ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ မုတ္တိုင်ရဲစခန်းကနေ တမံကြီးရွာဘက် ဂိတ်စခန်းကို ထွက်ခွာလာတဲ့ ရဲတွေကို တိုက်ခိုက်ရာ ဒုရဲအုပ်နဲ့ နယ်ထိန်းရဲတို့ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

မနေ့က အောက်တိုဘာလ ၁၈ ရက် မနက် ၉ နာရီဝန်းကျင်အချိန်မှာ မုတ္တိုင်ရဲစခန်းကနေ ဒုရဲအုပ် အေးမင်းထွန်းဆိုသူ ဦးဆောင်ပြီး ဆိုင်ကယ် ၃စီး၊ ရဲ ၅ယောက်နဲ့ ထွက်ခွာလာတဲ့ အုပ်စုကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“သူတို့ သွားလာနေကျလမ်းပေါ့နော်။ အဲ့ဒါနဲ့ ကြိုတင်မိုင်းဆင်ပြီးစောင့်နေတာပါ” လို့ ၃၆၀၁တပ်ရင်း စစ်ထောက်လှမ်းရေးတာဝန်ခံရဲဘော် Shadow က မောင်းကို ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ဒုရဲအုပ် အေးမင်းထွန်းနဲ့ နယ်ထိန်း အောင်ကျော်ထွန်းတို့ ၂ယောက် အပြင်းအထန် ဒဏ်ရာရရှိသွားပြီး မှန်အလုံပိတ်ကားတွေနဲ့ ပြည်ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ရဲဘော် Shadow က “အခုက စုံစမ်းရသလောက်ကတော့ ဒုရဲအုပ်က တော်တော်ပြင်းတယ် ဒဏ်ရာက။ နယ်ထိန်းလည်း ပြင်းထန်ပေမယ့် အသက်မသေနိုင်ဘူးလို့ သိရတယ်။ ဒုရဲအုပ်ကတော့ သေ၊ မသေတော့ မသိဘူးပေါ့နော် ဒါပေမယ့် တော်တော်ပြင်းထန်တယ်လို့ သတင်းရထားပါတယ်” လို့ ဆိုပါတယ်။

အဆိုပါရဲအုပ်စုဟာ တမံကြီးရွာလမ်းစုံ ညောင်ပင်အောက်မှာ ဂိတ်ချပြီး ခရီးသွားပြည်သူတွေရဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးတာတွေ၊ အဓမ္မစစ်မှုထမ်းစုဆောင်းတာတွေ၊ ပြည်သူတွေ ဝယ်လာတဲ့ စားသောက်ကုန်တွေကိုလည်း သိမ်းဆည်းကာ ငွေညှစ်တာတွေ လုပ်ဆောင်နေပြီး ငွေမပေးနိုင်တဲ့ ပြည်သူတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

တောင်သာနှင့် သပိတ်ကျင်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေ၊ အရပ်သား ထိခိုက်သေဆုံးမှုများ ရှိ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ တောင်သာမြို့နယ်တို့မှာ စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အတွက် ဗုံးခိုကျင်းတွေ အသုံးပြုကြဖို့ ဒေသတော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Read More

KNDF တပ်ရင်း ၁၅ မှ ရဲဘော်များ၏ ရှေ့တန်းစစ်ဆင်ရေးပုံရိပ်များ… (ဓာတ်ပုံသတင်း)

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အမှတ်(၁၅)တပ်ရင်းအနေနဲ့ ရှေ့တန်းစစ်ဆင်ရေးတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ KNDF အမှတ်(၁၅)တပ်ရင်းအနေနဲ့ အခြားတော်လှန်ရေးတပ်တွေနဲ့အတူ နေ့စဉ်နအမျှ အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
Read More

ငလျင်လှုပ်ချိန် စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်လို့ မင်းအောင်လှိုင် ဝန်ခံ

နေပြည်တော်မှာ ငလျင်လှုပ်ခတ်နေချိန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်တစ်ယောက် စားပွဲအောက် ဝင်ရောက်ပုန်းခိုခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

အာရှလမ်းပိုင်းအချို့မှာ အကြမ်းဖက်စစ်တပ် မြေပြင်စစ်ရေး မလှုပ်ရှားနိုင်ဘဲ မိုင်းထောင်တာနဲ့ ဒရုန်းဗုံးကြဲတာသာ လုပ်ဆောင်နေ

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှု ပြုလုပ်ရာ နေရာတွေကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်နေတာကြောင့် အကြမ်းဖက်စစ်တပ်က မိုင်းထောင်တာတွေ၊ ဒရုန်းနဲ့ဗုံးကြဲတာတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ သိရပါတယ်။
Read More

ဇီးကုန်းမှာ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို ဖမ်းဆီးရမိ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာကို ကင်းထောက်လာတဲ့ စစ်ကောင်စီရဲ့ ကင်းထောက် ပျူစောထီး ၁ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။