မွန်ပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်း လက်အောက်ခံ ဗျူဟာ (၂၇) နဲ့ KNU သထုံခရိုင် တပ်မဟာ (၁) နယ်မြေအတွင်း အခြေခံလှုပ်ရှားနေတဲ့ ပကဖတိုက်ခိုက်ရေးအဖွဲ့ အင်အားစုတွေကို စုစည်းပြီး ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)နဲ့ (၂) အဖြစ် ဖွဲ့စည်းကာ အထူးစစ်ကြောင်းပုံစံနဲ့ တာဝန်တွေ စတင်ထမ်းဆောင်နေတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ကျိုက်ထိုမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁)ဟာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး စက်တင်ဘာလ ၁ ရက်မှာ ဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

သထုံခရိုင် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့က ဦးဆောင်တဲ့ ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၂) ကတော့ KNU တပ်ရင်း (​၂)၊ တပ်ခွဲ (၃) နယ်မြေမှာ အခြေပြုလှုပ်ရှားသွားမှာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်မှာ စတင်စစ်ကြောင်းထွက်ကာ တာဝန်ထမ်းဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) တို့ဟာ စစ်ကြောင်းအသွင်နဲ့ လှည့်ကင်းတွေ၊ တိုက်ကင်းတွေနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို PDF တပ်ဖွဲ့တွေ၊ ဒေသတွင်း မိတ်ဖက် EAOs တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

PDF ဗျူဟာ (၂၇) ပူးပေါင်းစစ်ကြောင်း (၁+၂) အနေနဲ့ စည်းကမ်းကောင်းမွန်ခြင်း၊ အမိန့်နာခံမှုရှိခြင်းစတဲ့ စံသတ်မှတ်ထားသောကျင့်ဝတ်တွေကို တိကျစွာလိုက်နာကာ မိတ်ဖက်တွေ၊ ပြည်သူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ကာ အတူတကွ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမယ်လို့ ပကဖ အသံက သတင်းထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မန္တလေးမှ စစ်သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်သို့ ဆက်လက် ဆန်တက်နေ

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘောတွေကြောင့် မြစ်ကမ်းဘေးကျေးရွာတွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးအန္တရယ်တွေ ဆက်တိုက်ကြုံတွေ့ နေရကြောင်း သိရပါတယ်။
Read More

မင်းအောင်လှိုင်က အာဆီယံ ဘုံသဘောတူညီချက်တွေကို လက်နက်သဖွယ်သုံးပြီး ရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ လုပ်ဆောင်ဖွယ်ရှိနေ

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က မကြာခင်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်ပြုဖို့ အာဆီယံ ဘုံသဘောတူညီချက်တွေကို အပေးအယူသဘောမျိုး လုပ်ဆောင်လာနိုင်ကြောင်း နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပြောကြားလိုက်ပါတယ်။
Read More

အရက်မူးကာ သွေးသစ္စာသီချင်း မြို့ပတ် အော်ဆိုခဲ့သည့် ကျောင်းအုပ်ဆရာကြီးအပါ ၃ ဦးကို စစ်တပ် ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ပေါ်မှာ အရက်မူးပြီး သွေးသစ္စာသီချင်းအော်ဆိုခဲ့တဲ့ ကျောင်းအုပ်ဆရာ ကြီး ၁ယောက် အပါအဝင် ပညာရေးဝန်ထမ်း ၃ယောက်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ကောင်စီ ဖမ်းဆီးထားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့-ကန့်ဘလူခရိုင် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တိုက်ပွဲပြင်းထန်ခဲ့သည့် လောင်းလုံးတွင် စစ်အုပ်စုဘက်က ထိခိုက်သေဆုံး များပြားကာ ရေတပ်ပစ်ကူယူခဲ့ရ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့ပေါ်က စစ်ကောင်စီအခြေစိုက်နေရာတွေကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေဆုံးမှုများခဲ့ပြီး ရေတပ်ကနေပါလက်နက်ကြီးပစ်ကူပေးခဲ့ရတယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံ ကိုရှဲဒိုးက မောင်းကို ပြောပါတယ်။
Read More

“အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့” လှုပ်ရှားမှုဖော်ဆောင်ခဲ့တဲ့ ရဲဘော် ၂ ဦး ဖမ်းဆီးစစ်ကြောခံနေရ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှု ဖော်ဆောင်ခဲ့တဲ့ ရွှေပြည်သာသပိတ်ကော်မတီက ရဲဘော် ၂ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးလိုက်တယ်လို့ New Generation Youth Strike Committee ထံက သိရပါတယ်။ 
Read More

မြန်မာ့နိုင်ငံရေးမှာ တရုတ်ရဲ့ စွက်ဖက်မှုတွေအပေါ် ဆန့်ကျင်ကြောင်းလှုပ်ရှားမှု တရုတ်နှစ်သစ်ကူးနေ့မှာ ပြုလုပ်

မြန်မာ့နိုင်ငံရေးမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေအပေါ် ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြုတဲ့ ဝက်ဝံရုပ်နဲ့အတူ တရုတ်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ရှုံ့ချတဲ့ လှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။