ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာတိုက်ပွဲအတွင်း ပျက်ကျလာတဲ့ စစ်တပ်ရဲ့ တိုက်ခိုက်ရေးဒရုန်း ၁ စီးကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ဖြစ်တဲ့ သာယာဝတီဂဠန်တပ်ဖွဲ့ကနေ သိမ်းဆည်းရှိထားတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်ရေးဒရုန်းကို အောက်တိုဘာလ ၁၉ ရက် ဒီမနက် ၁၀ နာရီဝန်းကျင်အချိန်မှာ သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စိတ်ချရတဲ့ နေရာကို ရွှေ့ပြောင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

“လက်ပံတန်းအရှေ့ဖက်က သရက်ချောင်းရွာကို ဒရုန်းပွိုင့်ချပြီး ပျံလာတဲ့ အချိန်မှာ ပျက်ကျလာတာပဲ။ လက်ရှိကတော့ ဒရုန်းက ကျနော်တို့ အဖွဲ့မှာပါ” လို့ သာယာဝတီဂဠန်တပ်ဖွဲ့ တာာဝန်ရှိသူက မောင်းကို ပြောပါတယ်။
သိမ်းဆည်းရမိတဲ့ ဒရုန်းက အသစ်စက်စက်ဖြစ်ပြီး ကာလပေါက်ဈေးအနေနဲ့ ဘတ် ၁၂သိန်း ဝန်းကျင် တန်ကြေးရှိတယ်လို့ ကနဦးသိရပါတယ်။

သာယာဝတီဂဠန်တပ်ဖွဲ့ရဲ့ တာာဝန်ရှိသူကပဲ “ကျနော်တို့ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ပြီးရင် သူတို့ကို သူတို့ ဒရုန်းနဲ့ပဲ ပြန်တိုက်ဖို့ စီစဉ်နေပါတယ်” လို့ ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဆိုပါ လက်ပံတန်း၊ သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်က တပ်သား ၁၅ယောက် ထက်မနည်း သေဆုံးခဲ့ကာ စစ်သုံ့ပန်း ၁၂ယောက်ကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မုံရွာ-အရာတော်လမ်းပိုင်းကို ပြန်လည်အသုံးပြုခွင့်ပေး

တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်ထားပြီး ကာလရှည် အသုံးပြုခွင့်ပိတ်ထားတဲ့ မုံရွာ-အရာတော်လမ်းပိုင်းကိုပြန်လည်ဖွင့်လှစ်လိုက်ပြီလို့  မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) က ထုတ်ပြန်ပါတယ်။
Read More

စစ်ရေးတင်းမာနေတဲ့ ပွင့်ဖြူမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်ရင်း ရွာတွေကို လက်နက်ကြီးပစ်ခတ်နေ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေဆီ စစ်ကြောင်းထိုးနိုင်ဖို့ အင်အားဖြည့်တင်းနေပြီး လက်နက်ကြီး ဆက်တိုက်ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဆောမြို့မရဲစခန်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့ အလင်းဝင်လာ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းကနေ လောင်းရှည်တိုက်နယ် ရဲစခန်းကို ထွက်လာတဲ့ စစ်ကြောင်းကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် လက်နက်ခဲယမ်းတချို့နဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ စစ်ဒေသက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဖားကန့်တွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၂ နှစ်အရွယ် ကလေးငယ် သေဆုံး၊ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ၂ နှစ်အရွယ် ကလေးငယ် တစ်ယောက် သေဆံဒးခဲ့ပြီး ပြည်သူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တိုင်းပြည်မငြိမ်သက်ရခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

လက်ရှိ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ 
Read More

ပေါက်တွင် အကြမ်းဖက်စစ်ကြောင်းမှ စစ်ကော်မရှင်တပ်သား ၃ ဦး လက်နက်ယူဆောင် ထွက်ပြေး၊ ၃ ဦးလုံးကို ပေါက်ပကဖ ထိန်းသိမ်းထား

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဆီကနေ ပြည်သူ့စစ် (ပစ) ၁ ယောက် လက်နက်ခဲယမ်းတွေ ယူဆောင်ပြီး ထွက်ပြေးလာကြောင်း ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။