မကွေးတိုင်း၊ ထီးလင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ပဋိပက္ခကာလအတွင်း အမျိုးသမီးနဲ့ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေး(WCP) သင်တန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလတွေမှာ ပြုလုပ်ခဲ့ပြီး ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေအတွက် အသိပညာများစွာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ပါတယ်။

‘’မိမိကလေးတွေအတွက်ရော၊ ပတ်ဝန်းကျင်က ကလေးတွေအတွက် မွေးရာပါရရှိမယ့် ကလေးသူငယ်အခွင့်အရေးစာချုပ်မှာ ပါရှိတဲ့ အချက်တွေကို ပိုသိလာပြီး ပဋိပက္ခကာလအတွင်း ကလေးတွေကို စစ်မှုထမ်းစေခိုင်းခြင်းကနေ ကာကွယ်ပေးရမယ့်အချက်တွေကို ပိုမိုနားလည်လာပါတယ် ‘’ လို့ သင်တန်းတက်ရောက်ခဲ့တဲ့ သင်တန်းသားတစ်ယောက် မှတ်ချက်ပြုပြောကြားခဲ့ကြောင်း NUG ဝန်ကြီးဌာနက ဆိုပါတယ်။

သင်တန်းမှာတော့ လက်နက်ကိုင်ပဋိပက္ခအတွင်း က ကလေးသူငယ်တွေ အခြေအနေ (Children in Armed Conflict)၊ ကလေးအခွင့်အရေး (Child Rights)၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု (Child Protection)၊ ဂျန်ဒါအခြေပြုအကြမ်းဖက်မှုတွေ (Gender Based Violence) စတာတွေကို ဆွေးနွေးသင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

သင်တန်းတက်ရောက်လာတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ယောက်က ‘’ကိုယ်တိုင်ရဲဘော်တစ်ယောက်ဖြစ်သလို ကလေးသူငယ်အခွင့်အရေးနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု အခြေအနေတွေကို အခုသင်တန်းမှာပိုမိုနားလည်လာတဲ့အတွက် မိမိတို့တပ်ရင်းတပ်ဖွဲ့ တွေအနေနဲ့ COC ကျင့်ဝတ်စည်းကမ်းတွေကို ပိုမို လိုက်နာပြီး အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေ မရှိအောင် ပိုမိုကာကွယ်စောင့်ရှောက်သွားမှာဖြစ်တယ် ’’လို့ ပြောကြားကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကလေးသူငယ်တွေ အပေါ် ချိုးဖောက်တဲ့ ကြီးလေးတဲ့ ချိုးဖောက်မှု (၆) ရပ်ဖြစ်တဲ့ သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါပျက်စီးစေခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်း၊ တပ်သားစုဆောင်းခြင်းစတဲ့ အချက်တွေနဲ့ ပဋိပက္ခအခြေအနေမှာ ဖြစ်ပေါ်လာတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (CRSV – Conflict Related Sexual Violence) တွေနဲ့ အဆိုပါအချက်တွေနဲ့စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ အကြောင်းကိုလည်း သင်တန်းမှာ ဆွေးနွေး ပို့ချခဲ့တယ်လို့ သိရပါတယ်။

သင်တန်းကိုတော့ လူ့အခွင့်အရေးဆိုင်ရာတာဝန်ခံ အမျိုးသမီး တစ်ယောက်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကျေးရွာ ပအဖ ကလည်း ကူညီဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အခုလိုသင်တန်းတွေ ပို့ချနိုင်ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ရေးရာတာဝန်ခံတွေကို ၂၀၂၄ ခုနှစ်မှာ တစ်ကြိမ်၊ ၂၀၂၅ခုနှစ်မှာ တစ်ကြိမ် နည်းပြသင်တန်းတွေ ပို့ချခဲ့ပြီး အခုလိုနောက်ဆက်တွဲ ဆင့်ပွားသင်တန်းတွေကို ပြုလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ

စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ  ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။
Read More

စရဖတွေနဲ့ပေါင်းကာ ပြည်သူကိုနှိပ်စက်နေသူတွေ အရက်ဆိုင်မှာ ရှင်းလင်းခံရလို့ ၂ ယောက်သေပြီး ၁ ယောက်ဒဏ်ရာနဲ့ထွက်ပြေး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက် စရဖတွေနဲ့ ပေါင်းပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ၂ ယောက်သေဆုံးကြောင်း 21 Bagan-People Defense Force ထံက သိရပါတယ်။
Read More

နမ္မတူမြို့နယ် မန်လီဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၊ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတော်များ ရွာထဲနေအိမ်များတွင် ခေတ္တသွားရောက် သီတင်းသုံးနေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်ရှိ မန်လီကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မန်လီကျောင်းထိုင်ဆရာတော်ထံက သိရပါတယ်။
Read More

ဆက်ကြေးကောက်ရန် ထွက်လာသည့် တောပုရွာ ပျူစောထီးများ မိုင်းဆွဲခံရ၊ ၁ ဦး သေပြီး ၆ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ထွက်လာချိန် တော်လှန်ရေးတပ်ဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း Chindwin Fighter Group – CFG တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပြည်မြို့တွင် ပေါ်တာဆွဲခံခဲ့ရသည့် အဝေးသင်ကျောင်းသား ရွှေတောင်ပကဖထံ ထွက်ပြေးခိုလှုံ၊ ပကဖနှင့်အတူ အကြမ်းဖက်စစ်တပ်ကို ပြန်တိုက်မည်ဟု ဆို

ပဲခူးတိုင်း၊ ပြည်မြို့မှာ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်းစုဆောင်းခံခဲ့ရတဲ့ အဝေးသင်တက္ကသိုလ်ကျောင်းသား ၁ယောက် အကြမ်းဖက်စစ်တပ်လက်ကနေ ထွက်ပြေးလွတ်မြောက်လာပြီး ပကဖထံ အလင်းဝင်ခိုလှုံလာကြောင်း ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မောင်းကိုပြောပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။