စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ပျူစောထီးရွာကနေ ဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲ ၄ကြိမ်ထက်မနည်း ဖြစ်ပွားကာ စစ်အုပ်စုအထိနာပြီး ပြန်လည်ဆုတ်ခွာသွားတယ်လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာကနေ မင်းရွာဘက်ထွက်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“ထိတွေ့မှုက ၄ကြိမ်လောက်ရှိခဲ့ပါတယ်။ ရွာထဲမှာ ထိတွေ့မှုဖြစ်ပြီး အထိနာသွားလို့ ပြန်ဆုတ်သွားတာ၊ ကြာချိန်က ၅နာရီလောက်ရှိမယ်။” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကြောင်း ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ဖွဲ့စည်းပုံပျက်ကာ ပြန်လည်ဆုတ်ခွာသွားရတယ်လို့လည်း သိရပါတယ်။

GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြိုပြပြောက်ကျားတပ်ဖွဲဝင်ရဲဘော်များ တိုက်ပွဲဝင်နေစဉ်


“သေဆုံး ဒဏ်ရာရတွေလည်းရှိသလို စစ်သုံ့ပန်းဖမ်းမိတာနဲ့ သိမ်းဆည်းရမိတာတွေလည်း ရှိပါတယ်။ စကမနဲ့ ရွာထဲမှာ တိုက်ပွဲဖြစ်တယ်။ သူတို့တပ်လန်ပြီး ဖွဲ့စည်းပုံပျက်တယ်၊ ပြန်ပြေးပါတယ်။ ဒီလောက်ပဲ ဖြေလို့ရပါဦးမယ်” လို့ Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ နယ်မြေခံ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲရုပ်သံဖိုင်ကိုလည်း ထုတ်ပြန်ထားပါတယ်။

Generation Z Power – GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့ (မန္တလေး) တပ်ဖွဲ့အနေနဲ့ လက်ရှိမှာ သပိတ်ကျင်း၊ မတ္တရာ စစ်မျက်နှာတွေနဲ့ စစ်ကိုင်းမြို့ဝန်းကျင်မှာလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြဝတီ-ဝေါ်လေ ကားလမ်းက စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ ကာကင်းစခန်း ၃ ခုကို ထပ်ပြီးသိမ်းပိုက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ၂ (Venom Column) က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

စစ်ကောင်စီတပ် ကြေညာခဲ့သည့် အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ နောင်ချိုကို ဂျက်ဖိုက်တာဖြင့် ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အပစ်ရပ် ရက် (၂၀) ပြည့်နေ့မှာ ဂျက်ဖိုက်တာနဲ့ ဗုံး (၂)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဝက်လက်မြို့နယ်တွင် စစ်အုပ်စု ၅ ရက်တာ လေကြောင်းတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ဦး သေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ၅ ရက်တာ အကြမ်းဖက်စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး အပါအဝင် ဒေသခံ ၁၇ ယောက် သေဆုံးပြီး ၂၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ထံက သိရပါတယ်။
Read More

ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို ရိက္ခာဆန် ထောက်ပံ့လှူဒါန်း… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာလရှည် စစ်ဘေးရှောင်ပြည်သူတစ်ချို့ကို အလှူရှင်တွေရဲ့ လှူဒါန်းပေးမှုနဲ့ ရိက္ခာဆန် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ အညာဒေသပရဟိအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ငလျင်ဘေးသင့် ဒေသများကို ထွေအုပ်ရုံးများမှတဆင့် လှူဒါန်းဖို့ စစ်ကောင်စီ ထုတ်ပြန်

ကျန်းမာရေးရှုထောင့် အကြောင်းပြကာ ငလျင်ဘေးသင့်ဒေသတွေမှာ ကုန်ခြောက်တွေကိုသာ ထွေအုပ်ရုံးတွေကတဆင့် လှူဒါန်းဖို့ အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
Read More

ဘူးသီးတောင်မြို့နယ်မှာ ဝါးခုတ်သွားရင်းပျောက်ဆုံးနေတဲ့ ဒေသခံ၂ ဦးကို ၄ရက်အကြာမှာပဲ အလောင်း ပြန်လည်တွေ့ရှိခဲ့…

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။