ပြင်သစ်နိုင်ငံမှာ ပြုလုပ်တဲ့ နိုင်ငံပေါင်းစုံဆုတောင်းပွဲမှာ တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပြီး လွတ်မြောက်ခြင်းနဲ့အတူ မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်စေဖို့ ဆုတောင်းပေးခဲ့ပါတယ်။

”မနေ့ညက နိုင်ငံပေါင်းစုံ ဆုတောင်းပွဲမှာ မြန်မာစကားနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ခွင့်ရလို့…အမိမြေနဲ့ အန်တီဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းခဲ့ပါတယ်ရှင်”လို့ ရေးသားကာ ဖြူဖြူကျော်သိန်းက သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က မျှဝေခဲ့ပါတယ်။

“အထူးသဖြင့် ထောင်ထဲမှာ မကျန်းမမာဖြစ်နေတဲ့ အသက် (၈၀) အရွယ် သမီးတို့ မြန်မာပြည်ရဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် အန်တီဒေါ်အောင်ဆန်းစုကြည်ကို ကွယ်ကာပါ။ ကယ်တင်ပါ။ ကျန်းမာခြင်းနဲ့ လွတ်မြောက်ခြင်း တစ်ဖန်ပေးတော်မူပါ။ မိသားစုနဲ့ ပြန်ဆုံဆည်းခွင့်ပေးတော်မူပါ”လို့ ဆုတောင်းစကားဆိုခဲ့ပါတယ်။

Video – Phyu Phyu Kyaw Thein

0 Shares:
You May Also Like
Read More

စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးနေ (ရုပ်/သံ)

မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ ပန်းတိမ်ကုန်း၊ကညှပ်၊ နောင်တော်ကြီး၊ နောင်တော်လေး၊ ဥယျာဥ်စု၊ ပန်းတောကျေးရွာနှင့် ကျောက်ခဲကုန်းကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ကာ လက်နက်ကြီး၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်သူ့ ညီနောင် - စလင်းက ထုတ်ပြန်ထားပါတယ်။
Read More

ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP တို့ တိုက်ပွဲဖြစ်ပွား (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ် ပံ့ဝိုးကျေးရွာအုပ်စု ပုံဝိုးကျေးရွာအနီး ထိုးစစ်ဆင်လာတဲ့အတွက် နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်တပ်မှ မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြီး တိုက်ခိုက်နေတယ်လို့ SSPP မှ ရုပ်သံဖိုင်နဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
Read More

FBGA က မိုင်းနဲ့လက်နက်ခဲယမ်း ထုတ်လုပ်မှုမှတ်တမ်းတွေကို ထုတ်ပြန် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် မှာအခြေစိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ Fighter Brotherhood Guerrilla Army - FBGA ၎င်းတို့ရဲ့ စစ်လက်နက်ထုတ်လုပ်နေတဲ့ မှတ်တမ်းတွေကို မနေ့က ဒီဇင်ဘာလ ၁၄ ရက်နေ့က အသိပေးထုတ်ပြန်ပါတယ်။
Read More

ဖရူဆိုမြို့ထဲက ရပ်ကွက်အချို့ကို စစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ကရင်နီဒေသက ဖရူဆိုမြို့နယ်ထဲက ရပ်ကွက်နှစ်ခုက နေအိမ်တွေကို အာဏာသိမ်းစစ်ကောင်စီက အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့  ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ဗဟိုက ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
Read More

အရာတော်မြို့နယ်ရှိ အမတ ၃၆၉ တပ်ရင်းကို ၆၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမတ ၃၆၉ တပ်ရင်းကို ဖေဖော်ဝါရီ ၁၃ ရက် မနေ့က ၆၀ မမ လက်နက်ကြီး ၃ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Snipe Rangers Force အဖွဲ့ထံက သိရပါတယ်။
Read More

ဖလမ်းမြို့နယ်အတွင်း တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီး (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့နယ် သီးဘွာလ်ကျေးရွာ တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်နဲ့ ဗုံးကြဲဖျက်ဆီးခဲ့တယ်လို့ CNO/CNDF ပြောရေးဆိုခွင့် ရှိသူ ဆီက သိရပါတယ်။