ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှာ ပစ္စည်းလုယက်ပြီး အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့တဲ့ ရုပ်သံဖိုင်ကို Zaw Min Oo အမည်ဖြင့် Facebook သုံးစွဲသူက အောက်တိုဘာ ၁၉ ရက်မှာ မျှဝေခဲ့ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ပျံ့နှံ့လာတဲ့ CCTV မှတ်တမ်းဖိုင်အရ မရမ်းကုန်းမြို့နယ် ဂန္ဓမာလမ်းမပေါ်မှာ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက် ရပ်ပြီး စကားပြောနေစဉ် အနားမှာ ဖြတ်လျှောက်သွားတဲ့ အမျိုးသား ၁ ယောက်က အမျိုးသမီးကိုင်ဆောင်ထားတဲ့ ပစ္စည်းကို လုယက်ကာ အနီးမှာ အသင့်စောင့်ဆိုင်းနေတဲ့ ဆိုင်ကယ် ပေါ်တက်ကာ မောင်းနှင်ထွက်ပြေးသွားကြပါတယ်။

”တိုင်းပြည်ကအခြေအနေတော်တော်ဆိုးသွားပီ။လူတွေက အကျင့်အရမ်းပျက်နေကြပီ။အာဖရိကဆိုမာလီယာလိုမျိုးဖစ်နေပါပီ”၊”လွတ်ငြိမ်းမှာ ဆရာကြီးတွေက အမြဲတမ်းခိုးဆိုးလုယက်အတွက် ခွင့်ရေးရနေတာဒါကြောင့်ထွက်လမ်းရှိ၍လုပ်နေကြသည်”၊ ”ဆိုင်ကယ်ခိုးတယ် စက်ဘီးလုပြေးတယ် အဆင်သင့်ရပ်ထားတဲ့ဆိုင်ကယ်ပေါ်တတ်ပြေးတယ် လူမြင်တော့ သံတုတ်ပြတယ် လက်ပိုက်ကြည့်နေကြရတဲ့ဘဝ”စသဖြင့် လူမှုကွန်ရက်သုံးစွဲသူတွေက မှတ်ချက်ပြုကြပါတယ်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် မြို့ပြတွေမှာ မူးယစ်ဆေးသုံးစွဲဖြန့်ဝေမှု၊ ဒုစရိုက်မှုတွေ ပေါများလာပြီး တာဝန်ရှိသူတွေကလည်း ထိရောက်တဲ့ အရေးယူမှု မရှိသလောက် နည်းပါးလျက်ရှိပါတယ်။

မြို့လုံခြုံရေးအကြောင်းပြချက်ပေးကာ စစ်တပ်က ဘန်ကာတွေ တည်ဆောက်ပြီး မြို့နေရာအနှံ့အပြားမှာ နေရာယူထားပေမယ့် နိုင်ငံရေးအရ ပြည်သူကို ဖိနှိပ်နိုင်ဖို့သာ အာရုံစိုက်ထားကာ ခိုးဆိုးလုယက် သူတွေကိုတော့ မျက်ကွယ်ပြုထားတာ ဖြစ်ပါတယ်။

Video – Zaw Min Oo

0 Shares:
You May Also Like
Read More

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်သားများအားတိုက်ခိုက်မှု ဗိုလ် ၁ ဦးအပါအဝင် စစ်သားအများအပြားသေဆုံး (ရုပ်/သံ)

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂ ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သား တွေကိုတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ယောက်အပါအဝင် စစ်သားအများအပြားသေဆုံးခဲ့ပါတယ်။ ဒါအပြင် PDF ရဲဘော် ၂ ယောက့ ကျဆုံးခဲ့ရတယ်လို့ လည်း ပေါက်မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ က မနေ့ညပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

တန့်ဆည်မြို့နယ်အတွင်း စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၅ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အရှေ့ခြမ်းမှာ စစ်ကော်မရှင်တပ်သားတွေ တိုက်ခိုက်ခံရပြီး ၅ ယောက် သေဆုံးခဲ့တယ်လို့ ပ.က.ဖ တန့်ဆည်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။
Read More

အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာတဲ့ ABSDF ရဲဘော်များအား ပြည်သူများမှ အောင်သပြေများဖြင့် ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

စစ်ကိုင်းတိုင်း အင်းတော်မြို့သိမ်းတိုက်ပွဲမှ ပြန်လာကြတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း ၊ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်များအား ပြည်သူများက အောင်သပြေပန်းများနဲ့ ကြိုဆိုဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပ (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သာယာဝတီခရိုင် တပ်ရင်း ၃၊ ၃၈၀၃ တပ်ရင်း၊ အပတ်စဉ် ၂ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို Myanmar Defense Force မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

အမ်း နပခ မှာ လက်နက်ချတဲ့ စစ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ AA ကယ်ထုတ် (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)မှာ လက်နက်ချအညံ့ခံလာတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးနဲ့ လေကြောင်းရန်ကြားကနေ ကယ်ထုတ်နေတဲ့ ရုပ်သံဖိုင်ကို အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်ပါတယ်။