်ကိုဇင်ကို စစ်ကော်မရှင်က အဓမ္မပေါ်တာဆွဲဖမ်းဆီးပြီး ရှေ့တန်းပို့ဆောင်ခဲ့ရာကနေ ဇန်နဝါရီ ၁၇ ရက်က အမ်း-ပဒါန်းလမ်း ပဇီကျေးရွာအနီး တိုက်ပွဲမှာ အာရက္ခတပ်တော်ရဲ့ လက်ရဖမ်းဆီးခံခဲ့ရပါတယ်။
Read More

ချောက်မြို့နယ်မှာ တော်လှန်ရေးရဲဘော်များ၏ စစ်ဆေးမှု မခံဘဲ ကားမောင်းပြေးသည့် ရဲစခန်းမှူးနှင့်အဖွဲ့ကို ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမကြီးမှာ ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးရဲဘော်တွေ ဗျူဟာမြောက် စစ်ဆင်ရေးအဖြစ် လမ်းပိုင်လုံခြုံရေးစစ်ဆေးမှုပြုလုပ်နေချိနိ ရဲစခန်းမှူး မောင်မောင်စိုး လိုက်ပါလာတဲ့ အိမ်စီးကားဟာ အစစ်အဆေးမခံဘဲ မောင်းပြေးတဲ့အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ Chauk Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များအတွက် ယူနီဖောင်း ကျည်ကာ သိန်းထောင့်ငါးရာကမ်ပိန်းပြုလုပ် (ရုပ်/သံ)

ရန်ကုန် ပကဖ တိုက်ခိုက်ရေးအင်အားတွေဆိုတာ အထူးတိုင်းစစ်ဌာနနဲ့ ရန်ကုန်တိုင်းစစ်ဌာနတွေရဲ့ ကွပ်ကဲမှုအောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ တိုက်ခိုက်ရေးရဲဘော်တွေ ဖြစ်ပါတယ်။