တော်လှန်ရေးရဲဘော်တွေဟာ ကွင်းပြင်တစ်ခုအတွင်း ရန်သူရဲ့ စခန်းတစ်ခုကို တိုက်ခိုက်ဖို့အတွက် မြေတူးယာဉ်ကို အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့တဲ့ ရုပ်သံဖိုင်တစ်ခုကို Union Liberation Front – ULF V 02 က ထုတ်ပြန်ထားပါတယ်။

အညာဒေသ တစ်နေရာဖြစ်တဲ့အတွက် တိုက်ပွဲအတွင်း အကာအကွယ်ယူနိုင်ဖို့ တောင်ကုန်းတွေ ချိုင့်ဝှမ်းတွေမရှိတဲ့အတွက် မြေတူးယာဉ်ကို အကာအကွယ်တွေတပ်ဆင်ကာ တော်လှန်ရေးရဲဘော်တွေက အကာအကွယ်ယူ တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ 

”Netflix မှာ ငွေပေးပြီး  Rating ဘယ်လောက်ရယ်လို့ ခင်ဗျားတို့ တကန်တက ရှာနေရတဲ့ စစ်ကားမျိုး မဟုတ်ပါဘူး… ကျနော်တို့အသက်ကိုရင်းပြီး စစ်မိစ္ဆာတွေကို ရသမျှ တိုက်ထုတ်နေကြတာပါ။

အညာစစ်ရေးကို အထင်မသေးကြပါနဲ့ဗျာ….လက်ရှိပြုလုပ်နေတဲ့ အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းဟာလည်း 31% ပဲ ရရှိပါသေးတယ်။ သွေးအေးမနေကြပဲ ကမ်ပိန်းကာလ မပြီးဆုံးခင် ဝိုင်းဝန်းကူပေးကြဖို့ မေတ္တာရပ်ခံလိုက်ပါရစေ၊ ကျနော်တို့က အလုပ်နှင့်သက်သေပြပါမယ်”ဆိုတဲ့ စာသားနဲ့အတူ Union Liberation Front – ULF V 02 မှ ရုပ်သံဖိုင်ကို မျှဝေခဲ့ပါတယ်။ 

အနောက်မြောက်လွင်ပြင်သို့ ကမ်ပိန်းဟာ ယင်းမာပင်ခရိုင်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ခုခံတိုက်ခိုက်နိုင်ဖို့ လိုအပ်နေတဲ့ ကျည်ဆန်တွေ ဝယ်ယူနိုင်ရေး ပြုလုပ်ထားတဲ့ ကျည်ငါးသောင်းကမ်ပိန်း ဖြစ်ပါတယ်။

Video – Unionliberationfront

0 Shares:
You May Also Like
Read More

MLA ၏ ကျန်းမာရေးဌာနမှ စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်း ပြုလုပ် (ရုပ်/သံ)

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ ကျန်းမာရေးဌာနက ဦးစီးပြီး စစ်မြေပြင် အရေးပေါ်ကုသနည်း အခြေခံသင်တန်းကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်အုပ်စု ရွာ ၂ ရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း အင်အား ၁၅၀ ခန့်နဲ့ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ပေါက်ပင်ရွာနဲ့ နဂါတွင်းရွာရှိ အိမ်ခြေ ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Monywa Revolution -MR က ထုတ်ပြန်ထားပါတယ်။
Read More

ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်အခမ်း အနားကျင်းပ (ရုပ်/သံ)

မကွေးတိုင်း ရေစကြိုမြို့နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အပတ်စဥ် ၈/၂၀၂၄ အ​ခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ တယ်လို့ Southern YSO PDF မှ နိုဝင်ဘာ ၃၀ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

ယနေ့မနက် ကွတ်ခိုင်မြို့ကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ လူနေရပ်ကွက်အတွင်းကို ဒီနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးငယ်အပါအဝင် ပြည်သူ ၅ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) တိုက်ခိုက်ခံရပြီးနောက် ကျောင်းဝင်းတစ်ခုလုံး လော့ဒေါင်းချကာ သတင်းပေးလျှင် ထောင်ချမည်ဟု ခြိမ်းခြောက်ထား (ရုပ်/သံ)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင်တပ်မြို့ရှိ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်‌ရေးကျောင်းကို ရှော့တိုက်ဒုံးတွေ ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် စစ်တပ်က ကျောင်းဝင်းတစ်ခုလုံးကို လော့ဒေါင်းချကာ သတင်းပေးတဲ့လူ ဘယ်သူမဆို ထောင်ချမယ်လို့ ခြိမ်းခြောက်ထားကြောင်း Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပြည်သူအတွက် အစွမ်းကုန် ကြိုးစားပေးဆပ်ဖို့ စစ်သင်တန်းဆင်း ရဲဘော်သစ်တွေကို NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ် တိုက်တွန်းပြောကြား (ရုပ်/သံ)

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) အခြေခံစစ်သင်တန်း အပတ်စဥ် (၂/၂၀၂၄) သင်တန်းဆင်းရဲဘော်တွေကို NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အမှတ်တရအမှာစကား ပြောကြားခဲ့တဲ့ရုပ်သံကို  ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(၁) က ထုတ်ပြန်လာပါတယ်။