ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၂) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၉ ရက် ဒီနေ့ နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက်ရှိ ပြည်သူလူထု ရှိရာကို ဦးတည်ပြီး ရွည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅၀) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် (၂၈) နှစ်နဲ့ (၂၄) နှစ်အရွယ် အမျိုးသား ၂ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၂) လုံး၊ လက်ဖက်စက်ရုံ (၁) ရုံ၊ မီးသတ်ကား (၅) စီးနဲ့ ကား (၄) စီး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် မန်တုံမြို့၊ အောင်ချမ်းသာရပ်ကွက်မှာလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင်(၂၅၀) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် နေအိမ် (၆) လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ မိုင်းငေါ့မြို့နယ်၊ လွယ်ပိန်းကျေးရွာမှာလည်း လေကြောင်းကနေ ဗုံး (၂) လုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့ ဇရပ်တို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ (၁) ရက်ကနေ (၁၈)ရက်အထိ အကြမ်းဖက်စစ်တပ်င လေကြောင်းကနေ မန်တုံမြို့မှာ (၁) ကြိမ်၊ ကျောက်မဲမြို့မှာ (၃) ကြိမ်၊ သီပေါမြို့မှာ (၅) ကြိမ်၊ မိုင်းငေါ့မြို့မှာ (၁) ကြိမ်၊ မိုင်းလုံမြို့မှာ (၄) ကြိမ်၊ နမ့်ဆန်မြို့မှာ (၅) ကြိမ်၊ နမ္မတူမြို့မှာ (၅) ကြိမ်၊ မိုးမိတ်မြို့မှာ (၃) ကြိမ်နဲ့ မိုးကုတ်မြို့မှာ (၁) ကြိမ် စုစုပေါင်း (၂၈) ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

စစ်အုပ်စုရဲ့ အဆိုပါဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သံဃာတော်(၂)ပါး၊ ကလေး (၈) ယောက်၊ အမျိုးသား (၁၂)ယောက်နဲ့ အမျိုးသမီး (၁၉) ယောက် သေဆုံးခဲ့ပြီး ကလေး (၁၁) ယောက်၊ အမျိုးသား (၁၆) ယောက်နဲ့ အမျိုးသမီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၁၃၈) လုံး၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၃) ကျောင်း၊ ကျောင်းဆောင် (၇) ဆောင်နဲ့အဆောက်အဦး (၄) ခုတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အခက်အခဲတွေကြားက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) ရဲ့ အပတ်စဉ် ၂ စစ်သင်တန်း ပြီးဆုံးခဲ့ပြီ

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၁) က စစ်အာဏာရှင်တွေကို တွန်းလှန်တိုက်ခိုက်ချင်သူတွေကို ရဲဘော်သစ်တွေအဖြစ် လက်ခံကာ စစ်သင်တန်းပို့ချပေးနေတာ ဖြစ်ပါတယ်။
Read More

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) မြန်မာလုပ်သားများ ဘတ်တင်မည့် ငွေများ ပြန်မဖြေရှင်းပဲ တိမ်းရှောင်နေ

သရုပ်ဆောင် စည်သူ(ပလပ်ကျွတ်) က မြန်မာလုပ်သား တွေကို ပန်းရောင်ကတ်(ခေါ်) ဘတ်တင်ပေးမယ်ဆိုပြီး ဘတ်ငွေသိန်းနဲ့ချီ လိမ်လည်ယူဆောင်သွားတယ်လို့ သိရပါတယ်။
Read More

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း အကြမ်းဖက်စစ်တပ် စစ်ရေးလှုပ်ရှားလာတာကြောင့် KTLA တပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေးနဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်

KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်စစ်တပ်မှ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် ကော်သူလေးတပ်ဖွဲ့ KTLA တပ်ဖွဲ့၊ စစ်ကြောင်း ၂ကြောင်းမှ နယ်မြေရှင်းလင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။
Read More

ကျားဖြန့်တိုက်ဖျက်ရေးတွင် KNU ပါဝင်လာ၊ ကျားဖြန့်ဂိုဏ်းနေရာကို နိုင်ငံတကာ လာ‌ရောက်လေ့လာရန် ဖိတ်ခေါ် 

မြဝတီမြို့ တောင်ဘက် ၁၆ ကီလိုမီတာအကွာရှိ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထိန်းချုပ်ရာ မင်းလက်ပံ (ဖလူး) ဒေသ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နေရာကို နိုင်ငံတကာအနေနဲ့ လာရောက် လေ့လာဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU)  က ဒီနေ့ ဖိတ်ခေါ်လိုက်ပါတယ်။ 
Read More

တော်လှန်ရေး မိုးထဲရေထဲကာလ ရောက်နေတာကြောင့် ပူးပေါင်းရုန်းကန်မှု အရေးကြီးကြောင်း စစ်ကိုင်း PDF ပြော

လက်ရှိအချိန်ဟာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးအင်အားစုတွေအတွက် အရေးကြီးတဲ့အချိန်ကာလတစ်ခု ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ပါတယ်။
Read More

မတ္တရာ၊ တောင်သာနှင့် ကောလင်းတို့တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၅ယောက်ရှိ၊ ထိခိုက်ဒဏ်ရာရရှိသူ များပြား

အပစ်အခတ်ရပ်စဲကြောင်း အသံထွက်ထားတဲ့ စစ်ကောင်စီက မန္တလေးတိုင်း မတ္တရာ၊ တောင်သာနဲ့ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ရာ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိ​ခဲ့ပါတယ်။