မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ ဆင်အင်းကျေးရွာအုပ်စုက ဈေးသွားဝယ်တဲ့ လူငယ်တစ်ယောက်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီး ငွေ သိန်း ၃၀ နဲ့ ပြန်ရွေးခိုင်းခဲ့တယ်လို့ ဘီးလင်းနယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၇ရက် မနက်ပိုင်းလောက်က နေအိမ်ကနေ ဆိုင်ကယ်နဲ့ ဈေးဝယ်ဖို့ ထွက်လာတဲ့ လူငယ်ကို တောင်စွန်းနဲ့ ဆင်းအင်းကျေးရွာအုပ်စုကြား သုဿန်အရောက်မှာ စစ်ကော်မရှင်လက်အောက်ခံ ပျူအဖွဲ့နဲ့ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးအဖွဲ့က ဖမ်းဆီးထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးပြီးနောက် မိသားစုထံ ဆက်သွယ်ခိုင်းကာ အဆိုပါလူငယ်ကို ငွေကျပ် သိန်း ၃၀ နဲ့ ပြန်ရွေးဖို့ ပြောဆိုခိုင်းခဲ့တယ်လို့ သိရပါတယ်။

“သူကတောင်စွန်းကိုသွားတယ်၊ တောင်စွန်းမရောက်ခင် ဆင်းအင်းရွာအလွန်ရဲ့ သင်္ချိုင်းကုန်းမှာ သူတို့ ရှောင်တခင် စစ်ဆေးတဲ့ပုံစံမျိုးနဲ့ ကလေးကိုဖမ်းလိုက်တယ်။ ကလေးကို သူတို့က ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ ဖမ်းဆီးထားလိုက်တယ်။ ကလေးကနေတဆင့် မိဘတွေကိုဆက်သွယ်လာတယ်။ ပြန်လာရွေးဖို့ အကြောင်းကြားတယ်။ ပေါ်တာဆွဲခံရတဲ့သဘောပဲ ပြောလို့ရမယ်။ မရွေးနိုင်လို့ရှိရင်တော့ စစ်အုပ်ချုပ်ရေးထဲကို ထည့်မယ်ပေါ့” လို့ ဘီးလင်းနယ်ခံတစ်ယောက်က မောင်းကို ပြောပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ပျဥ်းမပင်ဆိပ်အနောက်ဘက်ခြမ်းရွာကို စစ်ကော်မရှင်တပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ‌အသက်မပြည့်သေးတဲ့ ကလေး ၅ ယောက် ထိမှန်သေဆုံးသွားပါသေးတယ်။

0 Shares:
You May Also Like
Read More

ခမရ ၅၉၁ တပ်ရင်းက တပ်သားသုံးဦး လက်နက်နှင့် အလင်း ဝင်ရောက်လာ

မွန်ပြည်နယ်၊ရေးမြို့နယ်ရှိ စကခ(၁၉)လက်အောက်ခံ ကျောင်းရွာစံပြ ကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကတပ်သား သုံးယောက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်စစ်ဌာန၊ နည်းဗျူဟာ (၃၃)၊ ရေးပြောက်ကျားတပ် (YGF) အမှတ် (၈၀၀၁) တပ်ရင်းဆီ အလင်းဝင်ရောက် လာခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ်အတွင်းရှိ ပျူစခန်းများကို ရောကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်းရှိ ရှင်မကန်၊ ညောင်ဂျစ်ပင်၊ အနောက်မကျီးကန်နဲ့ အောင်သာကျေးရွာတွေက ပျူစခန်းတွေကို ၃ရက်ဆက် ရော့ကတ် ၁၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ COBRA ONE Pakokku က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းသင်တန်းဆင်း စစ်သား ၂ယောက် Loikaw Local PDF ထံ အလင်းဝင်

လွိုင်ကော်မြို့နယ် ဒေသခံပြည်သူ့ကာကွယ်ရေးတပ် (Loikaw Local PDF) ထံကို စစ်မှုထမ်းသင်တန်းဆင်း စစ်ကောင်စီတပ်သား ၂ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ခမရ (၅၉၁) မှ စစ်ကော်မရှင်တပ်သား ၁ ဦး လက်နက်နှင့် အလင်းဝင်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာစံပြကျေးရွာရှိ စစ်ကော်မရှင်တပ် ခမရ (၅၉၁) တပ်ရင်းက တပ်သားတစ်ယောက် လက်နက်နဲ့ အလင်းဝင်ရောက်ခဲ့တယ်လို့ ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) ဆီက သိရပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စုက ရွာ ၃ ရွာကို မီးထပ်ရှို့လို့ နေအိမ် ၁၃၃ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အရပ်သား ၁ ယောက်ကိုပါ မီးရှို့သတ်ခဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို အကြမ်းဖက်စစ်အုပ်စုက ​မီးထပ်ရှို့ခဲ့တယ်လို့ သိရပါတယ်။
Read More

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော် ကိုစိုင်း ညှင်းပန်းသတ်ဖြတ်ခံရမှု ၃ ရက်အတွင်း ဖြေရှင်းပေးဖို့ ကယန်းပြည်သစ်တပ်မတော်ကို အသိပေး

ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာ နယ်မြေအတွင်း​ ညှင်းပန်းသတ်ဖြတ်ခံခဲ့ရတဲ့ နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း (ခ) ဝင်းလှိုင်ကို အသတ်ခံရတဲ့ကိစ္စအပေါ် အမိန့်ပေးစေခိုင်းသူနဲ့ ကျူးလွန်သူတွေကို ၃ရက်အတွင်း ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ နေပြည်တော် PDF က  မတ်လ ၁၃ ရက်နေ့မှာ  ထုတ်ပြန်လိုက်ပါတယ်။