ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ (၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များ ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်နေတဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ဆိုးရွားနေတဲ့ မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ အောက်တိုဘာလ ၂၁ ရက်မှာ ညီလာခံရဲ့ General Debate အစီအစဉ်၊ “Safeguarding humanitarian action in times of armed conflict” ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရေးမြှင့်တင်မှုကော်မတီရဲ့ အစည်းအဝေးတို့ကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာရေးမြှင့်တင်မှုကော်မတီရဲ့ အစည်းအဝေးမှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမြတ်အေးက “ပဋိပက္ခကြောင့် နေရပ်စွန့်ခွာနေရမှုများ၊ အကြမ်းဖက်မှုများ ခံစားနေရမှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်နေမှုများ၊ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများအပါအဝင် အကြမ်းဖက်မှုများ လုပ်ဆောင်နေမှုများ၊ ယင်းအကြမ်းဖက်လုပ်ရပ်များကြောင့် ဆေးရုံ၊ စာသင်ကျောင်းများနှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးနေမှုများ၊ အကြမ်းဖက်စစ်တပ်က လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပိတ်ဆို့နေမှုများ” ကို ရှင်းလင်းတင်ပြခဲ့ပြီး အကြမ်းဖက်စစ်တပ်ရဲ့ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှု စည်းမျဉ်းတွေ ချိုးဖောက်နေမှုတွေကို ထောက်ပြခဲ့တယ်လို့ သိရပါတယ်။

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဘရာဇီး၊ ဘယ်လ်ဂျီယံ၊ ပိုလန်၊ ဖိလစ်ပိုင်နိုင်ငံတို့က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၂၂ ရက် ဒီနေ့မှာ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ ဒုတိယခေါင်းဆောင် ဒေါ်ဇင်မာအောင်က ညီလာခံရဲ့ General Debate အစီအစဉ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပြီး https://www.youtube.com/live/FZfvTNAdqSY?si=LH0rYFaBC6fTl_71 ကနေ တိုက်ရိုက်ကြည့်ရှုနိုင်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အပစ်အခတ်ရပ်စဲရေးတွေ ပျက်ပြားလို့ စိတ်ပျက်တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးပြော၊ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် (၅) ချက်ရဲ့ ဂုဏ်သိက္ခာကို အဖတ်ဆယ်ရမယ်လို့ ဆို

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ပေးနေရင်း ဘုံသဘောတူညီချက် (၅) ရပ်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် အသက်သွင်းနိုင်ဖို့ ကြိုးပမ်းသွားရမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် စက်တင်ဘာလ ၂၇ ရက်မှာ ပြောပါတယ်။
Read More

ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ခဲ့သူ ရှီကျီကျန်းကို ထိုင်းအစိုးရ တရုတ်ထံ ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ရွှေကုက္ကိုလ် ကျားဖြန့်မြို့တော် စတင်ရာ ငွေလိမ်ဂိုဏ်းခေါင်းဆောင် ရှီကျီကျန်းကို ထိုင်းအစိုးရက ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်မှာ တရုတ်အစိုးရထံ လွှဲပြောင်းပို့ဆောင်ပေးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။
Read More

တရုတ်နိုင်ငံသား ၃,၉၀၀ အပါအဝင် မြန်မာကို လူကုန်ကူးခံရသူ ၆ ထောင်ကျော်ထိ ရှိ၊ စောချစ်သူ ဦးဆောင်တဲ့ BGF/DKBA က အဆိုပါလူကုန်ကူးမှုများကို ကူညီပေးနေ

နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော်ဟာ မြန်မာပြည်ကို လူကုန်ကူးခံထားရကြောင်း လူကုန်ကူးမှုစောင့်ကြည့်ကူညီရေးအဖွဲ့တွေက ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
Read More

ငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှု ပိုဆိုးလာသည်ဟု ကမ္ဘာ့ဘဏ် ပြော

မတ်လနှောင်းပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ အားပြင်းငလျင်ကြောင့် မြန်မာ့စီးပွားရေးကျဆင်းမှုဟာ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ပိုဆိုးလာဖွယ်ရှိတယ်လို့ ကမ္ဘာ့ဘဏ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
Read More

စစ်အုပ်စုရွေးကောက်ပွဲ တရားမမျှတနိုင်၊ ဥရောပသမဂ္ဂအနေနဲ့ အသိအမှတ်မပြုဘူးလို့ EU လူ့အခွင့်အရေးကိုယ်စားလှယ် ပြော

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ မြန်မာစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲကို ဥရောပသမဂ္ဂ (EU) အနေနဲ့ အသိအမှတ်ပြုမှာ မဟုတ်ကြောင်း EU လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollongren က ပြောပါတယ်။