ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ အင်ကြင်းမြိုင်ရွာမှာရှိတဲ့ သဲစက်ကို စိတ်မချလို့ သွားရောက်ကြည့်တဲ့ ပိုင်ရှင်ဖြစ်သူနဲ့ အလုပ်သမားဖြစ်သူ ၂ ယောက်ကို စစ်ကော်မရှင်တပ်က စနိုက်ဘာနဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ သဲစက်ပိုင်ရှင်ဟာ စစ်ပွဲတွေကြောင့် ထိုင်းဘက်မှာ လာရောက်တိမ်းရှောင်နေသူဖြစ်ပြီး သူ့ရဲ့သဲတွေကို လူတစ်စု ကျုံးနေတယ်လို့ သတင်းကြားသိရတာကြောင့် သဲစက်ပိုင်ရှင်ဟာ ထိုင်းဘက်ကနေ ပြန်ဆင်းလာပြီး အောက်တိုဘာ ၁၆ ရက်မှာ အလုပ်သမားဖြစ်သူနဲ့ အင်ကြင်းမြိုင်ကျေးရွာဘက်ကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။

” ၁၆ ရက် ညနေက သဲစက်ကို စိတ်မချဖြစ်ပီး သွားတာ ၊သူများတွေ ကျုံးနေလို့ဆိုလို့၊ သူ့သဲစက်က အင်ကြင်းမြိုင်အကျော်လေးမှာရှိတာ ၊ ထိုင်းဘက်ကနေတာ သူ့သဲစက်ရှိတဲ့ ဒီဘက်ကမ်းကို ကူးလာတာ” လို့ မြဝတီနယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ် ။

အခုလို သဲစက်ရှိရာကိုသွားရာလမ်းမှာ စစ်ကော်မရှင်တပ် နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်တာကြောင့် အင်ကြင်းမြိုင်ဂိတ်ကို ဖြတ်သန်းသွားလာခွင့် ပိတ်ထားတာကို အတင်းဝင်ရောက်သွားတဲ့အတွက် အကြမ်းဖက်စစ်ကော်မရှင်တပ်က ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဆိုပါ မြို့ခံက ဆက်ပြောပါတယ်။

“လမ်းက ပိတ်ထားတာ အင်ကြင်းမြိုင်ဂိတ်ကနေစပီးတော့ မဝင်ခိုင်းဘူး၊ သူတို့က ဇွတ်သွားတာ၊ ဟိုက ပစ်လိုက်တာ၊ လက်နက်သံတွေတိတ်လို့ ဒီဘက်က သဲစက်ကို လာချိန်မှာ အပစ်ခံရလို့ ရေထဲပြန်ဆင်းပီး ဟိုဘက်ကမ်းကို အကူး ရေငုတ်သွားတာ သူ့အလုပ်သမားက သူ့သူဌေးထိတော့ အဲ့မှာ အဲ့ကောင်လေးကလဲ ခေါင်းပေါ်နေတော့ ခေါင်းကို ဖောက်ဝင်သွားတာ ” လို့ ဆိုပါတယ်။

စနိုက်ဘာပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့ သူတို့ ၂ ယောက်ကိုတော့ အောက်တိုဘာ ၁၉ ရက်မှာ သဂြိုဟ်ဖို့ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း လေးကေ့ကော်ဘက်ခြမ်းမှာ စစ်ကော်မရှင်တပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ မင်းလက်ပံဘက်မှာ ထပ်မံထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေတာ ၁ ပတ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင်(၂၅၀) ဗုံး ၂ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅၀) ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ခမ်းတိုက်ပွဲတစ်ခုအတွင်း ပြန်ဆုံတဲ့ ဆန့်ကျင်ဘက် ယူနီဖောင်းဝတ် ညီအစ်ကိုအရင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် ၊ တောင်ခမ်းဒေသမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာ ဖေဖော်ဝါရီ ၄ ရက် ဒီနေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF/DPLA) က သတင်းဖော်ပြထားပါတယ်။
Read More

မုံရွာ အမှတ် (၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်လာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီရဲ့ အမှတ်(၂)ရဲစခန်းက ဒုရဲအုပ် ၁ ယောက် လက်နက်ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်အမှတ်(၂၅)တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စနိုက်ပါ စစ်သားနှင့် ပျူစောထီး၏သား အချင်းချင်း ဆိုင်ကယ်တိုက်မိပြီး စနိုက်ပါသမား သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်မှာ အရပ်သား ၁ယောက်ကို စနိုက်ပါနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ဖူးတဲ့ ခလရ ၅၀ တပ်က စနိုက်ပါ ကြည်ဝင်းဆိုသူ ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး နေရာတင် သေဆုံးသွားကြောင်း သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်က သီပေါမြို့နယ်ထဲက ကျေးရွာကို လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် (၃) လုံး ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံးဗုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၁) ယောက် ထိခိုက်ဒဏ် ရာရရှိခဲ့ပြီး နေအိမ် (၃)လုံး ပျက်စီးသွားခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပခုက္ကူတွင် ရိက္ခာယူပြီးပြန်လာသည့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ရဲ ၁ ဦး၊ စစ်သား ၃ ဦး သေဆုံး 

မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဥ်ကွင်းကနေ ရိက္ခာယူပြီးပြန်လာတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ အပြန်အလှန် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေါင်းညီနောင် PKU တာဝန်ခံဆီက သိရပါတယ်။