ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာ နမ့်ဆန်မြို့နယ်၊ ကွမ်ဟယ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ယောက် အပါအဝင် ဒေသခံ ၆ ယောက် သေဆုံးခဲ့တယ်လို့ နယ်မြေခံတွေထံက သိရပါတယ်။

အောက်တိုဘာ ၁၈ ရက် မနေ့ည ၈နာရီကျော်လောက်မှာ နမ့်ဆန်မြို့နယ် ကွမ်ဟယ်ကျေးရွာကို စစ်တပ်က ပေါင် ၅၀၀ ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ အဆိုပါ တိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် ၆ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရခဲ့သလို နေအိမ် ၁၂ လုံး ထိမှန်ပျက်စီးသွားခဲ့ပါတယ်။

“ကွမ်ဟယ်မှာ တိုက်ပွဲလည်းမရှိဘူး၊ ဒီအတိုင်းလာကြဲတာ ဒဏ်ရာရတဲ့သူတွေကတော့ စိုးရိမ်ရတဲ့သူလည်းရှိတယ်၊ အဖွားအိုတစ်ယောက်ဆို နည်းနည်းစိုးရိမ်ရတယ်၊ ကွမ်ဟယ်ရွာက ပထမအကြိမ်ပဲ‌ လေကြောင်းကြဲခံရတာ ဒေသခံတွေက တိမ်းရှောင်သွားတဲ့ ပုံစံအခြေနေမျိုးတော့မရှိပါဘူး” လို့ ‌နယ်မြေခံ သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

တချိန်တည်းမှာပဲ စစ်ကော်မရှင်တပ်သားတွေဟာ ကျောက်မဲနဲ့ မိုင်းငေါ့ကြားရှိ ၁၁ မိုင်ရွာက ဘာသာရေးအဆောက်အအုံးထဲကိုလည်း ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီး ၂ ပါး ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“အဓိက နမ့်ဆန်မှာ ရွေးကောက်ပွဲလုပ်ဖို့က ခက်ခဲတယ်၊ ခဲယဥ်းတယ် ၊ ကျနော်တို့သိမ်းပိုက်ထားသလိုဖြစ်တယ်၊ နမ့်ဆန်ကလူတွေအကုန်လုံး၊ ကျောက်မဲကလူတွေအကုန်လုံး ကျောက်မဲမြို့ထဲဝင်မယ်။ နမ့်ဆန်က လူကလည်း လားရှိုးထဲ စစ်ရှောင်မယ့် သဘောပေါ့နော် အဲလိုပုံစံမျိုးသွားတယ်ဆိုရင် သူတို့မဲထည့်လို့ရမယ် အဲလိုဖြစ်စေချင်လို့ပါ ” လို့ အထက်ပါ နယ်မြေခံ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့ကလည်း နမ့်ဆန်မြို့နယ်ရှိ အုန်းမစွမ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ရော့ကဒ်ဒုံး ၁၀ လုံးကြဲချခဲ့လို့ ၁၆ နှစ်အရွယ် မိန်းကလေးတစ်ယောက် သေဆုံးပြီး ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေသူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု၊ နတ္တလင်းကျေးရွာမှာ နေထိုင်တဲ့ ခင်စိုး ဆိုသူဟာ စစ်ကောင်စီအတွက် ပေါ်တာဆွဲပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

အောင်လံတွင် နိုင်ငံခြားအလုပ်ကိုင်ရှာဖွေရေး အေ့ဂျင့်အမျိုးသမီးတစ်ဦး အသတ်ခံရ

မကွေးတိုင်း ၊ အောင်လံမြို့နယ်မှာ နိုင်ငံခြားအလုပ်အကိုင်ရှာဖွေရေး အေးဂျင့်အမျိုးသမီးတစ်ယောက် အသတ်ခံရတယ်လို့  အောင်လံမြို့ ဒေသတွင်းစစ်ရေးသတင်းတွေကို ဖော်ပြနေတဲ့ အောင်လံလူထု အဖွဲ့ဆီက သိရပါတယ်။
Read More

ဆက်သွယ်ရေး ဥပဒေနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံထားရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော် ပြန်လည် လွတ်မြောက်…

အကြမ်းဖက်စစ်ကောင်စီက အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ဟာ ဇန်နဝါရီ ၄ ရက် ဒီနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သူမနဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းဆီက သိရပါတယ်။
Read More

ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်ရှိ မော်ချီးဒေသကို အကြမ်းဖက်စစ်အုပ်စုက ဩဂုတ်လ ၁၇ ရက် မနေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၂၅ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးများ လာရောက်ကြဲချတိုက်ခိုက်ဟု TNLA ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံး (၃)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီမှာ စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က စစ်ကောင်စီတပ်ဂိတ်စခန်းကို မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။