နေပြည်တော် တပ်ရင်း ၈၀၈ တပ်ရင်းစတင်ဖြစ်ပေါ်လာပုံ၊ လုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တပ်ရင်းမှူး ဝါဆိုက အခုလိုပဲ ပြောကြားခဲ့ပါတယ်။

”နေပြည်တော်နဲ့အနီးဆုံးမှာ တိုက်ပွဲဝင်မယ်ဆိုရင် စစ်ကောင်စီက လေယာဉ်ပစ်ကူနဲ့ ပစ်မှာမဟုတ်ဘူးဆိုပြီးတော့ ထင်ထားခဲ့တာပေါ့။ ဘာလို့ အဲလိုထင်လဲဆိုရင် နေပြည်တော်နဲ့ အနီးဆုံးဖြစ်တဲ့အတွက် လေယာဉ်နဲ့ ပစ်ကူလာမယ်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာတွေ ကျဆုံးသွားမယ်လို ထင်ခဲ့တယ်။ ဒါကြောင့် လေယာဉ်တွေ မလာနိုင်ဘူး ငါတို့ ရအောင်တောင့်ပြီး အနိုင်ရအောင်လုပ်မယ်ဆိုတဲ့ စိတ်နဲ့ တိုက်ခဲ့တယ်။ ဒါ့ပေမယ့် အဲချိန်မှာ လေယာဉ်ရောက်ရှိလာတယ်။ ဂျက်ဖိုက်တာနဲ့ တောက်လျှောက်ပစ်ပါတယ်”

Video – အော်ပရေးရှင်း စစ်တောင်း

0 Shares:
You May Also Like
Read More

အာဏာရှင်ကို ကာကွယ်မလား ပြည်သူကို ကာကွယ်မလားဆိုတာ ရွေးချယ်ခဲ့ရသူ (ရုပ်/သံ)

“ကျနော် စစ်သားဖြစ်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့ပဲ စစ်သားလုပ်ခဲ့တာ။ ကိုယ့်ပြည်သူကို ပြန်ကာကွယ်ဖို့ အခြေအနေကိုပဲ လိုချင်ခဲ့တာ။ ကျနော်တို့ကို လက်ထဲမှာ ကျည်ဆန် အပြည့်အဝ ထည့်ပေးတယ်။ သေနတ် တစ်လက်ပေးတယ်။ ပြီးရင် ကိုယ့်ပြည်သူကို ပြန်သတ်ခိုင်းတယ်”
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ​ကျော်​​ဇေယျာမြင့်ရဲ့ ပြောကြားချက် (ရုပ်/သံ)

“ကျနော်တို့ လက်နက်ချအညံ့ခံဖို့ စဉ်းစားမိတာကတော့ ကျနော်တို့ ထွက်လာတုန်းက ကျနော့်အထက်မှာ ဗိုလ်မှူးတစ်ယောက်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့ အဲဒီမှာ ပိတ်မိသွားတယ်ပေါ့။ ကျနော် ပြောပါတယ်။ ဗိုလ်မှူး အခြေအနေမကောင်းတော့ဘူး။ အခြေအနေ မလှတော့ဘူးပေါ့။ အဲဒီအတွက် ကျနော်တို့ လက်နက်ချမှ ရတော့မယ်ဆိုတဲ့ အချိန်မှာ အဆင်မပြေသေးဘူးပေါ့။ နောက်ကိုလည်း စစ်ကူတွေ ထပ်လိုက်လာတယ်လို့ ပြောတယ်။ နောက်ဆုံးတော့ ဗိုလ်မှူးလည်း ကျသွားပါတယ်”
Read More

တိုက်ပွဲတစ်ခုအတွင်း လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ခန့်ကိုစိုး ပြောကြားချက် (ရုပ်/သံ)

''ကျနော့်အနေနဲ့ကတော့ လက်နက်ချအညံ့ခံတယ်ဆိုတာတော့ တပ်မတော်အပေါ် သစ္စာဖောက်တယ်လို့တော့ မထင်ပါဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေနဲ့ပဲ ကျနော်တို့သဘောဆန္ဒအရ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ အဲလိုပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက်လည်း ပြည်သူတွေရဲ့ စေတနာတွေ၊ မေတ္တာတွေကို ကျနော်တို့ လက်ခံရရှိပါတယ်။”
Read More

ကျောင်းသားလက်ရုံးတပ်တော် အခြေခံစစ်ပညာသင်တန်းဆင်း ရဲဘော်တွေရဲ့ သင်တန်းကာလ အတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ်ခံယူချက် (ရုပ်/သံ)

ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force (S.A.F)) ရဲ့ အခြေခံပညာသင်တန်းဆင်း ကုန်ထုတ်လုပ်မှုဌာနက ရဲဘော် ပီကာချူးနဲ့ စစ်ဆင်‌ရေးဌာနက ရဲဘော်ပေါက်စတို့ဟာ သင်တန်းကာလအတွေ့အကြုံတွေနဲ့ လက်ရှိတာဝန်အပေါ် ခံယူချက်တွေကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
Read More

မုံရွာခရိုင် အမှတ်(၁) တပ်ရင်းထံ ပြည်သူ့စစ် ၂ ဦး အလင်းဝင် (ရုပ်/သံ)

တပ်မ ၆၆ လက်အောက်ခံ၊ ခမရ (၄) က အလင်းဝင်လာတဲ့ ပြည်သူ့စစ် ၂ ယောက်နဲ့ တွေ့ဆုံမေးမြန်းထားတဲ့ ရုပ်သံဖိုင်ကို မုံရွာခရိုင် အမှတ် (၁) တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
Read More

တိုက်ပွဲတစ်ခုအတွင်းမှာ လက်နက်ချခဲ့တဲ့ တပ်ခွဲမှူး ဗိုလ်ကြီး ညီညီ​အောင် (ရုပ်/သံ)

''တပ်မတော်သည် ပြည်သူအပေါ် သစ္စာစောင့်သိရမယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ်။ ဘာပဲလုပ်လုပ် ပြည်သူကျေနပ်ရမယ်ဆိုတဲ့ အနေအထားမရှိတော့တဲ့အချိန်မှာ ကျနော်တို့သည် တပ်မတော်ရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ လက်နက်ချလိုက်တာကို သစ္စာဖောက်တယ်လို့ ယူဆရလို့ရတယ်ပေါ့''