မကွေးတိုင်း၊ စလင်းမြို့နယ် တော်လှန်ရေးစိုးမိုးနယ်မြေအတွင်းရှိ ကိုယ်ဝန်ဆောင်ပြည်သူ အမျိုးသမီးတစ်ယောက်ရဲ့ သားဦးကို စလင်း (ပကဖ) ဆေးတပ်သားတွေက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့မှာ စလင်း (ပကဖ) ဆေးတပ်သားတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို နေရာအခက်အခဲတွေ များစွာရှိတဲ့ကြားထဲက အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ကလေးက သားဦးလည်းဖြစ်တော့ မွေးဖွားတဲ့နေရာ အနည်းငယ် အခက်အခဲတော့ ရှိပေမယ့် အဆင်ပြေပြေနဲ့ မွေးဖွားနိုင်ပါတယ်ဗျ။ သားဦးဆိုတော့ အချိန်အနည်းငယ် ကြာမြင့်တာလေးပဲ ရှိတယ်ဗျ။ သူ့ရဲ့နေအိမ်မှာ သွားရောက် မွေးဖွားပေးခဲ့တာပါ” လို့ စလင်းပကဖ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

မွေးဖွားပေးဖို့ သွားရောက်ချိန်မှာ လမ်းခရီးမကောင်းတဲ့အတွက် ၁နာရီလောက် လမ်းလျှောက်ခဲ့ရပြီး လက်ရှိမှာ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာရှိတယ်လို့ ဆိုပါတယ်။

“လက်ရှိ ကလေးရော မိခင်ရောက ကျန်းကျန်းမာမာရှိပါတယ်။ ကျနော်တို့ဆီ ရောက်လာတဲ့ လူနာတိုင်းကို တတ်နိုင်တဲ့ဘက်ကနေ နိုင်သလောက် ကုသမှုတွေ လုပ်ပေးခဲ့ပါတယ်” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

လက်ရှိမှာ စလင်း (ပကဖ) မှာ ရာသီတုပ်ကွေး၊ ဖျားနာ အစရှိတဲ့ ရောဂါတွေအတွက် ဆေးဝါးလိုအပ်ချက်တွေ ရှိနေတာကြောင့် တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့လည်း နှိုးဆော်ထားပါတယ်။

0 Shares:
You May Also Like
Read More

(၁၆) ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုရရှိသူ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားငယ် ကိုထိန်လင်း ဆုလက်ခံ ရယူ

အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့က ပြည်သူ့ဂုဏ်ရည်ဆု ပေးအပ်ပွဲအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တဲ့ ပြည်သူ့ဂုဏ်ရည်ဆုကို သားငယ်ကိုထိန်လင်း(ခ) ကင်အဲရစ်က ကိုယ်စား လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
Read More

ကပစ-၂၁ က စစ်ကားတွေ​ ဆော-ဆိပ်ဖြူလမ်းပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ပွင့်ဗိုလ်အပါ ၄ယောက် သေ၊ ၅ယောက် ဒဏ်ရာရ

မကွေးတိိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်မှာ ကပစ ၂၁က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၃ပွင့်အရာရှိ အပါအဝင် စစ်သား ၄ ယောက်သေပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက်ရှိခဲ့ကြောင်း ပခုက္ကူခရိုင်တပ်ရင်း (၄) ၊ တပ်ခွဲ (၁) သတင်းထောက်လှမ်းရေးက မောင်းကို ပြောပါတယ်။
Read More

ရိုးဂိုးက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်စဉ်မှာ မီးသတ်သမားနဲ့ ပရဟိတသမားတွေအပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရိုးဂိုးကျေးရွာက မင်းသန့်ဆီဆိုင် မီးလောင်မှု ဖြစ်ပွားစဉ်မှာ လာရောက်မီးငြှိမ်းသတ်တဲ့ မီးသတ်သမားတွေနဲ့ ပရဟိတသမားတွေ အပါအဝင် အယောက် ၂၀ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

နောင်ချိုတွင် စစ်ကောင်စီတပ်၏ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်ကြောင့် နေအိမ် (၂) လုံး ထိမှန်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့မှာ တိုက်ပွဲမဖြစ်ပွားဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာနဲ့ လက်နက်ကြီး (၅) လုံး ပစ်ခတ်တိုက်ခိုက်ရာ နေအိမ် (၂) လုံး ထိမှန်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ တအာင်းတပ်မတော် - TNLA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမြို့နယ်တွင် စစ်ရှောင်ပြည်သူများကို မြို့နယ် ပကဖ က စားနပ်ရိက္ခာများ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည်သူတွေကို သွားရောက်တွေ့ဆုံကာ ဆန်၊ ရိက္ခာ၊ သီးနှံတို့ကို မျှဝေထောက်ပံ့ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။