ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကို ပြောပါတယ်။

ဇော်မင်းထွန်းဟာ KK Park စီမံကိန်းမှာ KNU ခေါင်းဆောင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေပြီး ငွေကြေးရယူလိုမှုတစ်ခုအတွက် နိုင်ငံတော်ပိုင်မြေကို ဥပဒေမဲ့ အလွဲသုံးစားလုပ်ခဲ့ကြောင်း၊ KK Park ရဲ့ မြေနေရာနဲ့ လုပ်ဆောင်ချက်တွေကို တရားဝင် ခွင့်ပြုထားတာမရှိကြောင်း၊ လောင်းကစားလုပ်ငန်းကနေ ရလာတဲ့ ငွေကြေးတွေနဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတာ ဖြစ်ကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

“Online လောင်းကစားလုပ်ငန်းတွေကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ ဒေသတွင်းနိုင်ငံတွေအပေါ်မှာ ရာဇဝတ်မှုတွေကျူးလွန်အောင် လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်” လို့ ဇော်ငမင်းထွန်းက KNU အပေါ် စွပ်စွဲပြောဆိုခဲ့တာပါ။

အခုလို ပြောဆိုစွပ်စွဲမှုနဲ့ ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကတော့ “ကေကေပတ် အပါအဝင် ငွေလိမ် ဒုစရိုက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး စကမ ဖက်က မတရား ယိုးစွပ်လာတဲ့အပေါ်မှာ ပြန်ပြီး တုံ့ပြန်ဖို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ်တော့ ဘာမှ ပြောစရာမရှိသေးပါဘူး” လို့ မောင်းကို ပြောပါတယ်။

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီး (ဓာတ်ပုံ KNU)

KK Park ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာအနီးမှာ ရှိပြီး စစ်တပ်နဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ကနေ ဦးဆောင်လုပ်ကိုင်နေတဲ့ စီမံကိန်းဖြစ်ပါတယ်။

KK Park အတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတာကြောင့် နိုင်ငံတကာကနေလည်း BGF အဖွဲ့ခေါင်းဆောင် စောချစ်သူကို စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ စစ်တပ်ဟာ KK Park ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူ အယောက် ၂ထောင်နီးပါးကို ဖမ်းမိကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်လုပ်ငန်းတွေမှာ Starlink အင်တာနက်ကို အသုံးပြု လုပ်ကိုင်နေကြောင်း တွေ့ရှိချက်တွေကြောင့် Starlink နဲ့ အင်တာနက် အသုံးပြုမှုတွေကို ရပ်တန့်ခံလိုက်ရပြီးတဲ့နောက်မှာမှ စစ်တပ်ကနေ ဝင်ရောက်စီးနင်းခဲ့ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ဝင်ရောက်စီးနင်းမှုဟာ အယောင်ပြသာဖြစ်ပြီး စောချစ်သူနဲ့ အမှန်တကယ် လက်တွဲပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသူတွေဟာ စစ်တပ်သာဖြစ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။

Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်တပ် ထုတ်ပြန်သည့်ပုံအချို့  (ဓာတ်ပုံ စကမ ဝါဒဖြန့်မီဒီယာ)

KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ
KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ
KK Park ကို ဝင်ရောက်စီးနင်းကြောင်း စစ်အုပ်စု ဖော်ပြထားသည့် ပုံများ
0 Shares:
You May Also Like
Read More

မူးမြို့နယ်တွင် စစ်တပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ၊ နေအိမ် ၁ လုံး ပျက်စီး

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၁ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တောင်သာမှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယားကို လက်နက်နဲ့တကွ ပကဖ ဖမ်းမိ

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ကွမ်းယာထွက်ဝယ်တဲ့ ရဲလင်မယား ၂ယောက်ကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့ကြောင်း တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက​ မောင်းကို ပြောပါတယ်။
Read More

မြစ်ဆုံဒေသကို သဘာဝနှင့် ယဉ်ကျေးမှုပေါင်းစပ် အမွေအနှစ်အဖြစ် NUG သတ်မှတ်၊ စီမံကိန်းများနှင့် စစ်ရေးအသုံးမပြုရန် တားမြစ်

"မြစ်ဆုံဒေသသည် မေခနှင့်မေလိခ သာစွမြစ်ဆုံဟူ၍ ဌာနေတိုင်းရင်းသားများနှင့် ကချင်ပြည်သားများ သာမက တနိုင်ငံလုံးက ချစ်မြတ်နိုးလေးစားရာဒေသအဖြစ် သမိုင်းကြောင်းတလျှောက် တည်ရှိခဲ့ပါသည်" ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ရဲစခန်းထဲမှာ ကျင်းပတဲ့ ရဲနဲ့ ပျူခေါင်းဆောင်ရဲ့သမီး မင်္ဂလာပွဲ ဗုံးကြဲခံရ

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲကျင်းပနေတဲ့ အကြမ်းဖက်စစ်အုပ်စုတွေထိခိုက်သွားတယ်လို့ ကြောင်လက်သည်းအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကော်မရှင် ရွေးကောက်ပွဲကို နိုင်ငံရေး၊ စစ်ရေး၊ လူထုလှုပ်ရှားမှု နည်းမျိုးစုံနဲ့ ဆန့်ကျင်ကြရန် ကယန်းအမျိုးသားတပ်မတော် တိုက်တွန်း

ပြည်သူလူထုရဲ့ဆန္ဒ မပါဝင်ဘဲ အာဏာသိမ်းစစ်ကော်မရှင်က ကျင်းပဖို့ရှိနေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ကယန်းအမျိုးသားတပ်မတော် (K.N.A) က ထုတ်ပြန်လိုက်ပါတယ်။
Read More

သတ်မှတ်ရန်ပုံငွေထက် ၂ဆကျော်ရရှိခဲ့လို့ မင်းတပ်မြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မယ်လို့ ချင်းတော်လှန်ရေးတပ် ကြွေးကြော်

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲဖို့ သတ်မှတ်ထားတဲ့ ရန်ပုံငွေ ထက် ၂ဆကျော် ရရှိခဲ့တာကြောင့် မြို့သိမ်းတိုက်ပွဲကို အောင်မြင်စွာဆင်နွှဲသွားမယ်လို့ ချင်းကာကွယ်ရေးတပ် (မင်းတပ်) က ဒီနေ့ ဒီဇင်ဘာလ ၂ ရကမှာ အသိပေးထုတ်ပြန်ပါတယ်။