ဘန်ကောက်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဘီလာရုစ်နိုင်ငံသူ မော်ဒယ်တယောက်ဟာ မြန်မာပြည်ကို အတင်းအကျပ် ခေါ်သွားခံခဲ့ရပြီး ငွေလိမ်ဂိုဏ်းတွေက သတ်ဖြတ်ကာ ကိုယ်အင်္ဂါတွေ မှောင်ခိုရောင်းချခံခဲ့ရတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေဟာ မဟုတ်မမှန်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဘက်က ငြင်းဆန်ထားပါတယ်။

အသက် ၂၆ နှစ်အရွယ် ဗီရာ ကရော့ဗ်ဆို့ဗာနဲ့ပတ်သက်တဲ့ ဖြစ်စဉ်ကို ရုရှားသတင်းဌာနတခုဖြစ်တဲ့ Mash က ပထမဆုံး ဖော်ပြခဲ့တာဖြစ်ပြီး နောက်ပိုင်း နိုင်ငံတကာမီဒီယာတွေက ဖော်ပြကာ ပြီးခဲ့တဲ့အပတ်ထဲ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာတာဖြစ်ပါတယ်။

သတင်းတွေမှာ ဖော်ပြထားချက်အရ အဆိုပါ အမျိုးသမီးငယ်ဟာ မော်ဒယ်အလုပ်အင်တာဗျူးအတွက် ဘီလာရုစ်ကနေ ဘန်ကောက်ကို စက်တင်ဘာလမှာ ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံကို အတင်းအကျပ် ခေါ်သွားခံရကာ ငွေလိမ်စင်တာတခုမှာ အဓမ္မခိုင်းစေခံခဲ့ရတယ်လို့ သိရပါတယ်။

“သူမရဲ့ တာဝန်တွေထဲမှာ လှလှလေးနေရတာ၊ ‘သခင်တွေ’ ကို ဧည့်ခံပြုစုရတာနဲ့ ချမ်းသာတဲ့သူတွေကို လှည့်ဖျားငွေလိမ်ရတာတွေ ပါဝင်ပါတယ်” လို့ Mash သတင်းဌာနက ဖော်ပြခဲ့တာပါ။

ကရော့ဗ်ဆို့ဗာဟာ သူမရဲ့ ပစ်မှတ်တွေ ပြည့်မီအောင် လိမ်လည်တာတွေ မလုပ်ဆောင်နိုင်တာကြောင့် ညှဉ်းပန်းနှိပ်စက်ခံရပြီး အသတ်ခံခဲ့ရကြောင်း၊ သူမရဲ့ ကိုယ်အင်္ဂါတွေ ထုတ်ယူရောင်းချခံခဲ့ရကြောင်း သတင်းတွေက ဆိုထားတာပါ။

ငွေလိမ်ဂိုဏ်းက သူမရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့အတွက် မိသားစုထံကနေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ တောင်းခဲ့ပြီး နောက်ပိုင်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ မီးသင်္ဂြိုဟ်လိုက်ပြီလို့ မိဘတွေကို ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

သုဝဏ္ဏဘူမိလေဆိပ် လုံခြုံရေးဗီဒီယိုတွင် အသက် ၂၆ နှစ်အရွယ် ဘီလာရုစ်မော်ဒယ် Vera Kravtsova သည် စက်တင်ဘာ ၂၀ ရက်က မြန်မာနိုင်ငံမှ ရန်ကုန်သို့ ထွက်ခွာမည့် လေယာဉ်မတက်မီ လူဝင်မှုကြီးကြပ်ရေး ရှင်းလင်းရေး ဗီဒီယိုတွင် တွေ့ရစဉ် (ဓာတ်ပုံ Immigration Bureau)


သူမဟာ မြန်မာပြည်မြောက်ပိုင်း တနေရာမှာ သတ်ဖြတ်ခံခဲ့ရတာဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပါရှိပါဘူး။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် Choengron Rimpadee ကတော့ အောက်တိုဘာလ ၂၁ ရက် အင်္ဂါနေ့မှာ ဌာနရဲ့ စစ်ဆေးမှုအရ သူမဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အတင်းအကျပ် ခေါ်သွားခံရတာမျိုး မရှိဘူးလို့ တုံ့ပြန်ပြောဆိုထားပါတယ်။

သူမဟာ စက်တင်ဘာလ ၁၄ ရက်နေ့က သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၂၀ ရက်နေ့၊ မနက် ၇ နာရီ ၂၀ မိနစ် မှာ ထိုင်းလေကြောင်းလိုင်း (Thai Airways) ရဲ့ TG 301 လေယာဉ်နဲ့ ရန်ကုန်ကို ထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ သူက ပြောဆိုပါတယ်။

သူမဟာ အလိုအလျောက် ဖြတ်သန်းခွင့် တံခါးကတဆင့် တကိုယ်တည်း ဖြတ်သန်းသွားခဲ့ခြင်းဖြစ်ပြီး CCTV မှတ်တမ်းတွေထဲမှာလည်း ဘယ်သူတဦးတယောက်ကမှ အတင်းအကျပ် ဖိအားပေးတဲ့ ဒါမှမဟုတ် ခြိမ်းခြောက်တဲ့လက္ခဏာမျိုး မတွေ့ရှိရကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

“သတင်းဖော်ပြပါ ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်စဉ်တွေဟာ အဲဒီမော်ဒယ်လ် မြန်မာနိုင်ငံကို လေကြောင်းနဲ့ ရောက်ပြီးနောက်မှာမှ ဖြစ်ပွားခဲ့တာပါ” “အဲဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ ကျနော်တို့ ထိုင်းရဲတပ်ဖွဲ့က မသိပါဘူး။ ဒါဟာ ကျနော်တို့ရဲ့ လုပ်ပိုင်ခွင့်အာဏာပြင်ပက ကိစ္စရပ်ဖြစ်ပါတယ်” လို့ ရဲမှူးချုပ် Choengron က ပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသမီးငယ်ရဲ့ လေဆိပ်ကို ရောက်ရှိလာမှု၊ ထွက်သွားမှု အချက်အလက်တွေကို ဘန်ကောက်က ဘီလာရုစ်ကောင်စစ်ဝန်ရုံးကို လွှဲပြောင်းပြီးဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံခြားသားတွေ ငွေလိမ်ဂိုဏ်းတွေရဲ့ လှည့်ဖြားခံရခြင်းကနေ ကာကွယ်ဖို့နဲ့ ရာဇဝတ်သားတွေ ဗီဇာမလိုဘဲ နိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်းမှ တားဆီးဖို့ စိစစ်ရေးအစီအမံတွေချထားကြောင်း၊ အခုနှစ်အတွင်း လူ ၃၄,၀၀၀ ခန့်ကို ရာဇဝတ်မှု ဒါမှမဟုတ် လူကုန်ကူးမှု ကွန်ရက်တွေနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆရတဲ့အတွက် ထိုင်းကိုဝင်ခွင့် ငြင်းပယ်ထားကြောင်း သူက ပြောဆိုခဲ့ပါတယ်။

မူရင်းသတင်း – Slain model not ‘forced’ to go to Myanmar, Thai officials say

0 Shares:
You May Also Like
Read More

ထိုင်းနှင့် ကမ္ဘောဒီးယား သံတမန်ညှိနှိုင်းမှုအဆင့်ကို ကျော်လွန်ကာ ဒုတိယမြောက်နေ့ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့

နယ်စပ်အငြင်းပွါးမှု ပြဿနာကြီးထွားလာရာကနေ မနေ့က မနက်ပိုင်းမှာ ပစ်ခတ်မှုတွေ စတင်ခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား တိုက်ပွဲဟာ ဒီနေ့မှာ ဆက်လက်ပြင်းထန်လာခဲ့ပါတယ်။
Read More

အီဖယ်တာဝါမှ ထီးသပိတ်လှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကနေ ပေးပို့လာတဲ့ ၃၇ နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အကြို ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံတွေကို ရန်ကုန်လူထုသပိတ်က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ပယ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို ထောက်ခံရန် သံအမတ်ကြီး ဦးကျော်မိုးထွန်း နိုင်ငံတကာကို တိုက်တွန်း

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာပြုလုပ်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ပြတ်သားစွာ ပယ်ချကြဖို့ တိုက်တွန်း လိုက်ပါတယ်။
Read More

MNDAA နဲ့ မြန်မာစစ်တပ် အပစ်ရပ်သဘောတူညီမှုစာချုပ်ကို တရားဝင်လက်မှတ်ရေးထိုးကြောင်း တရုတ်နိုင်ငံခြားရေး ပြော

မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ မြန်မာစစ်တပ်တို့ဟာ စနေနေ့က စတင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ် ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
Read More

အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်၏ ကလေးစစ်သားအသုံးပြုမှု မြင့်တက်လာကြောင်း HRW ထုတ်ပြန်

ကလေးစစ်သားအသုံးပြုမှု ကာလရှည်နာမည်ဆိုးရှိခဲ့တဲ့ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကလေးစစ်သား စုဆောင်း အသုံးပြုမှု ပိုများလာတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇွန်လ ၂၀ ရက်မှာ ပြောပါတယ်။ 
Read More

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြောင်းဖို့ အာဏာသိမ်းစစ်တပ်က ထိုင်းကိုပြော

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကို ထိုင်းကုန်စည်တွေ တင်သွင်းမှု တင်းကျပ်ထားတဲ့ အာဏာသိမ်းစစ်တပ်က ထိုင်းပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ၎င်းတို့ကုန်စည်တွေကို ရနောင်းနဲ့ မယ်ဆိုင်နယ်စပ်ဂိတ်တွေကနေ တင်သွင်းဖို့ ပြောဆိုလိုက်ပါတယ်။