မန္တလေးတိုင်း၊ မြင်းခြံမြိုန့ယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရေကြောင်း စစ်ဆေးရေးဂိတ် ဆိတ်ညံ‌ရေတင်ရုံးကို အကြမ်းဖက်စစ်သင်္ဘောတွေ ရောက်ရှိ ဆိုက်ကပ်ထားချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုတပ်ပေါင်းစုက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဆိုပါ ဆိပ်ကမ်းကို ရောက်ရှိနေတဲ့ အကြမ်းဖက် စစ်သင်္ဘောတွေကို အောက်တိုဘာ ၁၂ ရက် ညပိုင်းအချိန်မှာ ဒရုန်းကို အသုံးပြုပြီး ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်အုပ်စုရဲ့ စစ်ရေယာဥ်ပေါ်ကို တည့်တည့်ကျ ထိမှန်ပြီး အကြမ်းဖက်စစ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရရှိကာ သင်္ဘော ဦးခေါင်းမိုး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို ရေစကြို တပ်ပေါင်းစုနဲ့ Urban Underground Revolution Force-YSO ဒရုန်းတပ်ဖွဲ့တို့ ပူး‌ပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တန့်ဆည်တွင် တိုက်ပွဲရက်ဆက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်း သေဆုံး၊ လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရထားကာ လက်နက်ခဲယမ်းတွေနဲ့ စစ်သုံးပန့်တွေ ဖမ်းဆီးရမိထားတယ်လို့ အမှတ်(၁)စစ်ဒေသ၊ဗျူဟာ-၅၂၊ ပေါ်ဦးစစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ညောင်ဦးမြို့နယ်၊ စဉ့်ကူရဲစခန်းမှ စစ်ကြောင်းထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်က ၄ ယောက် သေဆုံးခဲ့တယ်လို့ Bagan Bo Cho PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲ PDF ကယ်ဆယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ရန် သူနာပြုဆရာမ ၂ ဦး ခေါ်ယူနေ…

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ (MPRT) မှာ တာဝန်ထမ်းဆောင်ဖို့အတွက် သူနာပြုဆရာမ ၂ ယောက် ခေါ်ယူမယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
Read More

မြိုင်မှာ NUG ရဲ့ အောင်ဆန်းပညာရပ်စုံ တက္ကသိုလ်နေရာ သတင်းပေါက်ပြီး ဗုံးကြဲခံရ၊ CDM ကျောင်းသူ ၁ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်မယ့် အောင်ဆန်းပညာရပ်စုံတက္ကသိုလ်နေရာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDM ကျောင်းသူ ၁ယောက် သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

ကရင်နီမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂၀ ကျော် သေဆုံးခဲ့ရ

ကရင်နီပြည်နယ်မှာ ၃ လတာအတွင်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂၃ ယောက် သေဆုံးခဲ့ရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
Read More

ပခုက္ကူမြို့နယ်တွင် ဘုန်းကြီးကျောင်းမှာ အထိုင်ချထားသည့် စစ်အုပ်စုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုမှ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် (PKU) တပ်ဖွဲ့ဆီက သိရပါတယ်။