ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ အောက်တိုဘာလ ၁၉ ရက်ကနေ ၂၃ ရက်အထိ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ ဦးဆောင်တဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့က သတင်းထုတ်ပြန်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ အောက်တိုဘာလ ၁၉ ရက်က အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကို တက်ရောက်ခဲ့ပြီး အောက်တိုဘာလ ၂၀ ရက်မှာ အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းအဝေးနဲ့ ညီလာခံရဲ့ General Debate အစီအစဉ်တွေကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီအစည်းအဝေးတွေအပြင် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှား၊ ထိုင်း၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတေးလျနိုင်ငံတို့က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေအတွင်း အကြမ်းဖက်စစ်တပ်က ဆက်လက်ကျူးလွန်လုပ်ဆောင်နေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေ၊ အဆိုပါလုပ်ရပ်တွေကြောင့် နေရပ်စွန့်ခွာနေပြီး ဒုက္ခရင်ဆိုင်နေရတဲ့ ပြည်တွင်းက စစ်ဘေးရှောင်ပြည်သူတွေနဲ့ အခြားနိုင်ငံတွေရှိ ရွှေ့ပြောင်းမြန်မာပြည်သူတွေရဲ့ အခြေအနေတွေ၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမယ့် တရားဝင်မှုမရှိတဲ့ အတုအယောင်ရွေးကောက်ပွဲနဲ့ ရလဒ်အပေါ် ကန့်ကွက်ပေးရေး၊ အသိအမှတ်မပြုရေး၊ မတရားဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ၂၀၂၀ ပြည့်နှစ် အထွေထွေးရွေးကောက်ပွဲမှ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို ကမ္ဘာ့လွှတ်တော်အသိုက်အဝန်းက ဆက်လက်အသိအမှတ်ပြုရေး၊ လက်ရှိ ပဋိပက္ခဖြေရှင်းရေးနဲ့ ရေရှည်တည့်တံ့တဲ့ အဖြေရှာခြင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ ဆောင်ရွက်သွားမယ့်လုပ်ငန်းစဉ်တွေအပေါ် ထိရောက်တဲ့ ပံ့ပိုးကူညီမှုတွေ ရရှိရေးတို့ကို အဓိကထား ဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာပါလီမန်များအဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံက နိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှုနောက် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ အမှုဆောင်ကောင်စီက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကို IPU ရဲ့ အဓိက ဆွေးနွေးဖက်မိတ်ဖက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ဒီနေ့ထိတိုင် ဆက်လက်အသိအမှတ်ပြုထားတာ ဖြစ်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ညီလာခံတတိယနေ့အစီအစဉ်တွေမှာလည်း ဆက်လက်ပါဝင် တက်ရောက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမယ်လို့ ဘယ်သူမှ ယုံမှာမဟုတ်ဘူးဟု ထင်မြင်ကြောင်း ကုလအကြီးအကဲ ဆို

မြန်မာနိုင်ငံမှာ ကျင်းပတော့မယ့် စစ်အုပ်စု ရွေးကောက်ပွဲရဲ့ မျှတမှုအပေါ် သံသယရှိကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့မှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
Read More

ချင်းမိုင်တက္ကသိုလ်ကျောင်းသား ၁၀ ဦး ဘတ်သန်းချီပြီး အွန်လိုင်းငွေလိမ်ခံရ

ချင်းမိုင်တက္ကသိုလ် (CMU) က ကျောင်းသား ၁၀ ယောက် တစ်ရက်တည်းမှာပဲ အွန်လိုင်းငွေလိမ်ခံရပြီး ဘတ်သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ကြရကြောင်း CMU နဲ့ နယ်မြေခံရဲတပ်ဖွဲ့က သတိပေးခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Read More

မြန်မာ့အရေး အမေရိကန်၏ လျစ်လျူရှုမှုဟာ တရုတ်လွှမ်းမိုးမှုချဲ့ထွင်ဖို့ တံခါးဖွင့်ပေးခြင်း ဟု SAC-M ပြော

အမေရိကန်က မြန်မာပြည်နဲ့ သိသိသာသာ ထိတွေ့ဆက်ဆံမှု ဖြတ်တောက်လိုက်ခြင်းဟာ ‌တရုတ်အတွက်တော့ ဒေသတွင်း ဩဇာလွှမ်းမိုးမှု ချဲ့ထွင်ဖို့ တံခါးဖွင့်ပေးသလို ဖြစ်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ ၆ ရက်နေ့မှာ ပြောပါတယ်။ 
Read More

ဘန်ကောက်ကို ရောက်နေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အင်တာပိုအား NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဌာန တိုက်တွန်း

ဘန်ကောက်ကို ရောက်ရှိနေတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့အတွက်  နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရဲအဖွဲ့ (အင်တာပို) အတွင်းရေးမှူးချုပ်ရုံးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက စာပေးပို့လိုက်ပါတယ်။
Read More

လူမျိုးတုံး သတ်ဖြတ်မှုအတွက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC အစိုးရရှေ့နေ တောင်းဆို

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေအတွက် အကြမ်းဖက်စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICC) ရဲ့ အစိုးရရှေ့နေချုပ်က တရားသူကြီးတွေကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုလိုက်ပါတယ်။
Read More

လန်ဒန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲ ပြုလုပ်

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အထိမ်းအမှတ် တော်လှန်ရေးရံပုံငွေ စျေးရောင်းပွဲကို မနေ့က ပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဗြိတိန်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။