စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ချိုရွာကို စစ်ကော်မရှင်တပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်သား ၁ ယောက်အပါအဝင် ၅ ယောက် သေဆုံးသွားတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။

အောက်တိုဘာ ၁၇ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်လောက်မှာ သစ်ချိုကုန်းရွာထိပ်က စာသင်ကျောင်းဘေး နဲ့ ရွာထဲကို ပေါင် ၅၀၀ ဗုံးသီး ၂ လုံး နဲ့ လာရောက်ကြဲချသွားတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ သစ်ချိုရွာစာသင်ကျောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ အထိုင်ချထားတယ်ဆိုတဲ့သတင်းရရှိတာကြောင့် အခုလိုလေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သစ်ချိုစာသင်ကျောင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်လို့ သတင်းရပြီး ကြဲတာ၊ ကာကွယ်ရေးတပ်ဖွဲ့တွေ စခန်းချထားတဲ့ နေရာတော့မဟုတ်ဘူး၊ အဝင်အထွက်တော့ရှိကြတာပေါ့၊ အဲလောက်ပါပဲ” လို့ အရာတော်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းဘေးမှာ ရှိနေတဲ့ ကာကွယ်ရေးတပ်သားတစ်ယောက် ၊ KG ကလေးတစ်ယောက် ၊ Grade – 6 ကျောင်းသားတစ်ယောက် ၊ ဒေသခံ ၂ ယောက်တို့ ထိမှန်သေဆုံးသွားပြီး ဒဏ်ရာရရှိသူတွေ မရှိဘူးလို့ သိရပါတယ်။

“သေဆုံးတာက ရဲဘော်တစ်ဦးရယ် ၊ ပြည်သူ ၂ ဦးရယ် ၊ ကျောင်းသား Kg တန်း ကလေးတစ်ဦးရယ် ၊ G -6 ကလေးတစ်ယောက်ရယ်ပါ၊ စာသင်ကျောင်းကဖွင့်နေတာမဟုတ်ဘူး၊ အဲ့နားတွေထဲမှာနေတဲ့ ကျောင်းသာတွေထိတာ” လို့ အဆိုပါနယ်ခံက ဆက်ပြောပါတယ်။

စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပျက်ဆီးသွားပြီး ကျောင်းအုတ်တံတိုင်းတွေလည်းထိမှန်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

သစ်ချိုရွာဟာ အခုလိုလေကြောင်းကြဲခံရတာ ပထမ အကြိမ်ဖြစ်ပြီး လက်ရှိမှာတော့ ဒေသခံတွေ ရှောင်တိမ်းတာမျိုးတော့ မရှိဘူးလို့ သိရပါတယ်။

သစ်ချိုရွာကို စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့စဥ် (ဓာတ်ပုံ ကွီးဂဏန်း)

0 Shares:
You May Also Like
Read More

ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်‌ကောင်စီကိုစွန့်ခွာပြီး အလင်းဝင်လာတဲ့ စစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၅၁ ဦး ရှိ၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း ၅၈ ဦး ဖမ်းမိ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီ ကိုစွန့်ခွာကာ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သား၊ရဲ၊ ပြည်သူ့စစ် ၅၁ ဦးအထိရှိခဲ့ပြီး လက်နက်ချ၊ စစ်သုံ့ပန်း ၅၈ ဦးရှိခဲ့တယ်လို့ ပြည်သူ့ ပန်းတိုင်ထံက သိရပါတယ်။
Read More

ညောင်ဦးမှာ အကြမ်းဖက်စစ်တပ်က ရာနဲ့ချီတဲ့ လူတွေကို ဖမ်းပြီး စစ်မြေပြင်ဆီ အတင်းအကျပ်ပို့ဆောင်နေ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က အရပ်သားလူငယ်တွေကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်ရင်း မြို့ပေါ်မှာ ရမ်းကားနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
Read More

ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသူတွေ တွေ့ဆုံပွဲကို NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်ခဲ့

အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့လယ်စာကြည့်တိုက်(Allen Country Public Library) မှာ ဒေါက်တာမီမီဝင်းဘတ်နဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူတွေ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဂန့်ဂေါမြို့နယ်ကနေ ပုလဲမြို့နယ်အတွင်း ခိုလှုံနေတဲ့ အမြဲစစ်ရှောင်တွေကို ပုလဲ ပအဖ သွားရောက်ထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်က ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံနဲ့အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်တွေ၊ ပညာရေးဘုတ်အဖွဲ့ဝင်တွေ၊ မြို့နယ် ပလဖအဖွဲ့တွေ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနဲ့အဖွဲ့ဝင်တွေ၊ ကျောတိုက်နယ် အပဖ၊ ပကဖ တွေက ဂန်ဂေါမြို့နယ်၊ ကျောမြို့အနီးရှိ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဆီ သွားရောက်ကူညီထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
Read More

မောင်တောမှာ ခရီးသည်တင်ကားကို ARSA ခြုံခိုပစ်ခတ်ရာ အမျိုးသမီး ၁ ယောက် သေဆုံးကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စျေးဝယ်သွားတဲ့ အရပ်ဖက် ခရီးသည်တင်ကားတစ်စီးကို စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည် (၁၆) ယောက်ထဲက ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

KIA ထိန်းချုပ်နယ်မြေများတွင် စစ်တပ်လေကြောင်း တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း အရပ်သား ၁၄ ဦးသေဆုံး၊ ၂၁ ဦး ဒဏ်ရာရ

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေတွေက အရပ်သားတွေနေထိုင်ရာ ကျေးရွာတွေကို တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေရာ တစ်ပတ်အတွင်း အရပ်သား ပြည်သူ ၁၄ ယောက် သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။