စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ အကြမ်းဖက်စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ကျေးရွာ ၂၀ ကျော်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ် ။

အောက်တိုဘာ ၁၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ညောင်ပင်ကြီးစခန်းကနေ ထွက်လာတဲ့ အကြမ်းဖက်စစ်ကော်မရှင်စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ မြန်မာဝမ်ပေါင်အနီး ကျေးရွာတွေထဲကို ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကြောင်းထိုးဝင်ရောက်လာတာကို မထွက်ပြေးဘဲ ရွာထဲမှာ ကျန်နေခဲ့တဲ့ ပြည်သူတွေဆီကနေ အကြမ်းဖက်စစ်သားတွေဟာ ဖုန်းတွေ လိုက်လံ သိမ်းဆည်းပြီး ရွှေ ၊ ငွေ တွေကိုလည်း ယူဆောင်သွားတယ်လို့ သိရပါတယ် ။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆားလင်းကြီးနယ်က ဒေသခံများ (ဓာတ်ပုံချင်းတွင်းမြစ်ကမ်းဘေးကျေးရွားများ သပိတ်ကော်မတီ)

” ညောင်ပင်ကြီးစခန်းမှာ ညအိပ်တာ ၊ ဒီမနက်မှ အင်အား ၁၅၀ ခန့်နဲ့ စစ်‌ကြောင်းထိုးတာ ၊ ဒေသခံတွေက ပြေးချိန်က ရတယ် ၊ အရင်ခေါက်တွေက မဝင်တော့ မပြေးကြတာ တချို့က ၊ ဖုန်းတွေသိမ်းတယ်၊ ပြန်မပေးဘူး ၊ ရွှေတွေရော ငွေတွေရော ပါသွားတာ” လို့ ဆားလင်းကြီးနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။

စစ်ကော်မရှင်တပ်သားတွေက ကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာလည်း မုံရွာ နမခ က လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ ဆားလင်းကြီးအရှေ့ခြမ်းတစ်နေရာမှာ  ဗုံးသီး ၁၀ လုံးခန့်ချကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် ဒေသခံတစ်ယောက် မစိုးရိမ်ရတဲ့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဆိုပါ စစ်ကော်မရှင်တပ်သားတွေဟာ ဒေသခံ ၂ ယောက်ကိုလည်း လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်မှာတော့ ဆည်တည်းရွာ နဲ့ လယ်တီရွာမှာ အထိုင်ချထားတယ်လို့ သိရပါတယ်။

အခုလို ဆားလင်းကြီးနယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် ဝက်မှေး၊ ကံတော၊ ရွှေလှေ၊ တုံ၊ လက်ပံတောင်း၊ ဆည်တည်း၊ လယ်တီ၊ တောကျောင်း၊ ဖောင်းကတာ၊ ပလောင်၊ ကူတို့ကုန် အစရှိတဲ့ ကျေးရွာက ဒေသခံပြည်သူများစွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆားလင်းကြီးနယ်က ဒေသခံများ (ဓာတ်ပုံချင်းတွင်းမြစ်ကမ်းဘေးကျေးရွားများ သပိတ်ကော်မတီ)
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဆားလင်းကြီးနယ်က ဒေသခံများ (ဓာတ်ပုံချင်းတွင်းမြစ်ကမ်းဘေးကျေးရွားများ သပိတ်ကော်မတီ)
0 Shares:
You May Also Like
Read More

ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က စစ်ကောင်စီ ဂိတ်စခန်းများကို တော်လှန်ရေးတပ်များ စီးနင်းမီးရှို့၊ စစ်သား ၈ ဦး သေပြီး ၁ ဦး ပျောက်ဆုံးနေ

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်က စစ်ကောင်စီရဲ့လုံခြုံရေးကင်းစခန်းတွေကို တစ်ချိန်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၈ယောက် သေပြီး ၁ယောက် ပျောက်ဆုံးနေကြောင်း Spring Warriors Column တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ကလေး ၆ယောက်ရဲ့မိခင် သေဆုံးခဲ့ရ

KNU ထိန်းချုပ်ထားတဲ့ ဖာပွန်ဒေသကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ပြည်သူတစ်ယောက် သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၂ရက် နေ့လည်ပိုင်းမှာ…
Read More

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံးလျှောက်ထားဖို့ စစ်ကောင်စီ ဖိအားပေးနေ

ရွှေရောင်းချသူတွေ လုပ်ငန်းလိုင်စင် အမြန်ဆုံး မလျှောက်ထားရင် အရေးယူမယ်လို့ စစ်ကောင်စီရဲ့ ဖိအားပေးပြောကြားမှုကို ဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြလာပါတယ်။
Read More

မြင်းမူတွင် မုံရွာ-မန္တလေးလမ်းအတိုင်းထွက်လာသည့် စစ်အုပ်စုများ RPG နှင့်ပစ်ခတ်ခံရပြီး ၁၃ ဦးသေ၊ သေနတ် ၂ လက်နှင့် ဆက်စပ်စ္စည်းအချို့ PDF ရရှိ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ ကင်းပုန်းဝပ် ပိုက်ဆံကောက်ဖို့ထွက်လာတဲ့ စစ်အုပ်စုကို အာပီဂျီနဲ့ တိုက်ခိုက်ရာ ကား ၁ စီး ပျက်စီးပြီး အကြမ်းဖက်စစ်သား ၁၃ ယောက် သေဆုံးခဲ့တယ်လို့ Black Eagle Defence Force (MMU) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

အချုပ်ခန်းဖောက်ပြေးတဲ့ ပျူစောထီး ၂ ယောက်ကို PDF ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် အေးမြသာယာမြို့မှာ အချုပ်ခန်းဖောက်ပြေးတဲ့ စစ်တပ်သတင်းပေး ပျူစောထီး ၂ယောက်ကို အသေပစ်ခတ်ရှင်းလင်းလိုက်ကြောင်း သာယာဝတီခရိုင် ၊ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ-၅ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ယင်းမာပင်ခရိုင် PDF တပ်ရင်း (၂) ရင်းကို တပ်ရင်း (၁) ရင်းတည်းအဖြစ် ပေါင်းစည်း…

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင် ခရိုင် တပ်ရင်း (၂) ရင်းကို တပ်ရင်း ၁ ရင်း တည်းအဖြစ်ပေါင်းစည်းလိုက်တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။