မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီး ၁ ယောက်ကို လူသတ်အလောင်းစွန့်ပစ်ပြီး ပစ္စည်းလုယူမှုဖြစ်ပွားခဲ့ကာ ကျူးလွန်သူလို့ သံသယရှိသူ ၂ ယောက်လည်း ထွက်ပြေးလွတ်မြောက်နေတယ်လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၉ ရက် နေ့လယ်ပိုင်းက ဆောမြို့နယ်၊ သန်းပင်ခုံ၊ စုန်းတလင်းပြင် ဥယျာဉ်တောအတွင်း ဆာလာအိတ်နဲ့ ထုတ်ထားတဲ့ အလောင်း ၁လောင်းကို ရပ်ကွက်နေပြည်သူတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဆာလာအိတ်အတွင်းက သေဆုံးသူဟာ ဆောမြို့နယ်၊ ဇေယျာရပ်ကွက်၊ ရဲစခန်းအနီးမှာနေထိုင်တဲ့ အသက် (၆၂) နှစ်အရွယ် ဒေါ်ရှိန်းခေါဝါ ဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၇ ရက်နေ့က သန်းပင်ခုံ၊ စုန်းတလင်းပြင်ဥယျာဉ်ဘက် ထင်းသွားရှာဖို့ ထွက်ခွာသွားချိန်ကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ကြောင်းနဲ့ လူပျောက်လိုက်လံရှာဖွေရာမှာ တောအတွင်းဆောက်ထားတဲ့ တောင်ယာတဲနဲ့ ကိုက် ၅၀ အကွာမှာ သေဆုံးနေတဲ့ အလောင်းကို ပြန်လည်တွေ့ရှိခဲ့ရတာဖြစ်ကြောင်း ကိုအောင်ကြီးက ပြောပါတယ်။

ဒေါ်ရှိန်းခေါဝါ၏ အလောင်းအား တွေ့ရစဥ်

ဒေါ်ရှိန်းခေါဝါဟာ နေအိမ်က ထွက်ခွာချိန်မှာ (၁)ကျပ်သားခန့် ရွှေဆွဲကြိုး(၁)ကုံး၊ (၁)မတ်သားခန့် လက်စွပ်(၁)ကွင်း၊ နားကပ် ၁ရံ၊ ကိုယ်နဲ့မကွာဆောင်ထားတဲ့ ဘေးလွယ်အိတ် ၁လုံးကို ယူဆောင်သွားခဲ့ပေမယ့် အလောင်းတွေ့ရှိချိန်မှာတော့ အထက်ပါ အိတ်နဲ့ လက်ဝတ်ရတနာတွေ အကုန်လုံးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
သေဆုံးသူဒေါ်ရှိန်းခေါဝါဟာ ဆောမြို့၊ ဇေယျာရပ်ကွက် ရဲစခန်းအနီး‌မှာနေထိုင်ပြီး ဦးဖိုးလှိုင်ခန်းမမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အကြမ်းဖက် စစ်အုပ်စုလက်အောက်ခံ ရဲတပ်ကြပ်ကြီး ဦးရှာလောရဲ့ ဇနီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်ရှိန်းခေါဝါ သေဆုံးမှုနဲ့ပတ်သက်လို့ လက်ရှိမှာ ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးနေပြီး စစ်ဆေးတွေ့ရှိချက်တွေအရ ဒေါ်ရှိန်းခေါဝါ နေအိမ်ကို မကြာခဏ အ၀င်အထွက်ရှိကြတဲ့ ကိုချစ်ရင်ထူးနဲ့ ကိုဖိုးအေးဆိုသူတို့ဟာ အခင်းဖြစ်တဲ့နေ့ကတည်းက ပျောက်ဆုံးနေကြတယ်လို့ ကိုအောင်ကြီးက ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်ရှိန်းခေါဝါရဲ့ ဥယျာဥ်တဲမှာ နေထိုင်နေတဲ့ ကိုဝဏ္ဏကျော်ဆိုသူကိုပဲ တာဝန်ရှိသူတွေက စစ်ဆေးနေရတယ်လို့ သိရပါတယ်။

သံသယ တရားခံတွေလို့ ယူဆထားကြတဲ့ ကိုချစ်ရင်ထူး (၂၅) နှစ်ဟာ ရန်ကုန်တိုင်း၊ ထန်းတစ်ပင်မြို့နယ် ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်ဘက်ကနေ အလင်း၀င်းလာတဲ့ ရဲတပ်သား ၁ယောက်ဖြစ်သလို ကိုဖိုးအေး (၂၆)နှစ်ဟာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ဇာတိဖြစ်ကာ အလားတူ ရခိုင်ပြည်နယ်ဘက်မှာ အလင်း၀င်ခဲ့တဲ့ ရဲတပ်သား ဖြစ်တယ်လို့ သိရပါတယ်။

သူတို့ ၂ယောက်ဟာ ရခိုင်ပြည်နယ်ဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်ခဲ့ပြီးတဲ့နောက် ချင်းပြည်နယ်ကို ရောက်ရှိခဲ့သလို အဲ့ဒီကမှတဆင့် လက်ရှိ မကွေးတိုင်း၊ ဆောမြို့မှာ နေထိုင်နေကြတာဖြစ်ကြောင်းနဲ့ သေဆုံးသူ ဒေါ်ရှိန်းခေါဝါနဲ့ လူမူရေးအရ ရင်းနှီးကြကာ နေအိမ်ကို မကြာခဏအဝင်အထွက်လုပ်ကြကြောင်း၊ အခင်းမဖြစ်ခင်အချိန်အထိ ဆောမြို့မှာပဲရှိနေသေးကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ဒေါ်ရှိန်းခေါဝါ၏ အလောင်းအား တွေ့ရစဥ်

ဒါ့အပြင် လက်ရှိစစ်ဆေးခံနေရတဲ့ ကို၀ဏ္ဏကျော် (၂၁)နှစ်ကတော့ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်ဇာတိဖြစ်ကာ ရခိုင်ပြည်နယ်ဘက်မှာ အလင်းဝင်ရောက်ခဲ့သလို လက်ရှိ သံသယတရားခံ ကိုချစ်ရင်ထူးဆီမှာ လာရောက်နေထိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

“သေဆုံးသူက လက်ရှိ ဦးဖိုးလှိုင် စခန်းထဲမှာ ရဲတပ်ကြပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့သူရဲ့ ဇနီးပါ။ သံသယရှိသူတွေက ရခိုင်ပြည်နယ်ဘက်ကနေ အလင်းဝင်လာပြီး ဒီဘက် လာနေတာ၊ သေဆုံးသူဆီ တည်းခိုတာ၊ အဝင်အထွက်လုပ်တာတွေ ရှိတယ်လို့ သိရတယ်။ အဓိကကတော့ လူသတ်၊ အလောင်းဖျောက်၊ ပစ္စည်းယူတဲ့အမှုပေါ့။ ကျူးလွန်တယ်လို့ သံသယရှိတယ်ဆိုတဲ့သူတွေကို ကြည့်ရင်လည်း အရင်က စကစဘက်မှာ နေခဲ့ပြီး အခုမှအလင်းဝင်လာတယ်။ နောက်ပိုင်းတွေ့ရတဲ့အမှုတွေကလည်း ဒီလိုတွေချည်းပဲဆိုတော့ အလင်းဝင်လာတိုင်း မယုံရဘူး ဖြစ်နေတယ်။ သူတို့တွေဟာ တိုက်ပွဲကာလမှာ အရေးမသာလို့ ဝင်လာတာမျိုးတွေလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ဘက်ကတော့ လူသားချင်းစာနာထောက်ထားပြီး စောင့်ကြည့်ရင်း လွတ်လပ်ခွင့်ပေးကြတယ်။ အဲ့လိုအချိန် ယုံကြည်ရမှ အခုလိုဖြစ်တယ်။ အဲ့တော့ အလင်းဝင်လာတိုင်း ယုံကြည်လို့ရတာမဟုတ်ဘူးဆိုတာရယ် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တယ်ဆိုတာကို ဂရုစိုက်ဖို့လိုပါတယ်။” လို့ ယောအလင်းတန်းအဖွဲ့ဝင် ကိုအောင်ကြီးက မောင်းကိုပြောပါတယ်။

ဆောမြို့နယ်မှာ ဦးဖိုးလှိုင်ခန်းမ ကလွဲလို့ စစ်အုပ်စုအတွက် ထိန်းချုပ်နယ်မြေ မရှိသလောက်ဖြစ်နေပြီး အများစုကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားတာဖြစ်တာကြောင့် လက်ရှိဖြစ်စဥ်အပေါ် စစ်အုပ်စုက အလေးမထားဘဲ တော်လှန်ရေးအစိုးရ NUG လက်အောက်ခံယန္တရားက ရှာဖွေဖော်ထုတ်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေါ်ရှိန်းခေါဝါ၏ အလောင်းအား တွေ့ရစဥ်
0 Shares:
You May Also Like
Read More

ကျိုက်မရောတွင် KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းများနှင့် လက်နက်ပစ္စည်းများကို စစ်တပ် ဖမ်းမိဟု ဆို

မွန်ပြည်နယ်၊ ကျိုင်မရောမြို့နယ်က နန္ဒာလမ်းဆုံ စစ်ဆေးရေးဂိတ်မှာ KNU/KNLA (PC) အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေအပြင် မူးယစ်ဆေးဝါးနဲ့ စစ်လက်နက်ပစ္စည်းတွေကို ဖမ်းဆီးရမိထားတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက သတင်းဖော်ပြလာပါတယ်။
Read More

ဧရာ၀တီ PDF စစ်ဗျူဟာ ဖွဲ့စည်းနိုင်မှုအပေါ် ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

တောင်ပိုင်းတိုင်းစစ်ဒေသမှာ ဧရာ၀တီ PDF စစ်ဗျူဟာ အမှတ် ၂၉ ကို ဖွဲ့စည်းနိုင်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Force)က သဝဏ်လွှာတစ်ရပ် ပေးပို့လိုက်ပါတယ်။
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

ဖားဆောင်း ခလရ ၁၃၅ မကျရေး စစ်တပ်ခုခံနေ

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က ခလရ (၁၃၅) စစ်စခန်းမကျရေးကို စစ်တပ်က ခုခံနေဆဲဖြစ်ပြီး တိုက်ပွဲတွေလည်း ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

ဒီးမော့ဆိုအနောက်ခြမ်း စစ်ရှောင်ပြည်သူများ သောက်သုံးရေနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင် ပြည်သူတွေဟာ သောက်သုံးရေ၊ ဆန်နဲ့ ရိက္ခာအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ Jobs For Kayah ထံက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်းသား မဟုတ်ဟု NLD ပါတီထွက် ဒေါ်သက်သက်ခိုင် ဝေဖန်တိုက်ခိုက်

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအကျဉ်းသားလို့ နိုင်ငံတကာက သတ်မှတ်ထားပေမယ့် နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အစိုးရတစ်ရပ်ဖြစ်ခဲ့ချိန်က အကျင့်ပျက်လာဘ်စားမှုပုဒ်မတွေနဲ့ တရားစွဲခံထားရပြီး ပြစ်ဒဏ်ကျခံနေရတာ ဖြစ်တယ်လို့ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်မယ့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရဲ့ ဥက္ကဌ ဒေါ်သက်သက်ခိုင်က သတင်းစာရှင်းလင်းပွဲမှာ ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။