မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးပြီး ၂ ယောက် ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် မနေ့ ညနေ ၃ နာရီကျော်လောက်မှာ ထိတွေ့တိုက်ပွဲမရှိဘဲ စစ်တပ်က ရုံးပင်ရွာ ဘုန်းကြီးကျောင်းအနီးကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ကလေးချီပြီး ထွက်ပြေးတဲ့ အမျိုးသမီး ၁ယောက်နဲ့ အမျိုးသား ၁ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ပြည်သူ ၂ ယောက် ထိမှန်ဒဏ်ရာရကာ နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“ထိတွေ့မှုမရှိဘဲ ဒီအတိုင်းကြဲတာ၊ ဆုံးတဲ့အထဲမှာ ကလေးအမေ တစ်ယောက် ပါသွားတယ်။ ကလေးက ဘာမှမဖြစ်ဘဲနဲ့ ကလေးကို ပွေ့ပြီးပြေးတဲ့ မအေကတော့ သေဆုံးသွားတယ်” လို့ တောင်သာနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် ရုံးပင်ရွာ မြင်ကွင်း



အောက်တိုဘာ ၁၉ ရက် တစ်နေ့တည်းမှာပဲ အကြမ်းဖက်စစ်တပ်က တောင်သာမြို့နယ်နဲ့ ထိစပ်နေတဲ့ နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေးရွာကို စက်တက်လေထီး ၃စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ‌ပြည်သူ ၄ ယောက် ထိမှန်သေဆုံးခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ကောက်ယူထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ရက်ကနေ အောက်တိုဘာ ၁၇ ရက်အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး အယောက် ၁၈၀ သေဆုံးခဲ့ပြီး အဲဒီထဲက အယောက် ၁၂၀ ဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

BGF ခေါင်းဆောင် စောချစ်သူအပါ ၃ ယောက်ကို လူကုန်ကူးမှုအတွက် ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းက ရပ်ဆိုင်း

ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ ယူဆရတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်ဖို့ကိစ္စ ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ (DSI) က ရပ်ဆိုင်းလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြု

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့မှာ ပြည်သူတွေကို ပြန်လည်ဝင်ရောက် နေထိုင်ခွင့်ပြုပြီလို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။
Read More

မြန်မာနိုင်ငံ ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဟု နိုင်ငံအနှံ့ နေ့စဥ် လေကြောင်းဗုံးကြဲနေသည့် စစ်ခေါင်းဆောင် ပြော၊ ဒို့တာဝန်အရေး ၃ ပါး စောင့်ထိန်းသူများကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲပေးရန် မင်းအောင်လှိုင် လိုက်လံစည်းရုံး

နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ် အနောက်တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ မနေ့က စစ်အုပ်စု ဝါဒဖြန့်မီဒီယာကနေ ထုတ်ပြန်ထားပါတယ်။
Read More

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသော 96 Soldiers တပ်သားတစ်ဦးကျဆုံး

မဟာမိတ်‌တော်လှန်ရေးတပ်ဖွဲ့များနဲ့အတူ တိုက်ပွဲဝင်နေတဲ့ 96 Soldiers- PDF တပ်ဖွဲ့ဝင်တစ်ယောက် စစ်အုပ်စုနဲ့ ဖြစ်ပွားတဲ့ ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားတယ်လို့ အထက်ပါတပ်ဖွဲ့ဆီက သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာ ရဲဘော်အောင်အောင်ဟာ မဟာမိတ်တပ်များနဲ့အတူတိုက်ပွဲဝင်နေစဥ်မှာ မြင့်မြတ်စွာကျဆုံးခဲ့တဲ့အတွက် 96 Soldiers – PDF က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရတာပါ။
Read More

အုတ်ဖိုတွင် ပေါ်တာဆွဲဖို့ ထွက်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ဇော်ထွန်းဝင်းအပါ ၆ ဦး သေ

ပဲခူးတိုင်း အနောက်ခြမ်း၊ သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်အပါအဝင် ၆ယောက် သေဆုံးခဲ့တယ်လို့ မြေအောက်‌ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က သတင်းထုတ်ပြန်လာပါတယ်။