စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၀ ရက် မနေ့က မနက် ၉ နာရီခွဲဝန်းကျင်ခန့်မှာ တန့်ဆည်မြို့နယ် အက်တောရွာကနေ ကာဘိုးရွာသို့ တပ်ပြန်ဆုတ်လာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်သား ၅ ယောက် နေရာမှာတင် သေဆုံးပြီး ၁၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်မြို့နယ်ပကဖ၊ ရွှေဘိုခရိုင် အမှတ် -၅၂ ဗျူဟာတပ်ရင်း၊ ရေဦးပကဖနဲ့ PLA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Video – ပ.က.ဖ တန့်ဆည်မြို့နယ်

0 Shares:
You May Also Like
Read More

တောင်ငူခရိုင် ဖြူးလမ်းမကြီးဘေးရှိ ကျေးရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲနှင့် စစ်သား ၈ သေ၊ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးလမ်းမကြီးဘေးရှိ ဝဲဒေါင့်ရွာနဲ့ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး ရဲနဲ့ စစ်သား ၈ ယောက်ကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ တောင်ငူခရိုင်အမှတ် ၂ တပ်ရင်း P23502 က ထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွင် အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (TRI) ဗျူဟာမှ ဗျူဟာမှူး ကိုနွယ်နီ၏ သတိပေးပြောကြားချက် (ရုပ်/သံ)

''ခင်ဗျားတို့ စစ်ကောင်စီတပ်ကို လုံးဝ ပျက်သုန်းသွားတဲ့အထိ ကျနော်တို့ ​ချေမှုန်းမယ်။ သုတ်သင်မယ်။ ပြီးတော့ ခင်ဗျားတို့ စစ်ကောင်စီတပ်ကို တစ်ယောက်ချင်းစီ စစ်ခုံရုံးကို ဂုတ်စွဲပြီး ခေါ်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားသွားမယ်လို့ အသိပေးသတိပေးချင်တယ်"
Read More

တန့်ဆည်မြို့နယ် မူးတိမ်ပျူရွာကို ‌တော်လှန်ရေးတပ်‌များ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းရှိ မူးတိမ်ပျူရွာကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

စစ်ကောင်စီ တပ်သား ၄၀ ခန့်သေပြီး စခန်းစွန့် ထွက်ပြေးမှုများနှင့် မဲပလီဗျူဟာစခန်း တိုက်ခိုက်သိမ်းပိုက်မှု မှတ်တမ်း (ရုပ်/သံ)

KNU တပ်မဟာ (၁) နယ်မြေက စစ်ကောင်စီရဲ့ မဲပလီဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင် အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လိုက်ပါတယ်။
Read More

ပစ္စည်းကိရိယာ မစုံလင်တဲ့ကြားက ပြည်သူ့ကာကွယ်ရေး ရဲဘော်များ မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဖောက်ခွဲရှင်းလင်း (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကြောင့် ပြည်သူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိစေရေးအတွက် ၄၀ မမ ဗုံးသီးတစ်လုံးကို ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့တယ်လို့ ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံက သိရပါတယ်။
Read More

တိုက်ပွဲပြန် KIA၊ KPDF၊ NPDF တွေကို ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ တိုက်ပွဲကပြန်လာတဲ့ KIA၊ KPDFနဲ့ NPDF တွေကို ဒီဇင်ဘာ ၁၂ ရက်က ပြည်သူများ သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ နွေဦးရောင်နီ ပြည့်သူ့တော်လှန်ရေး ထောက်ပို့ PRFမှ ထုတ်ပြန်ထားပါတယ်။